အာဆင်နယ်ဟာ ကစားသမားအချို့နဲ့ စတင်ဆွေးနွေးနေပါပြီ  –  ရိုမာနို

အီတလီနာမည်ကျော် အားကစားဂျာနယ်လစ်ဖြစ်တဲ့ ဖာဘရီဇီယို ရိုမာနို က အာဆင်နယ် အသင်း ရဲ့ နွေရာသီ အပြောင်းအရွှေ့ စျေးကွက် မှာ ဘယ်သူ့ကို ခေါ်ယူမလဲ ဆိုတာဟာ ချန်ပီယံလိဂ်၀င်ခွင့်အပေါ်မှာ အများကြီးမူတည်လိမ့်မယ် လို့ ပြောကြားခဲ့ပြီး မန်ချက်စတာ စီးတီး တိုက်စစ်မှူး ဂါဘရီရယ် ဂျေးဆူဟာ ခေါ်ယူ ဖို့ ခက်ခဲမယ့်သူ လို့ ပြောပြလာခဲ့ပါတယ်  

အာဆင်နယ်ဟာ လာမယ့် နွေရာသီအပြောင်းအရွှေ့ဈေးကွက်မတိုင်မီ ပစ်မှတ်အများအပြားနှင့် ချိတ်ဆက်နေပြီး အသင်းရဲ့ အ၀ယ်စာရင်းမှာ အနည်းဆုံးနာမည်ကြီးတိုက်စစ်မှူးတစ်ဦး၊ နောက်တန်း၊ ဗဟိုကွင်းလယ်ကစားသမားနှင့် တောင်ပံကစားသမားတစ်ဦးတို့ကို ခေါ်ယူဖို့ ရှိနေပါတယ်။ 

ပရိသတ်တွေကတော့  အသင်းဟာ ဘယ်တိုက်စစ်မှူးကို ခေါ်ယူနိုင်မလဲဆိုတာ စိတ်၀င်စားနေပေမယ့် ရိုမန်နိုက အာဆင်နယ်ရဲ့ ကစားသမားခေါ်ယူမှုအများစုဟာ ချန်ပီယံလိဂ်ဝင်ခွင့်အပေါ် မူတည်ကြောင်း ပြောလာခဲ့ပါတယ်။ လက်ရှိမှာ အာဆင်နယ်ဟာ ချန်ပီယံလိဂ်၀င်ခွင့် အဓိကပြိုင်ဘက်ဖြစ်တဲ့ တော့တင်ဟမ်ဟော့စပါးထက် နှစ်မှတ်အသာရထားပြီး အဆင့်လေးနေရာကနေ ဦးဆောင်နေတာ ဖြစ်ပါတယ်။ 

ရိုမာနိုက သူ့ရဲ့ YouTube Followers တွေကို အာဆင်နယ်အတွက်ဒါဟာ ချန်ပီယံလိဂ်ပြိုင်ပွဲဆိုတာထက်ကို ပိုအရေးကြီးပါတယ်။ဘာကြောင့်လဲဆိုတော့ စီးပွားရေးအမြင်အရ ကြည့်မယ်ဆိုရင် အာဆင်နယ်ဟာ ကစားသမားတချို့နဲ့ ညှိနှိုင်းမှုတွေ စတင်နေခဲ့ပြီးပါပြီ။” 

 “ဥပမာတစ်ခုပေးရမယ်ဆိုရင်  ဂျေးဆူကို သူတို့ ခေါ်ယူချင်ပေမယ့် အာဆင်နယ်အတွက် ဒီကစားသမားနဲ့၊ အခြား‌သောကစားသမားတွေနဲ့ ညှိနှိုင်းတဲ့ နေရာမှာ ချန်ပီယံလိဂ်၀င်ခွင့်ဟာ ဆွဲဆောင်မှုတစ်ခုဖြစ်တာကြောင့် တကယ်ကို အရေးကြီးပါတယ်။” 

ရိုမာနိုရဲ့စကားဟာ မှန်ကန်မှုရှိပေမယ့် အာဆင်နယ်အနေနဲ့ ချန်ပီယံလိဂ်၀င်ခွင့်သာ မရခဲ့ရင် ဘယ်ကစားသမားမှ ခေါ်လို့မရတော့ဘူးဆိုတဲ့ အနေအထားတော့ မရှိပါဘူး။ ပရီးမီးယားလိဂ်မှာ ကစားခွင့်ရဖို့၊ အာဆင်နယ်မှာ ကစားခွင့်ရဖို့ဆိုတဲ့ မက်လုံးနဲ့ အမ်းမရိတ်ကို ပြောင်းရွှေ့ဖို့ စိတ်၀င်စားနိုင်တဲ့ ကစားသမားတွေလည်း ရှိပါတယ်။ 

နောက်တစ်ချက်ကတော့ အာဆင်နယ်အနေနဲ့ ချန်ပီယံလိဂ် ၀င်ခွင့်မရခဲ့ရင်ဝောာင် ယူရိုပါလိဂ်၀င်ခွင့် တစ်နေရာကတော့ သေချာပေါက် ကျန်ရှိနေပါသေးတယ်။ ပရီးမီးယားလိဂ်လို ပြိုင်ဆိုင်မှုပြင်းထန်တဲ့၊အကျော်ကြားဆုံးဖြစ်တဲ့ လိဂ်မှာ ကစားခွင့်ရမယ်၊ အာဆင်နယ်မှာလည်း ကစားခွင့်ရမယ်၊ စိတ်အားထက်သန် နေတဲ့ ခွန်အားအပြည့် စည်းလုံးညီညွတ်မှု အပြည့်နဲ့ လူငယ်မန်နေဂျာနဲ့ လူငယ်ကစားသမားအများစုရှိတဲ့ အသင်းလည်း ဖြစ်တယ် ၊ဥရောပ၀င်ခွင့်တစ်နေရာလည်း ရှိနေတယ် ဆိုတဲ့ အချက်ဟာလည်း ကစားသမားတွေခေါ်ယူတဲ့နေရာမှာ အသုံး၀င်လာဖို့ ရှိပါတယ်။

Advertisement

Leave a Reply

%d bloggers like this: