ဝက်စ်ဟမ်းနဲ့ပွဲလိုပဲ ရိုးရှင်းစွာနဲ့ ခက်ခဲခဲ့တဲ့ပွဲပဲဖြစ်ပါတယ်။ တစ်ယောက်အသာရနေတယ်ဆိုပေမယ့် လိဒ်ရဲ့ ကြုံသလိုရုန်းနေတဲ့ ကစားပုံကိုရင်ဆိုင်ခဲ့ရပြီး ၊ အာဆင်နယ်တို့ဟာ Performance မတည်ငြိမ်မှုကြားထဲကနေပဲ အသာစီးရယူကာ အနိုင်ရခဲ့ပါတယ်။
ဒီနေ့ပွဲလူစာရင်းထွက်လာတဲ့အခါ အကုန်လုံးက ဆဲဒရစ်က တီယာနေဖက်ခြမ်းရောက်မယ်လို့ ထင်ခဲ့ကြပေမယ့် တကယ်တန်းမှာတော့ တိုမီယာစုက ကစားသွားခဲ့တာဖြစ်ပါတယ်။ ဒီအချက်ကပဲပြိုင်ပွဲ အပေါ်သက်ရောက်ခဲ့ပါတယ်။
တကယ်တော့ အခုပွဲမှာ လိဒ်က တော်တော်လေးအားနဲခဲ့တာပါ။ သူတို့အနေနဲ့ ဘာလုပ်မယ်ဆိုတာကို အစီအစဥ်ကောင်းတစ်ခုရှိနေပုံမရပဲ ၊ အာဆင်နယ်ရဲ့အခြေအနေပေါ်မှာမူတည်ပြီး တုန့်ပြန်ဖို့ စီစဥ်လာတယ်လို့ တောင်ထင်ခဲ့ရပါတယ်။ အာဆင်နယ်ရဲ့ ပထမပိုင်းမှာတင်ကစားတာရယ် ၊ ဂိုးလာဘ်မြင့်နေတဲ့ အန်ကတ်တီယာရဲ့ သွင်းယူမှုတွေရယ်ကြောင့် ၂ – ၀ ကို ခပ်စောစောပဲဖြစ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာလဲပွဲကို အာဆင်နယ်ကပဲ ထိန်းချုပ်သွားပြီး အသာစီးကနေကစားခဲ့ပါတယ်။ လိဒ်ဖက်က အာလင်း ထုတ်ခံရပြီးနောက်မှာတော့ ပွဲကအာဆင်နယ်အတွက်ပဲလို့ အားလုံးထင်ခဲ့ကြပါတယ်။ ဒါပေမယ့် ထင်သလိုမဟုတ်ခဲ့ပဲအကြိတ်အနယ်ပြန်ရှိခဲ့ပါတယ်။
၂ – ၀ နဲံ့ဦးဆောင်ထားနိုင်စဥ်အတောအတွင်း ၃-၀ ဖြစ်ဖို့အခွင့်အလှမ်းများစွာရှိခဲ့ပါတယ်။ အထူးသဖြင့် မာတင်နယ်လီအနေနဲ့ အခွင့်အရေးများစွာရခဲ့ပါတယ်။ ဒါပေမယ့် သွင်းဂိုးတော့မဖြစ်ခဲ့ပါဘူး။ ဒီနေ့ပွဲမှာ ဘရာဇီးသားလေးအနေနဲ့တော်တော်ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဒါကလည်း တိုမီယစုရဲ့ နောက်တန်းမှာ လုံခြုံအောင်ကစားပေးနိုင်မှုနဲ့ ရှေ့တန်းကိုချိတ်ဆက်ပေးနိုင်မှုတို့ကြောင့်ပဲဖြစ်ပါတယ်။ ဒီအချက်ဟာ အားလုံးရင်ပူနေကြတဲ့ တီယာနေး ပြဿနာကိုဖြေရှင်းနိုင်ခဲ့ပါတယ်။ တိုမီယာစုဟာ အရိုးရှင်းဆုံးနဲ့ အထိရောက်ဆုံးကစားသွားခဲ့တာပြီး ပွဲအပေါ်မှာလဲ အာရုံစူးစိုက်မှုအထူးကောင်းမွန်ခဲ့ပါတယ်။

နောက်ထပ် အာဆင်နယ်အတွက် ဆုလာဘ်တစ်ခုကတော့ အန်ကတ်တီယားပဲဖြစ်ပါတယ်။ သူက မိနစ် ၉၀ ကစားပြီး လာကာဇက်က အချိန်ပိုမှာဝင်ကစားတယ်ဆိုတာ သိပ်ကိုလှပတဲ့အခြေအနေဖြစ်ခဲ့ပါတယ်။ အာဆင်နယ်ဟာ စာမျက်နှာသစ်တစ်ခုဆီကို သေသေသပ်သပ်ကူးပြောင်းနေပြီလို့ဆိုရမှာဖြစ်ပြီး လာမယ့်နွေမှာ အန်ကတ်တီးယားကို စာချုပ်ထားဖို့ကတော့ အရေးကြီးတဲ့ စိန်ခေါ်မှုပဲဖြစ်ပါတယ်။
ကစားပုံကိုသုံးသပ်ရရင်တော့ ထူးထူးခြားခြားမရှိလှပဲ အာဆင်နယ်တို့အနေနဲ့ လုပ်ရမယ့် Function တွေကို ပိုပီပြင်လာစေတယ်ပဲပြောရပါမယ်။ အဆုံးသတ်လေးတွေခုထက်သေချာဖို့တော့လိုနေပါသေးတယ်။ ဆာကာရဲ့ Overlap Run တွေကလည်း တဖက်နောက်တန်းကိုရိုးရိုးလေးနဲ့ ဖျက်ဆီးနိုင်တုန်းပါ။ ဆဲဒရစ်ရဲ့ဖက်ခြမ်းကိုတော့ သတိထားရပါလိမ့်မယ်။ သူနဲ့ အယ်နီနီကြားထဲက နေရာတွေဟာ စပါးနဲ့ပွဲမှာ ဆွန်ဟောင်မင် ပြေးဝင်မယ့် ကွက်လပ်တွေပဲဖြစ်ပါတယ်။ ဒီနေ့ပွဲမှာ ဟာကွက်အချိုကိုမြင်နေခဲ့ရပါတယ်။
ဒါ့အပြင် အခုနောက်ပိုင်း ဂိုးပေါက်တည့်တာနဲ့ ဂိုးပေးနေရတဲ့ ရမ်းစ်ဒေလ်းဟာလည်း စပါးနဲ့ပွဲမှာ ပုံမှန်လက်စွမ်းပြန်ရဖို့လိုပါတယ်။ ထို့အတူ ပေပေတို့လို ကစားသမားတွေအနေနဲ့လည်းခုထက်ပိုပြီး ပွဲအပေါ်အာရုံစိုက်သင့်တယ်လို့ ပဲမှတ်ချက်ပြုရမှာဖြစ်ပါတယ်။ နည်းစနစ်အရ Alternative Play ကိုသူတို့ကနေပဲဖော်ဆောင်ရမှာဖြစ်လို့ ဒီနေ့လုပ်နေပုံတွေနဲ့တော့ အဆင်မပြေလှပါဘူး။
တစ်ပွဲလုံးစာ ချုံပြောရမယ်ဆိုရင်တော့ အရေးကြီးတဲ့ မြောက်လန်ဒန်ဒါဘီမတိုင်ခင်မှာ အနီးဆုံးပြိုင်ဖက်ကို ၄ မှတ်ဖြတ်နိုင်ခဲ့တာအပြင် အားကိုးရမယ့် ကစားသမားလေးတွေယုံကြည်မှုတိုးနေတာလဲ အပေါင်းလက္ခဏာဆောင်နေပါတယ်။ Worse case scenario အနေနဲ့ စပါးနဲ့ပွဲမှာ ရလဒ်မကောင်းခဲ့ရင်တောင် ပွဲကျန်တွေမှာ ကြိုးစားဖို့အခွင့်အရေးရှိနေသေးတာကြောင့် ၊ အာဆင်နယ်ဟာ အခုပွဲ အနိုင်ရခဲ့တာ သိပ်ကောင်းတယ်လို့ပဲဆိုရမှာဖြစ်ပါတယ်။