နောက်ဆုံးရ အာဆင်နယ် သတင်းများ (12May)

မာဗရိုပါနို့စ်ကို  သဘောကျနေတဲ့ မိုရက်စ်

Bild သတင်းစာရဲ့ဖော်ပြချက်အရ  စတုဂတ်အသင်းမှာအငှားသွားကစားနေတဲ့ ဂရိသား မာဗရိုပါနို့စ်ကို  ဒေးဗစ်မိုရက်စ်ကသဘောကျနေပြီး လာမယ့်နှစ်မှာ  ဝက်စ်ဟမ်းကိုခေါ်ယူချင်နေတယ်လို့ သိရပါတယ်။ အသက် ၂၄ နှစ်အရွယ် နောက်ခံလူဟာ ဂျာမနီမြေမှာ  ယခုရာသီအတွက် ၃၁ ပွဲကစားထားပြီး ကောင်းမွန်တဲ့ခြေစွမ်းကို ပြသထားနိုင်ခဲ့တာကြောင့် အသင်းတွေက ခေါ်ယူလိုနေကြတာဖြစ်ပါတယ်။

မြောက်လန်ဒန်ဒါဘီပွဲအတွက်  ဟယ်ရီကိန်းကို မေ့ထားတယ်ဆိုတဲ့ ကီအွန်

အာဆင်နယ်ဂန္တဝင် မာတင်ကီအွန်က  သူ့အနေနဲ့ ဟယ်ရီကိန်းကို အလွန်သဘောကျသူဖြစ်ပေမယ့်  ၊  မြောက်လန်ဒန်ဒါဘီပွဲအတွက်  အကောင်းဆုံး ၁၁ ယောက်စာရင်းမှာ သူ့ကိုချန်ထားမှာဖြစ်ကြောင်း Daily Mail သတင်းစာအတွက်ရေးသားတဲ့ဆောင်းပါးမှာဖော်ပြလာခဲ့ပါတယ်။

“  နှစ်ဖက်အသင်းကစားသမားတွေကိုပေါင်းပြီးအကောင်းဆုံး ၁၁ ယောက်ကို ရွေးရတဲ့အခါ ဟယ်ရီကိန်းက တန်းပြီးခေါ်င်းထဲရောက်လာတာပါပဲ။ ဒါပေမယ့် ကျွန်တော်က အာဆင်နယ်အကြောင်းပဲ ပိုတွေးဖြစ်မှာပါ  .. ပွဲလဲ အရမ်းနီးနေပြီဗျာ  .. ဒီတော့  ဆွန်ဖြစ်ဖြစ်  ကိန်းဖြစ်ဖြစ်ဘယ်သူကိုမှ ရွေးမှာမဟုတ်ပါဘူး  .. ကျွန်တော်တို့ဖက်မှာလဲ သိပ်ကောင်းနေတဲ့  အန်ကတ်တီးယားရှိနေတာပဲမဟုတ်လား  .. နောက်ဆုံး ၄ ပွဲမှာ သူကစားသွားတာကို ပြန်တွေးကြည့်ရင်သိနိုင်ပါတယ် “  ဆိုပြီး မှတ်ချက်ပြုလာခဲ့ပါတယ်။ ဒါ့အပြင်ပွဲရလဒ်ကိုလည်း ၂-၁ နဲ့ အာဆင်နယ်အနိုင် အဖြစ်ခန့်မှန်းလာခဲ့ပါတယ်။

UEFA  ရဲ့ အစီအစဥ်တွေကြောင့်  ရာသီကြိုပွဲစဥ်တွေ အပြောင်းအလဲရှိနိုင်

အတည်မပြုနိုင်သေးတဲ့ UEFA ရဲ့ အစီအစဥ်များကြောင့် အာဆင်နယ် ၊ စပါးနဲ့ ချဲလ်ဆီးအသင်းတွေရဲ့ ရာသီကြိုအစီအစဥ်တွေဟာလည်း   စီစဥ်ထားတဲ့အတိုင်း ဖြစ် ၊ မဖြစ်စောင့်ကြည့်ရဖွယ်ရှိနေကြောင်း The Associate Press က ဖော်ပြလာပါတယ်။  လက်ရှိအခြေအနေအရ UEFA ဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရအသင်းများကို  Mini Tournament တစ်ခုအဖြစ်ရာသီအကြိုကစားစေလိုနေကြောင်း အဆိုပါသတင်းကဆိုပါတယ်။ ဒါဟာ ထပ်တိုးအစီအစဥ်တစ်ခုဖြစ်ပြီး ရာသီကြိုခြေစမ်းပွဲတွေ စီစဥ်ထားပြီးသားဖြစ်တဲ့  အာဆင်နယ်အပါအဝင် အသင်းတွေအတွက်  Schedule ပြန်ဆွဲရဖွယ်လဲရှိနေပါတယ်။

မာတင်နယ်လီရဲ့ အကြိုက်ဆုံးကစားသမား

အာဆင်နယ်လူငယ်ကစားသမားလေး မာတင်နယ်လီ က သူ့ကို အလွှမ်းမိုးနိုင်ဆုံးကစားသမားအဖြစ် ခရစ္စတီယာနို ရိုနယ်ဒိုကို ညွန်းဆိုခဲ့ပြီး အခုလိုပဲ ချီးကျူးပြောဆိုခဲ့ပါတယ်။

“ ဘာကိုနှစ်သက်လဲဆိုရင်တော့ သူ့ရဲ့ အရာအားလုံးပါပဲ .. စိတ်နေစိတ်ထား ၊ ကြိုးစားအားထုတ်မှု ၊ နိုင်လိုစိတ် ၊ စတာတွေအကုန်လုံးက ထိပ်တန်းပါပဲ  .. ထိပ်ဆုံးမှာ ၁၀ နှစ် ၁၅ နှစ်နေဖို့ဆိုတာ လုံးဝမလွယ်ပါဘူး “ ဆိုပြီး Premier League Productions နဲ့တွေ့ဆုံရာမှာ ပြောပြလာတာဖြစ်ပါတယ်။

တမ်မီအေဘရာဟမ်က အာဆင်နယ်လိုအပ်နေတဲ့သူဖြစ်ကြောင်း ဂန္တဝင်ပြောဆိုလာ

ချဲလ်ဆီးဂန္တဝင်ပီတစ်က  အာဆင်နယ်အသင်းကို တိုက်စစ်မှုးသစ် ၂ ယောက်ထပ်ရောက်လာဖို့ မျှော်လင့်နေပြီး  ၊ သူ့ရဲ့စိတ်ကြိုက်ဖြစ်တဲ့   တမ်မီအေဘရာဟမ်ကိုလဲ ချီးကျူးသွားခဲ့ပါတယ်။

“ တမ်မီကို ကျွန်တော် တကယ်ကြိုက်တာပါ ..  သူက ရိုးမားနဲ့ပဲရှိသေးတာတော့မှန်ပါတယ် .. သူက အရပ်ရှည်တယ် .. သန်မာတယ်  .. မြန်တယ်  .. ထပ်ပြီးလဲတိုးတက်လာဥိးမယ့်သူဖြစ်တယ် .. သူကစားနေတဲ့ပုံစံတွေအကုန်လုံးက အာဆင်နယ်လိုအပ်နေတဲ့ ကစားသမားဆိုတာ ကို တိတိကျကျဖော်ပြနေတာပါ “ လို့ Genting Casion နဲ့တွေ့ဆုံစဥ်မှာ ပြောဆိုလာတာပါ။

Advertisement

Leave a Reply

%d bloggers like this: