အူနိုင်းအမ်မရီသာရှိသေးရင် အာဆင်နယ်မှာ ဆက်မြင်နေရမယ့် ကစားသမား ၅ယောက်

အူနိုင်းအမ်မရီဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ညမှာ လိဗာပူးလ်အသင်းနဲ့ ရင်ဆိုင်ခဲ့ရပြိး ခြေစွမ်းပြကစားနိုင်ခဲ့ပေမယ့်လည်း နှစ်ကျော့ပေါင်းရလဒ် ၅ – ၂ဂိုးနဲ့ ရှုံးနိမ့်ခဲ့လို့ ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရပါတယ်။ အဆိုပါပွဲကို ဝေဖန်သုံးသပ်ခဲ့တဲ့ အာဆင်နယ်ဂန္တဝင်နည်းပြကြီး အာစင်ဝင်းဂါးကတော့ ဒီစပိန်နည်းပြကို အာဆင်နယ်က ထုတ်ပယ်တာ စောလွန်းခဲ့တယ်လို့ မှတ်ချက်ပြုခဲ့ပြီး အာဆင်နယ်ပရိတ်သတ်တွေကလည်း ခုနေအခါမှာ အူနိုင်းအမ်မရီရဲ့ နည်းပြနိုင်မှုစွမ်းရည်ကို စုပ်တစ်သပ်သပ်နဲ့ အားကျနေကြရပါတယ်။

အာတီတာကို ပိုင်ဆိုင်ထားရတဲ့အာဆင်နယ်ဟာ FA ဖလားလည်း ရရှိခဲ့ပြီးပြီဖြစ်ပေမယ့် ဥရောပအဆင့်အောင်မြင်မှုတွေကို ဆာလောင်နေတာဖြစ်ပြီး အူနိုင်းအမ်မရီနဲ့တုန်းက အာဆင်နယ်ဟာ ယူရိုပါလိဂ်ဖိုင်နယ်ကို တက်ရောက်ခဲ့ဖူးပါတယ်။ အူနိုင်းကလည်း အာဆင်နယ်က ထွက်ခွာခဲ့ပြီးမှ ယူရိုပါလိဂ် ဆွတ်ခူးခဲ့ပြီးပြီဖြစ်သလို ဒီနှစ်မှာလည်း ချန်ပီယံလိဂ်မှာ နာမည်ကြီး ဘေယန်တို့ကိုဖြုတ်ချပြီး ဆီမီးဖိုင်နယ် တက်ရောက်လာတာပါ။ ​ဒါကြောင့်မို့လို့ ရောက်လေရာအသင်းကြီးဖြစ်စေ၊ အသင်းငယ်မှာဖြစ်စေ အစွမ်းပြနိုင်လေ့ရှိတဲ့ အူနိုင်းအမ်မရီသာ အာဆင်နယ်မှာဆက်ရှိနေဦးမယ်ဆို အသင်းမှာ ဆက်ကစားနေရမယ့် ၅ဦးစာရင်းကို Express သတင်းဌာနကနေ ခုလိုပဲ ထုတ်ဖော်ပြသလိုက်ပါတယ်။

 မတ်တီယိုဂွမ်ဒူဇီ

ဂွမ်ဒူဇီဟာ အသက် ၁၉နှစ်ရွယ်မှာပဲ အူနိုင်းအမ်မရီရဲ့ ခေါ်ယူမှုနဲ့ အာဆင်နယ်ကို ရောက်လာခဲ့ပါတယ်။ အာဆင်နယ်မှာ အသက်ငယ်ငယ်နဲ့ ပွဲအများစုကစားခွင့်ရခဲ့ပြီး အသက် ၁၉နှစ်နဲ့ အာဆင်နယ်လိုအသင်းမှာ ၄၈ပွဲ ကစားခွင့် ရခဲ့တာဟာ နှယ်နှယ်ရရခြေစွမ်းတော့ မဟုတ်ခဲ့ပါဘူး။ အူနိုင်းထွက်ခွာခဲ့ပြီးနောက် အာတီတာလက်အောက်မှာ စည်းကမ်းမလိုက်နာမှုတွေကြောင့် အငှားထွက်ကစားခဲ့ရပြီး အခုအချိန်မှာ မာဆေးလ်အသင်းနဲ့အတူ ခြေစွမ်းပြကစားနေကာ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ကို တက်ရောက်ထားပါတယ်။

ဝီလီယံဆာလီဘာ

ဆာလီဘာကို နည်းပြအမ်မရီက မျှော်လင့်ချက်ကြီးကြီးမားမား ထားပြီး ခေါ်ယူခဲ့တာပါ။ ပထမဆုံးရာသီမှာ စိန့်အက်တီယန်ကိုပဲ အငှားထွက်ကစားခဲ့ရပြီး နောက်ရာသီမှာ အမ်မရီရဲ့လက်အောက် တိုက်ပွဲဝင်ဖို့ တေးထားခဲ့သူပါ။ ဒါပေမယ့်လည်း အာတီတာရောက်ရှိလာတဲ့နောက် နိုက်စ်၊ မာဆေးလ်တို့ကိုသာ ထပ်မံအငှားထွက်ကစားခဲ့ရသလို အာတေတာကလည်း သူ့နေရာမှာ ဂေဘရီရယ်၊ ဘန်ဝိုက် တို့ကို ခေါ်ယူပြီး သုံးစွဲလျက် ရှိပါတယ်။

အူဘာမီယန်

အူဘာမီယန်ဟာ အမ်မရီလက်အောက်မှာ ပရီးမီးယားလိဂ်ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်ခဲ့သူပါ။ ဒါ့အပြင် ယူရိုပါလိဂ်ဖိုင်နယ်ကိုလည်း အမ်မရီနဲ့အတူ တက်ရောက်နိုင်ခဲ့ပြီး ထိုနှစ်ရဲ့ ယူရိုပါလိဂ်အကောင်းဆုံးအသင်းမှာ ပါဝင်ခဲ့ပါတယ်။ အမ်မရီအတွက် ကစားပေးခဲ့တဲ့ တစ်ရာသီခွဲအတွင်း ဂိုး ၄၀သွင်းယူပေးနိုင်ခဲ့သူမို့ အခုနေ အမ်မရီသာ အာဆင်နယ်ကို ကိုင်တွယ်နေသေးရင် သူနဲ့အတူ အစွမ်းတွေပြနေနိုင်မှာ ဖြစ်ပါတယ်။

ဟက်တာဘယ်လာရင်

ဘယ်လာရင်က အာဆင်ဝင်းဂါးလက်ထက်က ပုံမှန်ပွဲထွက်ခွင့်ရတဲ့ ကစားသမားဖြစ်ခဲ့သလို အမ်မရီရောက်လာချိန်မှာလည်း အသင်းကို ဦးဆောင်ပေးခဲ့သူပါ။ ဒါပေမယ့် အာတီတာရောက်လာတဲ့အချိန်မှာ သူ့နေရာကို အစားထိုးဖို့ ဆီဒရစ်ကို ခေါ်ယူခဲ့သလို ယခုနှစ်မှာလည်း တိုမီယာဆု ရောက်ရှိလာတာကြောင့် ဘက်တစ်မှာ အငှားထွက်ကစားနေရပါတယ်။

လူးကပ်စ်တော်ရဲရား

တော်ရဲရားကို အမ်မရီက သူ့ရဲ့ပထမဆုံးရာသီမှာတင် ပွဲ ၅၀ ကစားခွင့်ပေးခဲ့ပါတယ်။ သူ့ရဲ့ခပ်မာမာကစားပုံက အာဆင်နယ်ကွင်းလယ်မှာ အချိန်အတော်ကြာ ပျောက်ဆုံးနေတဲ့ပုံစံမျိုး ဖြစ်တာကြောင့် ပရိတ်သတ်တွေ အကြိုက်တွေ့ခဲ့ကြသလို အမ်မရီကလည်း သူ့ရဲ့လက်စွဲတော်အဖြစ် ပွဲအတော်များများမှာ အသုံးပြုခဲ့ပါတယ်။ ဒါပေမယ့်လည်း အာတီတာရောက်ရှိလာချိန်မှာတော့ ကွင်းလယ်ကို မြေလှန်ခဲ့ပြီး တော်ရဲရားတစ်ယောက် အက်သလက်တီကို၊ ဖီအိုတို့ဆီ အငှားထွက်ကစားရပါတော့တယ်။

Leave a Reply

%d bloggers like this: