နောက်ဆုံးရ အာဆင်နယ် သတင်းများ (11May)

စတာလင်အတွက် စပါးက လက်ဦးမှုယူဖို့ရှိနေကြောင်း  သတင်းထောက်ပြောကြား

CBS Sports ရဲ့ သတင်းထောက် ဘင်ဂျက်ကော့ဘ်က အာဆင်နယ်အသင်း ခေါ်ယူဖို့ကြိုးစားနေတဲ့  စတာလင်ဟာ  မြို့ခံပြိုင်ဖက် စပါးအသင်းကို  ပြောင်းရွေ့ဖို့ ပိုပြီးစိတ်ပါနေကြောင်း  Gunner Talk Youtube Channel နဲ့တွေ့ဆုံစဥ်မှာပြောကြားလာခဲ့ပါတယ်။

“  စပါးအသင်းက  စတာလင်အတွက်  ကတိကဝတ်အချို့ပြုထားပြီးပါပြီ။  ကျွန်တော်ရထားသလောက်သတင်းတွေအရ  သူလဲ မန်စီးတီးကိုကနေ ပြောင်းမှာပါ။ အာဆင်နယ်အနေနဲ့ တကယ်ခေါ်ယူချင်ရင်တော့ အာတီတာနဲ့ အီဒူးတို့ သွက်သွက်လေး အလုပ်လုပ်ဖို့လိုနေပါတယ် “  ဆိုပြီးပြောကြားလာခဲ့တာဖြစ်ပါတယ်။

ပေါ်တိုတောင်ပံလူ ပီပီ အတွက်  အာဆင်နယ် ဆွေးနွေးဖို့ပြင်ဆင်

အာဆင်နယ်အသင်းဟာ ပေါ်တိုတောင်ပံကစားသမား ပီပီကို ခေါ်ယူဖို့အတွက် ရာသီကုန်မှာကြိုးစားလာမှာဖြစ်ကြောင်း ပေါ်တူဂီသတင်းဌာန A Bola နဲ့ Evening Standard တို့က ဖော်ပြလာကြပါတယ်။ အဆိုပါ တောင်ပံကစားသမားဟာ ယခုရာသီမှာ ပွဲပေါင်း ၄၀ ကစားပြီး  ၆ ဂိုးသွင်း ၅ ကြိမ်ဖန်တီးပေးထားနိုင်သူဖြစ်ပါတယ်။  ခရစ္စတယ်ပဲလေ့စ်အသင်းကလည်း  အဆိုပါတောင်ပံကစားသမားကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

အာရွန်ဟစ်ကီအတွက် ယနေ့ စကားပြောကြမယ်လို့သိရ

Corriere dello Sports ရဲ့ဖော်ပြချက်အရ  အာဆင်နယ်တာဝန်ရှိသူတွေဟာ  ဘိုလော့နာနောက်ခံလူ အာရွန်ဟစ်ကီအတွက်  အီတလီဖက်ကတာဝန်ရှိသူတွေနဲ့ ယနေ့  (မေ ၁၁ရက်) မှာတွေ့ဆုံကြမယ်လို့ သိရပါတယ်။  ဟစ်ကီအတွက် ပြီးခဲ့တဲ့  ၂ ပတ်လောက်တောက်လျှောက် အလုပ်လုပ်နေခဲ့တာဖြစ်ပြီး  အခုအခါမှာတော့ပိုပြီးလေးနက်တဲ့ ဆွေးနွေးမှုတွေကိုပြုလုပ်မှာဖြစ်တယ်လို့ သတင်းများကဆိုပါတယ်။  ကစားသမားရဲ့ ပြောင်းရွှေ့ကြေးကတော့ ပေါင် ၁၇ သန်းခန့်ရှိတယ်လို့သိရပါတယ်။

လူငယ်အဆင့်မှာ  တစ်လတာ အကောင်းဆုံးတွေထဲ  မီကာဘီရတ်ပါဝင်လာ

အာဆင်နယ်အသင်းရဲ့လူငယ်တိုက်စစ်မှုး မီကာဘီရတ်ဟာ  EPL 2   ရဲ့ ဧပြီလအတွက် အကောင်းဆုံးကစားသမားဆန်ကာတင်စာရင်းမှာ ပါဝင်လာခဲ့တယ်လို့သိရပါတယ်။ ၁၉ နှစ်အရွယ်ကစားသမားလေးဟာ မန်စီးတီး ၊  ယူနိုက်တက်တို့ပါဝင်တဲ့နောက်ဆုံး  ၃ ပွဲမှာ ၃ ကြိမ်ဂိုးသွင်းယူထားနိုင်သလို ၊ ယခုရာသီမှာလည်း  ၁၄ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပြီဖြစ်ပါတယ်။

စပါးပွဲအတွက်စိတ်လှုပ်ရှားနေတဲ့ ရမ်းစ်ဒေလ်း

ဂိုးသမားရမ်းဒေလ်းက စပါးအသင်းနဲ့ကစားမယ့်ပွဲစဥ်အတွက် စိ်တ်လှုပ်ရှားနေပြီဖြစ်ကြောင်းနဲ့   အဆိုပါပွဲဟာ အသင်းနှစ်သင်းအတွက်သာမဟုတ်ပါ တနိုင်ငံလုံးစိတ်ဝင်စားမယ့်ပွဲဖြစ်တယ်လို့ပြောလာပါတယ်။

“  ကျွန်တော်ကတော့  အဲ့ဒီပွဲအတွက် စိတ်လှုပ်ရှားနေပါတယ်… ပျော်လဲပျော်ပါတယ် .. ဒီလိုပွဲမျိုးမှာမှ  အခုလိုထူးထူးခြားခြားမခံစားရဘူးဆိုရင် တစ်ခုခုမှားနေပါပြီ .. ပြီးတော့  ကစားမယ့်အသင်း ၂ သင်းအတွက်သာမကပဲ တနိုင်ငံလုံးဝိုင်းပြီးအာရုံစိုက်နေတဲ့ပွဲဆိုရင်လည်းမမှားပါဘူး .. အာဆင်နယ်ကစားသမားအသစ်တစ်ယောက် ၊  အာဆင်နယ်ပရိတ်သတ်အသစ်တစ်ယောက်အတွက်ကတော့ တကယ့်အမှတ်တရဖြစ်မယ့်အခွင့်အရေးပါပဲ “  ဆိုပြီးပြောကြားလာတာဖြစ်ပါတယ်။  သုံးသပ်သူများနဲ့ ပရိတ်သတ်တွေကတော့ ရမ်းစ်ဒေလ်းရဲ့ ကျဆင်းနေတဲ့ လက်စွမ်းအတွက်စိုးရိမ်နေကြပါတယ်။

Advertisement

Leave a Reply

%d bloggers like this: