ရှင်သန်လာသော အိမ်မက်များ

သူကစားတာတကယ်ကောင်းပါတယ်။ ဒါပေမယ့် ထိရောက်တဲ့အခွင့်ကောင်းတွေကိုဖန်တီးပေးဖို့အတွက် သူရုန်းကန်နေရပါတယ်။  နယ်ဆင်က  ဘောလုံးကျွမ်းကျင်မှုကောင်းတယ်   မြန်နှုန်းမြင့်ပြီး  လျှင်မြန်တဲ့အတိုးအလှုပ်တွေနဲ့တိုက်စစ်ဆင်နေတယ် .. ဒါပေမယ့် အဆုံးသတ်လုပ်ဆောင်ချက်တွေတော့ ပျောက်ဆုံးနေခဲ့တယ်။

ကစားသမားတစ်ယောက်ဟာ  ဖန်တီးမှုတွေပြုလုပ်ပေးနိုင်ဖို့လဲ့ အဓိက မကျပါဘူး ဂိုးသွင်းယူဖို့လဲ အမြဲမလိုအပ်ပါဘူး။  ကွင်းထဲမှာ လိုအပ်တဲ့အတိုင်းအကောင်းဆုံးကစားနေဖို့ဟာ ဘောလုံးကစားခြင်းရဲ့ အနှစ်သာရဖြစ်ပါတယ်။ ဖိယင်နုဒ်လိုအသင်းရဲ့တောင်ပံမှာကစားရပြီဆိုရင်  အဲ့ဒီကစားသမားဆီက မျှော်လင့်ထားတဲ့အရာတွေအများကြီးရှိနေပါတယ်။

ဒါကတော့ ဖီယင်နုဒ်အသင်းရဲ့နည်းပြဖြစ်သူ  ဇန်နဝါရီလတုန်းကပြောခဲ့တဲ့စကားတွေပဲဖြစ်ပါတယ်။ အဲ့ဒီတုန်းကတော့  နယ်ဆင်က အာဆင်နယ်ရဲ့ ကျရှုံးမှုတစ်ခုဖြစ်လာမယ်ဆိုတာမျိုးကို လူတိုင်းနီးပါးပြောခဲ့ကြပါတယ်။ မျှော်လင့်ထားသလောက်ဖြစ်မလာဘူးဆိုတဲ့ သဘောဆောင်တာပေါ့။ ဒါပေမယ့် အခုရက်ပိုင်းမှာတော့  အားလုံးကပြောင်းပြန်ဖြစ်ခဲ့ပါပြီ။ အချို့သောပရိတ်သတ်တွေကလည်း ပေပေနေရာမှာ အစားဝင်မယ့်သူအဖြစ်မျှော်လင့်နေကြပြီဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် နယ်ဆင်တစ်ယောက်အခုလိုခြေစွမ်းပြလာတာဟာ အာဆင်နယ်အတွက် မဟုတ်ရင်တောင် သူ့အတွက် သိပ်ကောင်းပါတယ်။  ဥရောပအဆင့်မှာ တူတူတန်တန်စွမ်းဆောင်ရည်တစ်ခုပြသထားခြင်းဟာ လာမယ့်နှစ်အတွက်ပါ အာဆင်နယ်အတွက်အားအင်ဖြစ်ပါတယ်။

သွင်းဂိုးတွေနဲ့ ဖန်တီးမှုတွေကို ခနထားလိုက်ပါ။ ဒီနံပါတ်တွေကို နေရာတိုင်းမှာမြင်နေနိုင်ပါတယ်။ ကစားပုံကတော့ စာရေးသူလေ့လာမိသလောက် အခြေခံအားဖြင့် အရင်ကလိုပါပဲ .. ဒါပေမယ့် ကွာခြားသွားတာက အရင်ကလို အဆိုး + အကောင်းရောနေတာမဟုတ်တော့ပဲ ကောင်းကွက်တွေများလာတာပါ။ ဒါဟာ ရေသစ်မြေသစ်မှာ ပွဲထွက်ခွင့်များလာခြင်းရဲ့ အကျိုးကျေးဇူးဖြစ်ပါတယ်။  အငှားထွက်ကစားလိုက်ခြင်းဟာ အာဆင်နယ်အတွက်ရော ၊  နယ်ဆင်အတွက်ပါ အကျိုးများခဲ့တာသေချာပါတယ်။ သူ့ကိုယ်သူရှာဖွေနိုင်ခဲ့သော  နယ်ဆင် ပေါ့။

ဟေးအန်းသားတွေဟာ  အာဆင်နယ်ရဲ့ မျှော်လင့်ချက်ဖြစ်လာခဲ့ပါပြီ။  လာမယ့်နှစ်ဥရောပကိုသွားတဲ့ခရီးမှာ  အာဆင်နယ်အသင်း လူလိုပါတယ်။  အရည်အသွေးတွေ  ၊ ကမ္ဘာ့ဆင့်မှီခြင်း မမှီခြင်းတွေ ခနထား  ကစားသမားကိုလိုအပ်ပါတယ်။ ဒါကြောင့်  နယ်ဆင်ခြေစွမ်းပြတာဟာ  ပေါင် သန်း ၃၀ လောက်သက်သာသွားစေမယ့် အနေအထားတစ်ရပ်ဖြစ်တာကြောင့် ဘယ်ဖက်ကကြည့်ကြည့်သင့်တော်တဲ့ ကိစ္စပဲဖြစ်ပါတယ်။  လောလောဆယ်မှာလဲ ဥရောပအဆင့်ပြိုင်ပွဲတစ်ခုမှာ ဗိုလ်စွဲဖို့အခွင့်အရေးတစ်ခုရရှိနေခဲ့ပြီဖြစ်ပါတယ်။

Advertisement

Leave a Reply

%d bloggers like this: