အာဆင်နယ်ရဲ့ ကစားသမားရှာဖွေရေး ရေဒါအောက်မှာ ရှိနေတဲ့ အင်္ဂလန်ယူ၂၁လက်ရွေးစင်

ပရီးမီးယားလိဂ်ကနေ တန်းဆင်းဖို့ သေချာသွားပြီးတဲ့နောက် နောဝှစ်ခ်ျစီးတီးဟာ သူတို့အသင်းရဲ့ ညာနောက်ခံလူ မက်စ်အာရွန်ကို လာမယ့် နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ ရောင်းချဖို့အတွက် စီစဉ်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ 

 ဒီလိုပရီးမီးယားလိဂ် ပြိုင်ပွဲကနေ နောဝှစ်အသင်း တန်းဆင်းရတာဟာ အရင်က ၆ကြိမ်ရှိခဲ့ပြီး ရာသီကုန်မှာတော့ ၇ကြိမ်မြောက်တန်းဆင်းရဖို့ ရှိနေပါတယ်။ 

ချန်ပီယံရှစ်ပြိုင်ပွဲကို တဖန်ပြန်မသွားရသေးချိန်မှာ နည်းပြ ဒင်းစမစ်က သူ့ရဲ့အသင်းကို ပြန်လည်တည်ဆောက်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်။ လာမယ့် နွေရာသီမှာ နောဝှစ်အသင်းရဲ့ စီနီယာအသင်းကြယ်ပွင့်များစွာဟာ အသင်းကနေ ထွက်ခွာဖို့ စီစဉ်နေပါတယ်။ The Telegraphရဲ့ အဆိုအရ အာဆင်နယ် ရဲ့အပြောင်းအရွှေ့ပစ်မှတ်ဟာ နောဝှစ်စီးတီးကနေ ထွက်ခွာလာမယ့် ကစားသမားတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ 

 အသက် ၂၂ နှစ်အရွယ်ရှိတဲ့ အေရွန်စ်အတွက် နောဝှစ်ဟာ ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၀ ဝန်းကျင် သတ်မှတ်ထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။  အာတီတာ၏အသင်းဟာ အစောပိုင်းက ဘိုင်ယန်မြူးနစ်၊ ဒေါ့မွန်အသင်းတွေနဲ့ အပြောင်းအရွှေ့အတွက် ချိတ်ဆက်မှု တွေရှိခဲ့တဲ့ နောက်တန်းကစားသမားကို  ခေါ်ယူဖို့ ကြိုးစား‌တဲ့နေရာမှာ ဦးဆောင်နေပါတယ်။ 

နောဝှစ်အသင်းရဲ့ တာ၀န်ရှိသူတွေဟာ  အစောပိုင်းက သူတို့ရဲ့ ကစားသမားကို ရောင်းချဖို့ စိတ်ဝင်စားမှု မရှိခဲ့ပေမယ့် လက်ရှိမှာတော့ အင်္ဂလန် ယူ-၂၁ လက်ရွေးစင်ကို အသင်းကနေ ထွက်ခွာခွင့်ပြုဖို့ စတင်လမ်းဖွင့်ထားပါတယ်။ 

အာဆင်နယ်ဟာ သူတို့အသင်းရဲ့ ညာနောက်ခံလူ တိုမီယာဆုရဲ့နေရာအတွက် အရန်ကစားသမားတစ်ယောက်ကို ရှာဖွေနေတာ ဖြစ်ပါတယ်။ ဆဲဒရစ်ရဲ့ ခြေစွမ်းဟာ အားရလောက်စရာ မရှိတာကြောင့် အာတီတာနဲ့ အီဒူးတို့ဟာ ညာနောက်ခံလူအဖြစ်ကစားနိုင်မယ့် လူငယ်ကြယ်ပွင့်တွေကို လာမယ့်နွေမှာ အမ်းမရိတ်ဆီ ခေါ်ဆောင်ဖို့ ကြိုးစားလာမှာ ဖြစ်ပါတယ်။ 

 အာဆင်နယ်အသင်းဟာ ဝုလ်ဗာဟမ်တန်ကွင်းလယ်လူ ရူဘင်နီဗက်စ်ကို ခေါ်ယူဖို့လည်း အရှိန်မြှင့်လုပ်ဆောင်နေပါတယ်။ ဘာစီလိုနာအသင်းကလည်း ဝုလ်ဗာဟမ်တန် ကွင်းလယ်လူကို ခေါ်ယူဖို့ စိတ်၀င်စားနေပေမယ့်  ကစားသမားအတွက်ပေးချေရမယ့် ငွေကြေးကို မတတ်နိုင်ဘူးဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

Advertisement

Leave a Reply

%d bloggers like this: