နောက်ဆုံးရ အာဆင်နယ် သတင်းများ (7May)

ဘယ်လာရင်ရဲ့ အပြောင်းအရွှေ့အကြောင်းအတည်ပြုပေးလာကြတဲ့  သတင်းဌာနများ

ရီးရဲဘက်တစ်အသင်းဟာ   အာဆင်နယ်ကနေအငှားနဲ့လာကစားနေတဲ့ ဘယ်လာရင်ကို အပြီးသတ်ခေါ်ယူလိုကြောင်း ဂန်းနားတို့ကို အကြောင်းကြားထားတယ်ဆိုပြီး 90 Mins ကဖော်ပြလာပါတယ်။ အဆိုပါသတင်းကို အခြေခံပြီး သတင်းထောက် ချားလ်ဝက်စ်ကလည်း ဘယ်လာရင်ရဲ့ သဘောကလည်းစပိန်ကိုပြန်ဖို့ ဆုံးဖြတ်ထားပြီးဖြစ်တယ်လို့  ပြောဆိုလာပါတယ်။ စပိန်သားရဲ့ပြောင်းရွှေ့ကြေးကတော့ ၁၅ သန်းကနေ  ၂၂ သန်းကြားရှိနိုင်ကြောင်း အမျိုးစုံရေးသားနေကြပါတယ်။

ဟော့ဖန်ဟိန်းကွင်းလယ်လူကို အလွတ်ခေါ်ဖို့ စောင့်ကြည့်သူများထဲမှာ  အာဆင်နယ်ပါဝင်နေ

အတည်မပြုနိုင်သော သတင်းများစွာရဲ့ရေးသားမှုအရ ရာသီကုန်မှာ အလွတ်ပြောင်းရွှေ့ရတော့မယ့်  ဟော့ဖန်ဟိန်းကွင်းလယ်လူ ဖလိုရီယန် ဂရယ်လစ်ရှ် ကို နာပိုလီ  ၊ ဆီဗီးလားနဲ့ အတူ အာဆင်နယ်ကလဲ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။  အဆိုပါ သြစတီးယားသားဟာ  ပြီးခဲ့တဲ့ ၅ ရာသီအတွင်း ၁၅၁ ပွဲကစား ၊  ၈ ဂိုးသွင်းပြီး  ၁၁ ကြိမ် ဖန်တီးပေးထားနိုင်သူလဲဖြစ်ပါတယ်။ လုပ်အားနှုန်းကောင်းပေမယ့် ယခုရာသီမှာတော့ ကိုရိုနာနဲ့  ခြေသလုံးဒဏ်ရာကြောင့် ကာလတစ်ခုအနားယူထားရတဲ့ မှတ်တမ်းတော့ရှိထားပါတယ်။

ဟိုးဒင်းဟာ အာတီတာမှန်ကန်ကြောင်းသက်သေပြနိုင်ခဲ့တယ်လို့ ဆို

ဂန္တဝင်ကြီး ပေါလ်မာဆင်က  နောက်ခံလူဟိုးဒင်းအနေနဲ့  အာတီတာမမှားကြောင်းသက်သေပြနိုင်ခဲ့တယ်ဆိုပြီး  ချီးကျူးပြောဆိုလာပါတယ်။ 

ဟိုးဒင်းက အရံခုံမှာအနေများပေမယ့်  ပွဲကစားရချိန်မှာတော့ကောင်းမွန်တဲ့စွမ်းဆောင်ရည်ကို ယူဆောင်လာခဲ့သူပါ  .. သူကယုံကြည်လို့ရတဲ့နောက်ခံလူတစ်ဦးဖြစ်ပါတယ် .. နယူးကာဆယ်အသင်းကိုပြောင်းဖို့ နီးစပ်ခဲ့တာကို မှတ်မိနေပါသေးတယ် .. အခုတော့ အာတီတာအနေနဲ့သူ့ကိုဆွဲထားတာ မှန်ကန်ကြောင်းလက်တွေ့ပြခဲ့ပါပြီ “ ဆိုပြီးပြောလာတာဖြစ်ပါတယ်။

နူးနက်စ်ကို ယူနိုက်တက်သွားစေချင်နေတဲ့ ဖော်လန်

အာဆင်နယ်အသင်းက စိတ်ဝင်စားနေတဲ့  ဒါဝင်နူးနက်စ်ကို   ဥရုဂွေးဂန္တဝင်လည်းဖြစ် ၊ ယူနိုက်တက်ကစားသမားဟောင်းလဲဖြစ်တဲ့  ဒီယေဂိုဖော်လန်က အိုးထရက်ဖို့ဒ်ကိုသွားစေချင်နေကြောင်း ထုတ်ဖော်ပြောကြားလာပါတယ်။  ဖော်လန်က  နူးနက်စ်ရဲ့စွမ်းဆောင်ရည်တွေကိုချီးကျူးခဲ့ပြီးနောက်   မန်ချက်စတာယူနိုက်တက်မှာ နူးနက်စ်တစ်ယောက်အဆင်ပြေမှာဖြစ်တယ်လို့ ယုံကြည်ကြောင်း Braeking The Lines ကိုထုတ်ပြောလာတာဖြစ်ပါတယ်။

သန်းကြွယ်သူဌေးစာရင်းဝင်ဖို့နီးစပ်နေတဲ့ ဖလာမီနီ

GF Biochemicals  လုပ်ငန်းကို ပူးတွဲတည်ထောင်သူအဖြစ်လုပ်ကိုင်နေတဲ့  အာဆင်နယ်ကစားသမားဟောင်းမက်သရူးဖလာမီနီဟာ  သူ့ရဲ့အောင်မြင်မှုများကြောင့်  သန်းကြွယ်သူဌေးစာရင်းဝင်ဖြစ်ဖို့ နီးစပ်လာပြီဖြစ်ကြောင်း Daily Star ကရေးသားဖော်ပြလာပါတယ်။ အသက် ၃၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဖလာမီနီဟာ ၂၀၀၈ ခုနှစ်တုန်းက ဘောလုံးလောက ကနေအနားယူခဲ့တာဖြစ်ပြီး ယခုအခါ အသားတင်ကြွယ်ဝမှု  ၁၀ ဘီလီယံ ခန့်ရှိပြီဖြစ်ကြောင်း FORBES ရဲ့ဖော်ပြချက်အရသိရပါတယ်။

Advertisement

Leave a Reply

%d bloggers like this: