မတိုးတက်နိုင်တဲ့ ကစားသမားဆိုတာမရှိပါဘူး – အာတီတာ

အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုပြီးတဲ့‌နောက် အာတီတာဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့ကာလမှာ သူ့ရဲ့ အဓိကကစားသမားတွေကို ရောင်းချသွားမှာ မဟုတ်ဘူးလို့ ပြောလာခဲ့ပါတယ်။ 

ဥရောပ၀င်ခွင့်တစ်နေရာ သေချာသွားပြီဖြစ်တဲ့ အာဆင်နယ်ဟာ လာမယ့် နွေရာသီမှာ ကစားသမားအများအပြားကို ခေါ်ယူသွားဖို့ ရှိပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီမှာ ကစားသမားအများအပြားကို အသင်းကနေ ထွက်ခွာခွင့်ပြုခဲ့တဲ့ အာဆင်နယ်ဟာ လာမယ့် နွေရာသီမှာလည်း ကစားသမားအချို့ကို အပြီးသတ်ရောင်းချသွားဖို့ ရှိနေပါတယ်။ 

အာဆင်နယ် လူငယ်ကြယ်ပွင့်တွေဖြစ်တဲ့ တီယာနေး၊ မာတင်နယ်လီနဲ့ ဆာကာတို့ကို အသင်းအများအပြားက စိတ်၀င်စားနေကြပါတယ်။ ဘာစီလိုနာက စိတ်၀င်စားနေတယ်လို့ သတင်းထွက်ခဲ့တဲ့ ဂါဘရီယယ်ကို ဂျူဗင်တပ်က စိတ်၀င်စားနေတယ်ဆိုတဲ့ သတင်းတွေလည်း မကြာသေးမီက ထွက်ပေါ်လာခဲ့ပါသေးတယ်။ 

ဒါပေမယ့် အာတီတာကတော့ သူ့ရဲ့ အဓိက ကစားသမားတွေကို ဘယ်နည်းနဲ့မှ ရောင်းချသွားမှာ မဟုတ်ဘူးလို့ ဆိုလာခဲ့ပါတယ်။အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုပြီးနောက်မှာတော့ အာတီတာက သူ့ရဲ့ကစားသမားတွေနဲ့ ပတ်သက်ပြီး ခုလိုမျိုး ဆိုလာခဲ့ပါတယ်။ 

ကျွန်တော်တို့ လုပ်ဆောင်ချင်တဲ့ အရာကတော့ အသင်းနဲ့ကစားသမားတွေကို ပိုပြီးတိုးတက်လာအောင် ပြုလုပ်ဖို့ပါပဲ” 

မတိုးတက်နိုင်တဲ့ ကစားသမားဆိုတာ မရှိပါဘူး။ ကျွန်တော်တို့ရဲ့ အကောင်းဆုံးကစားသမားတွေကို အသင်းမှာ ဆက်ထိန်းသိမ်းသွားမှာ ဖြစ်သလို သူတို့ပိုပြီး တိုးတက်လာအောင်လည်း ကူညီပေးသွားမှာပါ” 

ဒီလိုမျိုး အသင်းရဲ့ အကောင်းဆုံးကစားသမားတွေကို အသင်းမှာ ဆက်ထိန်းထားချင်တယ်ဆိုရင် ဘယ်အချိန်မှာ လုပ်ကြမလဲ၊ ဘယ်တော့ လုပ်မလဲဆိုတာ တွေအတွက် ပြင်ဆင်ထားဖို့တော့ လိုအပ်ပါလိမ့်မယ်။ကျွန်တော်တို့ ဒါတွေကို ချိန်သားကိုက် ထိန်းချုပ်နိုင်မှာပါ။” 

တစ်ခါတစ်လေမှာတော့ ရှောင်လွဲလို့ မဖြစ်နိုင်တဲ့ အခြေအနေတွေ ရှိတတ်ပေမယ့် ကျွန်တော်တို့ကတော့ အသင်းရဲ့ အကောင်းဆုံး ကစားသမားတွေကို အသင်းမှာပဲ ဆက်ထိန်းသိမ်းထားချင်တာပါ” 

အာဆင်နယ်အနေနဲ့ လာမယ့်နွေရာသီမှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမယ့် လာကာဇက်တီနဲ့ အန်ကက်တီးယားတို့ကိုတော့ ဆုံးရှုံးရနိုင်ချေရှိပါတယ်။ အန်ကက်တီးယားကိုတော့ အာတီတာဟာ အသင်းမှာ ဆက်ရှိနေစေချင်တာကြောင့် နောက်ဆုံးအချိန်အထိ အသင်းမှာ ဆက်ထိန်းသိမ်းထားဖို့ ရှိနေပါတယ်။ 

အငှားထွက်ကစားနေတဲ့ ဘယ်လာရင်၊ မစ်တ်လန်နိုင်းစ်နဲ့ တော်ရိုင်းယားတို့ကို အာဆင်နယ်ဟာ အပြီးသတ်ရောင်းချသွားဖို့ ရှိနေပြီး အခြားအငှားထွက်ကစားနေဝဲ့ ဆလီဘာ၊ပါဘလိုမာရီနဲ့ နယ်လ်ဆင်တို့ရဲ့ အနာဂတ်ကိုတော့ အာတီတာ ဘယ်လိုဆုံးဖြတ်မလဲဆိုတာ ကျွန်တော်တို့ စောင့်ကြည့်ရပါဦးမယ်။

Advertisement

Leave a Reply

%d bloggers like this: