နောက်ဆုံးရ အာဆင်နယ် သတင်းများ (8May)

တိုင်လီမန်းစ်နဲ့ပိုနီးစပ်လာကြောင်း The Sun ရေးသားလာ

အာဆင်နယ်အသင်းဟာ  လက်စတာစီးတီးအသင်းရဲ့ ကွင်းလယ်လူ တိုင်လီမန်းစ်ကိုခေါ်ယူဖို့ ပိုမိုနီးစပ်လာကြောင်း The Sun သတင်းစာက ဖော်ပြလာပါတယ်။  ကွင်းလယ်ကစားသမားများစွာနဲ့နာမည်ထွက်နေတဲ့ ဂန်းနားတို့ဟာ တိုင်လီမန်းစ်ရဲ့ ကိုယ်စားလှယ်တွေနဲ့ ယခင်ကလဲတွေ့ဆုံဖူးပြီး ၊ အခုချိန်ထိလဲ ကစားသမားကိုပစ်မှတ်ထားနေဆဲဖြစ်ပါတယ်။  အဆိုပါသတင်းအရ  အာဆင်နယ်ဟာ  ပြောင်းရွှေ့ကြေး သန်း ၄၀ အထိသုံးစွဲဖို့အသင့်ရှိနေတယ်လို့ သိရပါတယ်။

ဂျေးဆူကို တကယ်ခေါ်ချင်ရင်လွယ်တယ် လို့ ဂန္တဝင်သုံးသပ်

ပရီးမီးယားလိဂ်ရဲ့ ဂိုးသမားဟောင်းကြီး ပက်ဒီကင်နီက  Football Insider နဲ့တွေ့ဆုံရာမှာ  ဂါဘရီယယ်ဂျေးဆူနဲ့ပတ်သတ်ပြီးအခုလိုပဲပြောကြားလာခဲ့ပါတယ်။

“  အာတီတာသာတကယ်ခေါ်ချင်ရင် ဘာပြဿနာမှရှိမနေဘူးလို့ ကျွန်တော်ပြောနိုင်ပါတယ်။  ဂျေးဆူက ပွဲကစားခွင့်သာရရင် ကွင်းထဲမှာ အမြဲတန်းပုံစံကောင်းတွေပြသနိုင်နေသူဖြစ်ပါတယ်။  သူ့ရဲ့အရည်အသွေးကလည်း ပရီးမီးယားလိဂ်မှာ အဆင့်အတန်းမှီတာကြောင့်  တိုက်စစ်မှုးလိုနေတဲ့ အာဆင်နယ်က လိုချင်တယ်ဆိုတာလဲ သဘာဝကျပါတယ် ..  ကျွန်တော့်အထင်တော့ သူတို့ခေါ်ချင်ရင် လွယ်ကူပါလိမ့်မယ် “  ဆိုပြီးပြောဆိုလာတာဖြစ်ပါတယ်။

လိဒ်နဲ့ပွဲက လန်ဒန်ဒါဘီထက်အရေးကြီးကြောင်း လော်ရိုးပြောကြားလာ

BBC ရဲ့ ဝါရင့်သုံးသပ်သူ  လော်ရိုးကတော့  အာဆင်နယ်အသင်းအတွက် လိဒ်နဲ့ရင်ဆိုင်ရမယ့်ပွဲဟာ ရာသီတစ်ခုလုံးအတွက် သိပ်ကိုကြီးကျယ်တဲ့ပွဲစဥ်ဖြစ်ကြောင်း ပြောပြလာပါတယ်။

“ အာဆင်နယ်ဟာ သူတို့ကံကြမ္မာ သူတို့ဖန်တီးရပါတော့မယ်။  ဒါဘီပွဲစဥ်ကိုထားလိုက်ပါတော့ .. အခုအရေးအကြီးဆုံးက လိဒ်နဲ့ပွဲပဲ .. ဒီပွဲက အခုရာသီရဲ့အကြီးမားဆုံးပွဲဖြစ်လာမှာပါ “  လို့မှတ်ချက်ပေးခဲ့ပြီး  ဂန်းနားတို့ဟာ  ဝက်စ်ဟမ်းနဲ့ပွဲကလိုပဲ  ပုံစံကောင်းဆက်လက်ပြသရင်း  ၂-၀  နဲ့အနိုင်ရမယ်လို့ ခန့်မှန်းသွားခဲ့ပါတယ်။

တာဗာရက်စ်ကို စပါးအသင်းအသုံးချလာမှာစိုးရိမ်ကြောင်း ရေးပါလာပြောဆို

ဂန္တဝင်ကြီးရေးပါလာက အာဆင်နယ်အသင်းအတွက် နောက်ခံအစွန်လူနေရာကိုစိုးရိမ်ပူပန်မိကြောင်း TalkSport နဲ့တွေ့ဆုံရာမှာအခုလိုပြောပြလာပါတယ်။

“ တီယာနေ သာကစားနိုင်ရင် သိပ်ကိုအဆင်ပြေပါတယ်ဗျာ .. ဒါပေမယ့် သူကလဲ ဒဏ်ရာကြောင့် အသင်းအကျီနဲ့တူတူမတွေ့နိုင်ဘူးဖြစ်နေတယ်။  ခံစစ်ပိုင်းမှာတော့ တာဗာရက်စ်က သိပ်ပြီးကောင်းလှတယ်မဟုတ်ပါဘူး .. ဒါကအရိုးသားဆုံးပြောတာပါ။ သူအခုထက်ပိုပြီးတိုးတက်ရပါဦးမယ်။  နောက်ခံလူ ၃ ယောက်စနစ်မှာ သူကကောင်းပါတယ်။ ဒါပေမယ့် သူက ဘယ်နောက်ခံကစားသမားပါ … ကျွန်တော်ကတော့ စပါးအသင်းက တာဗာရက်စ်ဖက်ကနေပဲ တိုက်စစ်ဆင်သွားကြမှာပါကို  ကြိုပြီးတွေးနေမိပါတယ် “  ဆိုပြီး ကြိုတင်စိုးရိမ်နေခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာကို  ၂ ပတ်အတွင်းပြောင်းရွှေ့တော့မယ့်  မီဒမ်မာ

အာဆင်နယ်အမျိုးသမီးအသင်းရဲ့ အဓိက တိုက်စစ်မှုး  ဗီဗီယင်နီ မီဒမ်မာဟာ  ဘာစီလိုနာအသင်းကို လာမယ့်  ၂ ပတ်အတွင်းပြောင်းရွေ့တော့မှာဖြစ်ကြောင်း  သတင်းထောက် Oriol Domenech  ကို  ကိုးကားပြီး   Bleacher Reports က ရေးသားဖော်ပြလာပါတယ်။  အာဆင်နယ်အသင်းနဲ့အတူမှတ်တိုင်များစွာစိုက်ထူထားပြီး  ၊ ဂိုးသွင်း စံချိန်များစွာတင်ထားတဲ့ တိုက်စစ်မှုးဟာ  ဘာကာတို့ဆီကို အလွတ်နဲ့ထွက်ခွာမှာဖြစ်ကြောင်းလဲ သတင်းများက ဆိုပါတယ်။

One thought on “နောက်ဆုံးရ အာဆင်နယ် သတင်းများ (8May)

Leave a Reply

%d bloggers like this: