ချန်ပီယံလိဂ်ဖိုင်နယ်မှာ သူလုပ်ခဲ့မိတဲ့ အမှားတစ်ခုကို ဝန်ခံပြောကြားလိုက်တဲ့ အာဆင်ဝင်းဂါး

အာဆင်နယ်နည်းပြဟောင်း အာဆင်ဝင်းဂါးဟာ အာဆင်နယ်အသင်းနဲ့အတူ ၂၀၀၆ခု နှစ်မှာ ချန်ပီယံလိဂ်ဖိုင်နယ်ကို ရောက်ရှိခဲ့ပြီး စပိန်ကလပ်ဘာစီလိုနာအသင်းနဲ့ ကစားခဲ့ရပါတယ်။ ပွဲအစ ၁၃မိနစ်မှာတင် ဂိုးသမား ယန်းလေမန်း အနီကတ်ထိခဲ့တာကြောင့် ဗျူဟာပြောင်းလဲ ကစားခဲ့ရပြီးတော့ အရန်ဂိုးသမား အယ်လ်မူနီယာကို ထည့်သွင်းဖို့ အသင်းရဲ့ အဓိကတောင်ပံကစားသမား ရောဘတ်ပီရက်စ်ကို လူစားလဲပစ်ခဲ့ပါတယ်။

ဒါပေမယ့် အာစင်ဝင်းဂါးဝန်ခံခဲ့တဲ့ သူ့ရဲ့ နည်းစနစ်အမှားအယွင်းဟာ ပီရက်စ်ကို လူစားလဲခဲ့တာမဟုတ်ပါဘူး။ အာစင်ဝင်းဂါးက ဂျာမန်မီဒီယာ beIN နဲ့ တွေ့စဥ်မှာ ပြောကြားခဲ့တာဖြစ်ပြီး

ကျွန်တော် အချိန်ခဏလေးအတွင်းမှာ အားလုံးကို ဆုံးဖြတ်ရတာပါ။ ပီရက်စ်ကို လူစားလဲတာက မှန်ကန်ခဲ့ပါတယ်။ ကွင်းထဲမှာကျန်နေခဲ့တဲ့ တောင်ပံကစားသမား လှက်ဘ်က ဘယ်ညာတောင်ပံနှစ်ဖက်လုံး လွန်းထိုးကစားနိုင်တာကြောင့် ပိရက်စ်နေရာကို ဖြည့်ဆည်းနိုင်ပါတယ်။ ဒါပေမယ့် တကယ့်အမှားအယွင်းကတော့ ပွဲပြီးဖို့ ၁၅မိနစ်အလို တစ်ဂိုး ဂိုးမရှိနဲ့ ဦးဆောင်နိုင်နေတဲ့အချိန်မှာ ဖာဘရီဂတ်စ်ကို ထုတ်ပြီး ဖလာမီနီကို ထည့်ခဲ့မိတာပါ။ တကယ်တော့ ကျွန်တော် အဲ့ဒီအချိန်မှာ ခံစစ်အတွင်းလူနောက်တစ်ယောက်ကို ထပ်ထည့်ပြီး သုံးယောက်တန်းခံစစ်နဲ့ ကစားခဲ့ရင် ရလဒ်က တစ်မျိုးတစ်ဖုံ ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော် ပြောခဲ့သလိုပဲလေ။ ကျွန်တော်က အချိန်ခဏလေးအတွင်းမှာ အမြန် ဆုံးဖြတ်ခဲ့ရတာပါ။ လို့ ပြန်ပြောင်း ပြောပြခဲ့တာပါ။

အဆိုပါပွဲစဥ်မှာ အာဆင်နယ်အသင်းဟာ ၇၄မိနစ်မှာ ဖလာမီနီကို ဖာဘရီဂတ်စ်နဲ့ လူစားလဲလှယ်ခဲ့ပြီးနောက် ၇၆မိနစ်နဲ့ ၈၀မိနစ်တွေမှာ ချေပဂိုးရော အနိုင်ဂိုးပါ ခွင့်ပြုပေးခဲ့ရပြီး အသင်းရဲ့သမိုင်းတစ်လျှောက် ပထမဆုံးဖြစ်လာမယ့် ချန်ပီယံလိဂ်ဆုဖလားနဲ့ လွဲချော်ခဲ့ရပါတယ်။

အာဆင်နယ်အသင်းကို အားပေးတဲ့ နောက်ပိုင်းမျိုးဆက်ရဲ့ ရင်ထဲမှာ ဘာကု  မြို့ကရှုံးပွဲက ရင်ထဲမှာစူးနစ်နေခဲ့တာဖြစ်ပြီး ၊  Long term  ပရိတ်သတ်တွေအတွက်ကတောပိုပြီးနာကျင်စရာများတယ်လို့ဆိုရမှာပါ။ ဒါပေမယ့်လည့်  လာမည့်နှစ်တွေမှာတော့ ထိုအခြေအနေတွေကနေ ပြန်လည်ရုန်းထနိုင်ဖွယ်ရှိနေတယ်လို့  ဆောင်းပါးရှင်အများစုကသုံးသပ်ထားကြပါတယ်။

Advertisement

Leave a Reply

%d bloggers like this: