အန်ကက်တီးယားကို အာဆင်နယ်က ထွက်ခွာဖို့ အကြံပေးခဲ့တဲ့ ကာရေဂါ

မကြာသေးခင်ကမှ အသင်းနဲ့အတူ ပွဲထွက်ကစားခွင့်ရ နေတဲ့ အန်ကက်တီးယားကို အာဆင်နယ်မှာ ဆက်နေမယ့်အစား  လာမယ့်  နွေရာသီမှာ အသင်းသစ်ရှာတာက သူ့အတွက် ပိုကောင်းမယ်လို့ လီဗာပူးလ်ကစားသမားဟောင်း ကာရေဂါက အကြံပေးလာခဲ့ပါတယ်။ 

အာတီတာဟာ အင်္ဂလန် ယူ ၂၁ ကြယ်ပွင့်ဟောင်းကို လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်ကစပြီး အသင်စမှာ နေရာပေးလာခဲ့ပါတယ်။ အန်ကက်တီးယားဟာ ကလပ်အတွက် အရေးကြီးသောဂိုးအချို့ကို သွင်းယူပေးပြီး မန်နေဂျာရဲ့ ယုံကြည်မှုကို ရရှိ‌ထားပါတယ်။  တကယ်လို့ ရာသီကုန်မှာ အာဆင်နယ်ဟာ ထိပ်ဆုံးလေးသင်းနေရာကို ရယူနိုင်ခဲ့ရင် အန်ကက်တီးယားရဲ့သွင်းဂိုးတွေဟာ အာဆင်နယ်ကို ချန်ပီယံလိဂ်၀င်ခွင့်ရစေခဲ့တဲ့ အကြောင်းရင်းတွေထဲက တစ်ခုဖြစ်လာမှာပါ။ 

လိဒ်စ်ယူနိုက်တက်ကို (၂-၁) ဂိုးရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်‌မှာ အသင်းအတွက် သွင်းဂိုးနှစ်ဂိုး သွင်းယူပေးခဲ့တဲ့ အန်ကက်တီးယားကို ပရိသတ်တွေဟာ အသင်းမှာ အရင်ကထက်ပိုပြီး ဆက်ရှိ နေစေချင်ကြပါတယ်။ 

ဒါပေမယ့်လည်း လီဗာပူးနောက်ခံလူဟောင်းက အန်ကက်တီးယားအနေနဲ့ အသင်းမှာ ဆက်နေမယ့်အစား အမ်းမရိတ်ကနေ ထွက်ခွာသွားတာက ပိုကောင်းမယ်လို့ ဆိုလာခဲ့ပါတယ်။ 

  “ဟုတ်ပါတယ် (အာဆင်နယ်က သူ့ကို ဆက်ထိန်းထားသင့်ပါတယ်) ဒါပေမယ့် အန်ကက်တီးယားက အသင်းရဲ့ ပထမဦးစားပေး တိုက်စစ်မှူး ဖြစ်လာမှာ  မဟုတ်ဘူးလို့ ကျွန်တော် ထင်ပါတယ်။ ဒါကြောင့် သူ့အနေနဲ့ အမ်းမရိတ်ကိုစွန့်ခွာပြီး ရှေ့ဆက်သင့်တယ်လို့ ကျွန်တော်ထင်ပါတယ်  လို့ ကာရေဂါက အာဆင်နယ်တိုက်စစ်မှူးလေးကို အကြံပေးလာခဲ့ပါတယ်။ 

အာဆင်နယ်ဟာ လာမယ့် နွေရာသီမှာ ထိပ်တန်း တိုက်စစ်မှူးတစ်ဦးကို ခေါ်ယူမှာ ဖြစ်ပါတယ်။ အန်ကက်တီးယားဟာ လတ်တလောမှာ အာဆင်နယ်အတွက် လိုအပ်နေတဲ့ သွင်းဂိုးတွေကို ရယူပေးထားနိုင်ပေမယ့် အသင်းကို နောက်ထပ်အဆင့်တစ်ဆင့် တက်စေမယ့် ကစားသမားတော့ မဖြစ်နိုင်သေးပါဘူး။ 

အန်ကက်တီးယား အာဆင်နယ်မှာ ဆက်ရှိနေမယ်ဆိုလည်း အရန်ခုံပေါ်မှာသာ အချိန်ကုန်ရဖို့ များပါတယ်။ အဆုံးသတ်မှာတော့ ဘာတွေဖြစ်လာမလဲ ဘယ်သူမှ ကျိန်းသေ မပြောနိုင်သေးပေမယ့် အာတီတာတို့ကတော့ အန်ကက်တီးယားကို အသင်းမှာ ဆက်ထိန်းသိမ်းထားဖို့ နောက်ဆုံးအချိန်အထိ ကြိုးစားသွားဖွယ် ရှိပါတယ်။ လာမယ့် နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် အန်ကက်တီးယားဟာ အသင်းနဲ့ စာချုပ်သစ်ကို ငြင်းဆိုထားခဲ့ပြီး ပုံမှန်ပွဲထွက်ခွင့်ရဖို့အတွက် အသင်းသစ်တစ်သင်းကို ရှာဖွေလိုနေတာ ဖြစ်ပါတယ်။

Advertisement

Leave a Reply

%d bloggers like this: