နောက်ဆုံးရ အာဆင်နယ် သတင်းများ (6May)

အာဆင်နယ်ရဲ့ ဒဏ်ရာအခြေအနေကို ပြောပြလာတဲ့ ချားလ်ဝက်စ်

Goal သတင်းထောက်ချားလ်ဝက်စ်ကတော့ အာဆင်နယ်အသင်းမှာ အဓိက ကစားသမား ၃ ယောက်အထိ ဒဏ်ရာရနေတဲ့အကြောင်းသူ့ရဲ့ Youtube Channel  ကနေ အခုလိုပြောပြလာပါတယ်။

“  ကျွန်တော်နားလည်ထားသလောက်ပြောရရင်  အသင်းမှာ ဆာကာ ၊ တိုမီယာစုနဲ့  ဘန်ဝှိုက်တို့  ၃ ယောက်စလုံးက ဒဏ်ရာပြသနာရှိနေကြပါတယ်။ ပြီးတော့ သူတို့  ၃ ယောက်စလုံးက စောင့်ကြည့်အနေအထားမှာပါ။  ဘန်ဝှိုက်အနေနဲ့ ကုသမှုခံယူဖို့အတွက်သီးသန့်လုပ်နေတာမျိုးမဟုတ်ပဲ အသင်းနဲ့တော့တူတူရှိနေပါတယ်။  သူကစားနိုင်မလားဆိုတာတော့ ကျွန်တော်လဲသေချာပေါက်မပြောနိုင်ပါဘူး ..  ကျန်တဲ့ ၂​ယောက်ကတော့အဆင်ပြေပါတယ်။  အာတီတာရဲ့ သတင်းစာရှင်းလင်းပွဲအထိစောင့်ကြည့်ကြတာပေါ့ဗျာ “ ဆိုပြီးသူ့ရဲ့သတင်းရင်းမြစ်ကို ကိုးကားပြီးပြောဆိုလာခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်လက်သွက်ဖို့ လိုလာတဲ့  အန်ကန်ကူ

အာဆင်နယ်အသင်းရဲ့ ပစ်မှတ်ကစားသမားတစ်ဦးဖြစ်တဲ့ အန်ကန်ကူဟာ  ရာသီကုန်မှာ လက်ရှိအသင်း လိုက်ဇစ်ကနေ ထွက်ခွာချင်နေကြောင်း ပြင်သစ်သတင်းစာ L Equippe ကပြောကြားလာခဲ့ပါတယ်။  အဆိုပါအခြေအနေဟာ  အန်ကန်ကူကို သဘောကျနေတဲ့ အာဆင်နယ်အတွက် အချက်ပေးသံ ဖြစ်တယ်ဆိုပြီး Football London ကလည်းထပ်ဆင့်ရေးသားလာခဲ့ပါတယ်။  အာဆင်နယ်ဟာ လာမယ့်ရာသီမှာ တိုက်စစ်ပိုင်း အကြီးအကျယ်အပြောင်းအလဲလုပ်ရမှာဖြစ်ပေမယ့် အခုချိန်ထိတော့ တိုးတက်မှုတစုံတရာမတွေ့ရှိရသေးပါဘူး။

နယ်လ်ဆင်ဟာ ပေပေကိုရောင်းချဖို့ အကြောင်းပြချက်ကောင်းဖြစ်တယ်လို့  ဆိုလာ

ဖီယင်နုဒ်အသင်းမှာအငှားထွက်ကစားရင်းခြေစွမ်းပြနေတဲ့ အသင်းရဲ့ ခြံပေါက်လူငယ်ကစားသမားနယ်လ်ဆင်ကြောင့် ပေပေကိုရောင်းထုတ်ပြီးရင်အစားထိုးဖို့ ကစားသမား အသင့်ရှိနေကြောင်း The Boot Room က ရေးသားလာပါတယ်။ နယ်လ်ဆင်ဟာ နောက်ဆုံး ၃ ပွဲမှာ   ၂ ဂိုးသွင်းပြီး  ၄ ကြိမ်ဖန်တီးပေးထားနိုင်တာဖြစ်ပါတယ်။  လတ်တလောမှာလည်း အသင်းနဲ့အတူ ယူရိုပါကွန်းဖရန့်လိဒ်ဖိုင်နယ်ကို တက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။ ဖိုင်နယ်မှာတော့ အာဆင်နယ်အသင်းဖော်ဟောင်း နိုင်းလ်စ်ပါဝင်ကစားနေတဲ့ ရိုးမားအသင်းနဲ့ တွေ့ဆုံရမှာဖြစ်ပါတယ်။

အာဆင်နယ်ကို ထပ်ငြင်းလိုက်တဲ့ အန်ကတ်တီယား

အာဆင်နယ်အသင်းဟာ  သူတို့ရဲ့တိုက်စစ်မှုးလေး အန်ကတ်တီယာကို  ထပ်မံကြိုးစားမှုမှာလည်း ငြင်းပယ်ခံခဲ့ရတယ်လို့သိရပါတယ်။  အသက်  ၂၂ အရွယ်တိုက်စစ်မှုးလေးဟာ လတ်တလောမှာ ခြေစွမ်းပြနေခဲ့တာဖြစ်ပြီး  ခရစ္စတယ်ပဲလေ့စ်အပါအဝင်အသင်းများစွာရဲ့ ခေါ်ယူလိုခြင်းကိုခံနေရသူလည်းဖြစ်ပါတယ်။  The Sun သတင်းစာရဲ့ဖော်ပြချက်အရ  အန်ကတ်တီးယားဟာ  ဗီအဲရာရဲ့ အဓိက နွေရာသီပစ်မှတ်ဖြစ်တယ်လို့ သိရပါတယ်။

အမ်မရီကို အချိန်မပေးခဲ့ဘူးလို့ ဝင်းဂါး ဝေဖန်

နည်းပြကြီး အာဆင်ဝင်းဂါးက  အာဆင်နယ်အနေနဲ့  နည်းပြဟောင်းအမ်မရီကို လုံလောက်တဲ့အချိန်တစ်ခုမပေးခဲ့ကြောင်းအခုလိုပဲပြောလာခဲ့ပါတယ်။

”သူတို့က အူနိုင်းကို အချိန်အလုံအလောက်မပေးခဲ့ကြပါဘူး။ အူနိုင်းဟာ မအောင်မြင်တဲ့အသင်းတွေကို အောင်မြင်တဲ့အသင်းဖြစ်လာအောင် လမ်းပြပေးနိုင်ခဲ့သူပါ။ ဥပမာကောင်းဆိုရင်တော့ ဆီဗီးလားမှာတုန်းကပေါ့။ တကယ်တော့ ဖလားတွေရဖို့ထက် ကောင်းကောင်းကစားနိုင်ဖို့လည်း လိုတော့လိုပါတယ်။ သို့သော် အူနိုင်းဟာ နည်းပြကောင်းတစ်ယောက်ဆိုတာကို တော့ပြသထားနိုင်ခဲ့ပြီးသားပါ။” ဆိုပြီး ပြောကြားခဲ့ပါတယ်။ အူနိုင်းရဲ့လက်ရှိရာသီအောင်မြင်မှုတွေကြောင့်လည်း  လက်ရှိနည်းပြအာတီတာနဲ့ နှိုင်းယှဥ်မှုတွေရှိနေတာဖြစ်ပါတယ်။

Advertisement

Leave a Reply

%d bloggers like this: