လက်ကျန်ပွဲစဉ်တွေမှာ ပါတေးကို ပြန်မြင်ရနိုင်မလား

Football London  ရဲ့အဆိုအရ သောမတ်စ် ပါတေးဟာ ဒဏ်ရာမှ တဖြည်းဖြည်း ပြန်လည်သက်သာလာပြီး သီးသန့်လေ့ကျင့်ခန်း ဆင်းနေတယ်လို့ သိတယ်။ ဂါနာလက်ရွေးစင်ကစားသမားဟာ ဧပြီလမှာ ခရစ္စတယ်ပဲလေ့စ်ကို ၃-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်ကတည်းက   ပေါင်ဒဏ်ရာကြောင့် အနားယူနေခဲ့ရတာ ဖြစ်ပါတယ်။ အာတီတာက ပါတေးရဲ့ ဒဏ်ရာအခြေအနေဟာ တိုးတက်မှုရှိ‌နေတယ်လို့ ဆိုလာခဲ့ပါတယ်။ 

 သူဟာ  လာမယ့်ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ အသင်းရဲ့ပထမလူစာရင်းထဲ ပြန်လည်ပါ၀င်နိုင်ဖို့အတွက် တစ်ဦးတည်း သီးသန့်လေ့ကျင့်ခန်းဆင်းနေတာ ဖြစ်ပါတယ်။  မေလ (၂၂)ရက်နေ့မှာ အဲဗာတန်နဲ့ ကစားရမယ့် ရာသီနောက်ဆုံးပိတ်ပွဲစဉ်အတွက် ပါတေး ပြန်လာနိုင်မယ်လို့ မျှော်လင့်နိုင်တဲ့ အနေအထားပါ။ အဲဗာတန်နဲ့ ယှဉ်ပြိုင်ရမယ့် ရာသီအပိတ်ပွဲစဉ်ဟာ အဲဗာတန်အတွက် တန်းဆင်းရမလား၊ မဆင်းရဘူးလားကို အဆုံးအဖြတ်ပေးမယ့် ပွဲစဉ် ဖြစ်လာနိုင်သလို အာဆင်နယ်အတွက်လည်း ချန်ပီယံလိဂ်၀င်ခွင့်ကို အဆုံးအဖြတ်ပေးမယ့် ပွဲစဉ်ဖြစ်လာနိုင်ပါတယ်။ 

အာဆင်နယ်ဆေးအဖွဲ့ကတော့ ပါတေးနဲ့ပတ်သက်ပြီး အလျင်မလိုဖို့နဲ့ ကစားသမားရဲ့ ဒဏ်ရာအခြေအနေက ရှုပ်ထွေးတယ်လို့ ဆိုပါတယ်။ 

အာတီတာက အသင်းအတွက ပါတေးရဲ့ အရေးပါမှုနဲ့ ပတ်သက်ပြီး ခုလို ပြောပြခဲ့ဖူးပါဝာယ်။ 

ငြင်းလို့မရတဲ့ အချက်အလက်တွေရှိပါတယ်။ ပါတေး အသင်းမှာ ပါ၀င်နိုင်တဲ့အချိန်တွေမှာ အသင်းရဲ့ အနိုင်ရနှုန်းဟာ ပိုပြီး မြင့်မားနေပါတယ်။ ဒါဟာ ကျွန်တော်တို့အတွက် မကောင်းပါဘူး။ ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့ နှစ်ရာသီလုံးမှာ ပါတေးဟာ ကျွန်တော်တို့ လိုချင်သလောက် ပွဲထွက် မကစားနိုင်ခဲ့ပါဘူး။” 

အချက်အလက်တွေ ရှိနေတဲ့အတွက် ဒါဟာ မေးခွန်းထုတ်စရာမလိုပါဘူး။အမှန်ပါပဲ။” 

သောမတ်စ်ဟာ ဒဏ်ရာရနေတဲ့အခါကျရင် ဒဏ်ရာ အမြန်ဆုံးပြန်သက်သာပြီး အသင်းကို ကူညီပေးဖို့အတွက် အပြင်းအထန်ကြိုးစားလေ့ရှိပါတယ်။ တစ်ခါတစ်လေဒါ့ကြောင့်ပဲ ပြန်ဒဏ်ရာရလေ့ရှိပါတယ်။” 

အာတီတာကတော့ သူ့ရဲ့ကစားသမားကို အရဲစွန့်အသုံးပြုနိုင်ချေမရှိပါဘူး။ဒါကြောင့် စပါး၊နယူးကာဆယ်တို့နဲ့ယှဉ်ပြိုင်ရမယ့် ပွဲစဉ်တွေမှာ ရှာကာ ၊အယ်လ်နီနီဆိုတဲ့ ကွင်းလယ်အတွဲအဖက်ကိုပဲ ဆက်လက်မြင်တွေ့ရဖို့ ရှိပါတယ်။ ရှာကာနဲ့ အယ်လ်နီနီတွဲဖက်ကစားထားခဲ့တဲ့ ပရီးမီးယားလိဂ် နောက်ဆုံးလေးပွဲဆက်တိုက် အနိုင်ရထားတာကြောင့် ပါတေးမပါ၀င်နိုင်သေးပေမယ့် အသင်းရဲ့ကွင်းလယ်ဟာ စိတ်ချရတဲ့ အနေအထားမှာ ရှိနေပါသေးတယ်။ 

တကယ်လို့ ဒီကြားထဲမှာ ပါတေးရဲ့ ဒဏ်ရာအခြေအနေက တိုးတက်မှုတွေရှိနေတယ်၊အဲဗာတန်နဲ့ပွဲစဉ်ကလည်း အသင်းအတွက် အသက်တမျှအရေးပါတဲ့ ပွဲစဉ်ဖြစ်လာမယ်ဆိုရင်တော့ အာတီတာဟာ ဂါနာသားကြီးကို ပြန်လည်ပွဲထုတ်လာနိုင်ချေရှိပါတယ်။

Advertisement

Leave a Reply

%d bloggers like this: