လိဒ်နဲ့ပွဲအပြီး အင်တာဗျူး

အမ်းမရိတ်စ်မှာ လိဒ်ယူနိုက်တက်ကို အနိုင်ယူပြီးနောက် အာတီတာက မီဒီယာတွေနဲ့ တွေ့ဆုံရာမှာတော့ အန်ကက်တီးယားရဲ့ အနာဂတ်၊ ဘယ်နောက်ခံနေရာမှာ ကစားသွားခဲ့တဲ့ တိုမီယာဆု၊ နောက်ဆုံးရ ဒဏ်ရာသတင်းနဲ့ အခြား အကြောင်းအရာတွေကို ဆွေးနွေးခဲ့ပါတယ်။  

အဲ့ဒီ့အကြောင်းအရာတွေထဲက အချို့ကို ကောက်နှုတ်တင်ပြရမယ်ဆိုရင် 

နိုင်ပွဲအတွက် တကယ်ပဲကြိုးစားခဲ့သလားဆိုတဲ့ အပေါ် 

 “ဟုတ်ပါတယ်၊ ကျွန်တော်တို့ ကစားပွဲကို လျင်လျင်မြန်မြန်နဲ့ စတင်ခဲ့တယ်၊ နိုင်ပွဲရကိုရမယ်လို့လည်း စိတ်ပိုင်းဖြတ်ထားတယ်၊ ပြင်းပြင်းထန်ထန် အလုပ်လုပ်ခဲ့ကြတယ်၊ ကောင်းမွန်တဲ့ဂိုးနှစ်ဂိုးကို သွင်းယူနိုင်ခဲ့တယ်၊ အခွင့်အရေးတွေဖန်တီးနိုင်ခဲ့ပြီး ကျွန်တော်တို့ရဲ့ ဂိုးဧရိယာထဲမှာ ဘာမှ ဖြစ်ခွင့် မပေးခဲ့ပါဘူး။   အဲဒီနောက်မှာတော့ အနီကတ်က ကစားပွဲကို  ပြောင်းလဲလိုက်ပြီး ပြိုင်ဘက်ဟာ သူတို့ရဲ့ အပြုအမူတွေနဲ့ ကစားပုံကို ပြောင်းလဲခဲ့ပါတယ်။ဒါကြောင့် ကျွန်တော်တို့ကလည်း ကစားပွဲကို မတူညီတဲ့ပုံစံနဲ့ ပြန်ချည်းကပ်ခဲ့ရပါတယ် အချိန်တော်တော်များများမှာ ကျွန်တော်တို့ ကောင်းကောင်း ကစားနိုင်ခဲ့ပေမယ့် တတိ‌ယမြောက် သွင်းဂိုး‌ကို သွင်းယူဖို့တော့ လိုအပ်ခဲ့တာပါ။အခွင့်အရေးတွေလည်း ဖန်တီးနိုင်ခဲ့ပေမယ့် တတိယမြောက်ဂိုးကို မသွင်းယူနိုင်ခဲ့ပါဘူး။လိဒ်စ်က သူတို့ရဲ့ ပထမဆုံး ထောင့်ကန်ဘောကနေ ချေပဂိုးတစ်ဂိုး ပြန်ရသွားချိန်မှာတော့ ကစားပွဲဟာ စိတ်လှုပ်ရှားစရာ ဖြစ်ခဲ့ရပါတယ်။ 

 အသင်းအနေနဲ့ တော့တင်ဟမ်ဟော့စပါးကို ရင်ဆိုင်ပြီး ချန်ပီယံလိဂ်၀င်ခွင့်ရယူဖို့ စိတ်ဓာတ်တက်ကြွနေသလားဆိုတဲ့အပေါ် 

 “အခြားပွဲစဉ်တွေမှာ ကျွန်တော်တို့ပြင်ဆင်ခဲ့တဲ့၊ ယှဉ်ပြိုင်ခဲ့တဲ့ စိတ်အားထက်သန်မှုမျိုးနဲ့ ဒီပွဲကို(မြောက်လန်ဒန်ဒါဘီပွဲစဉ်ကို) ယှဉ်ပြိုင်သွားချင်တာပါ။ ဒါပေမယ့် ဒီပွဲဟာ (ချန်ပီယံလိဂ်၀င်ခွင့်အတွက်) အဆုံးအဖြတ်ပေးနိုင်မယ့် အခိုက်အတန့်တစ်ခု ဖြစ်လာနိုင်ပြီး ကျွန်တော်တို့ဟာ အရင်ကထက်ကို ပိုပြီး စိတ်ဓာတ်တွေ တက်ကြွနေပါတာ အမှန်ပါပဲ။ကျွန်တော်ကတော့ ဒီပွဲကို ကစားဖို့ မစောင့်နိုင်တော့ပါဘူး 

အန်ကတ်တီးယား ရဲ့ အနာဂတ်နှင့် ပတ်သက်၍ 

“  အက်ဒီဟာ ပြီးခဲ့တဲ့ ရာသီတွေမှာ   သူလုပ်ပြခဲ့တဲ့ အရာတွေကို  ဒီရာသီမှာလည်း ဆက်လုပ်ပြနေတာပါ။ သူဟာ အရမ်းလည်း တည်ငြိမ်ပြီး ကျွန်တော်  သူ့ကိုပွဲထွက်ဖို့ အခွင့်အရေးနည်းနည်းပဲ ပေးခဲ့ပေမယ့်လည်း သူဘက်ကတော့ အကောင်းဆုံးတွေကိုပဲ အသင်းကို ပြန်ပေးခဲ့ပါတယ်။ဒီအခိုက်အတန့်ကို သဘောကျနှစ်သက်ဖို့ သူတကယ်ပဲ ထိုက်တန်ပါတယ်” 

 ကျဉ်းမြောင်းတဲ့ အနိုင်ရလဒ်တွေနဲ့ ၀က်စ်ဟမ်း၊ လိဒ်တို့ကို အနိုင်ရခဲ့တဲ့ အပေါ် 

“ပြိုင်ဘက်ကို  အနိုင်ယူဖို့ နည်းလမ်းတွေ ကျွန်‌တော်တို့အမြဲ ရှာဖွေနေပါတယ်။  အထူးသဖြင့် ဒီ‌နေ့ပွဲရဲ့ ပထမမိနစ်၃၀မှာ ကျွန်တော်တို့ ကစားပုံ အရမ်းကောင်းခဲ့ပါတယ်။ ဖိအားတွေအောက်မှာ ဒီလိုမျိုး ကစားနိုင်တာက ချီးကျူးစရာပါ။ ဒါပေမယ့် ကျွန်တော့်မှာ ပြိုင်ဘက်ရှိနေတယ်၊ ပွဲချိန်မပြီးသေးခင်အထိ ငါတို့အသာရနေတယ်လို့ အမြဲ တွေးထားလို့မရပါဘူး။ ပွဲချိန်မိနစ်၉၀အတွင်းမှာ ဘာမဆိုဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် ဒါကို ကျွန်တော်တို့ ရင်ဆိုင်နေပြီး ပိုကောင်းအောင်လုပ်နေပါတယ်(အစောပိုင်းကစားပုံကောင်းပြီး နောက်ပိုင်းမှာ ချေပဂိုးတွေပြန်ပေးရတာကို ဖြစ်ပါတယ်)။ ပွဲပြီးချိန်မှာတော့ ကျွန်တော်တို့က အနိုင်ရတဲ့ အသင်းပါပဲ။

ဆာကာရဲ့ ကြံ့ခိုင်မှုအပေါ် 

 ဟုတ်ကဲ့၊ သူအဆင်ပြေပါတယ်။ 

ဘန်ဝှိုက်ဟာ မြောက်လန်ဒန်ဒါဘီပွဲအမီ ပြန်ကောင်းလာနိုင်လားဆိုတဲ့ အပေါ် 

“စပါးနဲ့ ပွဲအမီ ဘန်ဝှိုက် ပြန်ကောင်းလာမယ်လို့ ကျွန်တော်ထင်ပါတယ်၊ သူက အခု  အလုပ်နည်းနည်းစလုပ်နေနိုင်ပါပြီ။ဒီပွဲက အရမ်းအရေးကြီးတဲ့အတွက်  ရနိုင်သမျှ လူတိုင်းကို ကျွန်တော်တို့ လိုအပ်ပါတယ်။” 

တိုမီယာစု ဟာ ဘယ်နောက်ခံနေရာမှာ ကစားခဲ့တဲ့ အပေါ် 

“ ဒီနေ့အတွက်ပါပဲ၊ နောက်ပွဲ တွေမှာတော့ ဒီလိုလုပ်ဖို့ မတွေးထားပါဘူး။ တိုမီယာဆုကို ဘယ်ခြမ်းမှာ ထားကစားတာက ဒီနေ့ပွဲအတွက် မှန်ကန်တဲ့အရာလို့ ထင်လို့ပါ။ ဘာလို့လဲဆိုတော့ လိဒ်စ်အသင်းရဲ့ ညာတောင်ပံတိုက်စစ်ကို ထိန်းချုပ်ဖို့ လိုအပ်ခဲ့လို့ပါ”

Advertisement

Leave a Reply

%d bloggers like this: