အမ်မရီနဲ့ ပတ်သက်ပြီး အာဆင်နယ်ဟာ စိတ်ရှည်ခဲ့သင့်တယ်လို့ ဆိုတဲ့ အာဆင်၀င်းဂါး

အူနိုင်းအမ်မရီဟာ ဗီလာရီးရဲလ်ကို ချန်ပီယံလိဂ်ဖိုင်နယ်ရောက်လုနီးပါးဖြစ်အောင် ပို့ဆောင်ပေးခဲ့ပြီးတဲ့နောက် အာဆင်နယ်ဟာ အတိတ်မှာ စပိန်သားကြီးကို အာဆင်နယ်နည်းပြအဖြစ် လုံလောက်တဲ့ အချိန်မပေးခဲ့ဘူးလို့ အာစင်ဝင်းဂါးက ယုံကြည်နေပါတယ်။ 

အသင်းရဲ့သက်တော်ရှည်မန်နေဂျာကြီး အာဆင်ဝင်းဂါး အနားယူသွားတဲ့နောက် သူ့ရဲ့နေရာမှာ အစားထိုးဖို့ ရွေးချယ်ခံခဲ့ရတဲ့ အူနိုင်းအမ်မရီဟာ ၂၀၁၈ မှာ အာဆင်နယ် နည်းပြရာထူးကနေ နုတ်ထွက်ခဲ့ရတာ ဖြစ်ပါတယ်။ 

အမ်မရီဟာ အာဆင်နယ်နည်းပြမဖြစ်မီမှာ ဆီဗီလာအသင်းနှင့်အတူ ယူရိုပါလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။သူ့ရဲ့ အာဆင်နယ်နည်းပြဘ၀ ပထမဆုံးရာသီမှာ အသင်းကို ထိပ်ဆုံးလေးသင်း၀င်အောင် ပို့ဆောင်နိုင်လုနီးပါးဖြစ်ခဲ့ပေမယ့် ကပ်လွဲခဲ့ပြီး ယူရိုပါလိဂ်ဖိုင်နယ်ဆီ အသင်းကို ပို့ဆောင်ပေးခဲ့ပါတယ်။ ဗိုလ်လုပွဲမှာတော့ အာဆင်နယ်က ချဲလ်ဆီးကို ရှုံးနိမ့်ခဲ့ပြီး ချန်ပီယံလိဂ်၀င်ခွင့် ဆုံးရှုံးခဲ့ပါတယ်။ 

သူ့ရဲ့ အာဆင်နယ်နည်းပြဘ၀ ဒုတိယမြောက်ရာသီမှာ ရလဒ်ဆိုးတွေနဲ့အတူ အမ်မရီဟာ ထုတ်ပယ်ခံခဲ့ရပြီးနောက် ဗီလာရီးယဲလ်ကို တာ၀န်ယူခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီက ဗီလာရီးရဲနဲ့အတူ ယူရိုပါလိဂ်ဖလားကို ရယူနိုင်ခဲ့တဲ့အတွက် အမ်မရီဟာ နာမည်ကောင်းပြန်ရလာခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ အမ်မရီရဲ့ ဗီလာရီးရဲဟာ လီဗာပူးလ်က်ု ပထမပိုင်းမှာ နှစ်ဂိုးသွင်းယူခဲ့ပြီး ကြိုးကြာနီတွေကို ချေမှုန်းဖို့ နီးစပ်ခဲ့ပါသေးတယ်။ ဒုတိယပိုင်းမှာတော့ လီဗာပူးလ်အသင်းရဲ့ သွင်းဂိုးတွေကို ပြန်လည်ခွင့်ပြုခဲ့ရပြီး ဆီမီးဖိုင်နယ်အဆင့်နဲ့ပဲ ချန်ပီယံလိဂ်ပြိုင်ပွဲကို နှုတ်ဆက်ခဲ့ရပါတယ်။ကွာတားဖိုင်နယ်အဆင့်မှာ ဘိုင်ယန်မြူးနစ်ကို ဖြုတ်ချပြနိုင်ခဲ့တဲ့ အူနိုင်းအမ်မရီရဲ့စွမ်းဆောင်ရည်တွေက တကယ်ကို ချီးကျူးစရာဖြစ်ပါတယ်။ဒါကြောင့် အာဆင်ဝင်းဂါးက အာဆင်နယ်ဟာ အမ်မရီကို အမ်းမရိတ်စ်ကနေ ထွက်ခွာခွင့်ပေးခဲ့တာ အရမ်းမြန်လွန်းတယ်လို့ အခိုင်အမာ ပြောဆိုခဲ့ပါတယ်။ 

 “သူတို့က သူ့ကို(အမ်မရီကို) အချိန်အလုံအလောက်မပေးဘူး၊ ဒီအတွက် ပြောစရာတွေ အများကြီးရှိတယ် လို့ ဝင်းဂါးက beIN Sports ကို ပြောကြားခဲ့ပါတယ်။ 

ဥပမာဆိုရင် အုပ်စုအဆင့်မှာ မအောင်မြင်တဲ့အသင်းတစ်သင်းက ယူရိုပါလိဂ်မှာ ကစားနိုင်တာ မှန်ပါသလား။” 

 “ပြီးခဲ့တဲ့ 10 နှစ်အတွင်း ချန်ပီယံလိဂ်မှာ မအောင်မြင်တဲ့အသင်းတွေဟာ UEFA ဖလားကို ဆက်လက်ရယူနိုင်ခဲ့ပါတယ်။  ဒါကြောင့် သူဟာ ချန်ပီယံလိဂ်မှာ မအောင်မြင်တဲ့အသင်းတစ်သင်းကို ယူရိုပါလိဂ်မှာ အောင်မြင်တဲ့အသင်းအဖြစ် ဆီဗီးလားကို ပြောင်းလဲခဲ့ပါတယ်။ 

 “အားကစားမှာ ဂုဏ်သိက္ခာထက် ဆုဖလားကို အလေးထားဖို့က ပိုအရေးကြီးတယ်။  အူနိုင်းအမ်မရီဟာ ကြီးကျယ်ခမ်းနားတဲ့ နည်းပြတစ်ယောက်လို့ ကျွန်တော်ထင်ပါတယ်၊ သူက စပိန်မှာ သူ့ရဲ့အရည်အသွေးကို ပြသခဲ့ပြီး ထိပ်တန်းအဆင့်မှာ အမြဲရှိနေတာပါ။” 

 အာဆင်နယ်အနေနဲ့  အမ်မရီကို ဒီထက်ပိုစိတ်ရှည်ရှည်နဲ့ အချိန်ပိုပေးခဲ့သင့်တာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။  ဒါပေမယ့် ဘောလုံးမှာ မန်နေဂျာတစ်ယောက်ရဲ့ကောင်းခြင်း၊ ဆိုးခြင်းကို သူ့ရဲ့နောက်ဆုံးပွဲစဥ်ရလဒ်တွေနဲ့ ဆုံးဖြတ်တတ်တာဖြစ်ပါတယ်။  အာဆင်နယ်အတွက် အမ်မရီကို မလွဲမသွေထုတ်ပယ်ရမယ့်အချိန်မျိုးရောက်လာလို့သာ ဒီလိုမျိုးဆုံးဖြတ်ချက်ချခဲ့ရတာ ဖြစ်ဖို့များပါတယ်။  နောက်ပြီး အာတီတာအနေနဲ့လဲ ဝင်းဂါးရဲ့ မှတ်ချက်ပေါ်ထွက်လာချိန်နဲ့ သူ့ရဲ့ရလဒ်တွေကောင်းနေချိန်တိုက်ဆိုင်သွားတာလဲ ကံကောင်းမှုတစ်ခုလို့ ဆိုရပါမယ်။ မဟုတ်ရင် Arteta Out အသံတွေမှာ ဝင်းဂါးမှတ်ချက်ကပါ ဝင်ရောက်အားဖြည့်သွားနိုင်တဲ့ အနေအထားမှာရှိနေပါတယ်။

အူနိုင်းနေရာမှာ အစားထိုးခဲ့တဲ့ မီကယ် အာတီတာ ဟာ ကလပ်အတွက် ဆုဖလား ၂ လုံး ဆွတ်ခူး ခဲ့ပြီး ဒီရာသီ အကုန်မှာ အသင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲဆီ ပြန်လည်ခေါ်ဆောင်သွားနိုင်ဖို့ ရှိနေပါတယ်။

Advertisement

Leave a Reply

%d bloggers like this: