တတိယမြောက် ဂါဘရီယယ်နဲ့ အာဆင်နယ်အလားအလာ

မန်စီးတီးအသင်းဟာ အာဆင်နယ်ပစ်မှတ် ဂါဘရီယယ် ဂျေးဆူ ရဲ့တန်ဖိုးကို ပေါင်သန်း၄၀ သတ်မှတ်ပေးလိုက်ပြီဖြစ်တယ်လို့ Mirror က အခိုင်အမာဆိုလာခဲ့ပါတယ်။ သဘောကတော့ ဂွာဒီယိုလာက သူတို့ရဲ့ တိုက်စစ်မှူးကို လာမယ့်နွေရာသီမှာ အသင်းကနေ ထွက်ခွာခွင့်ပေးလိုက်ပြီဖြစ်ပါတယ်။ 

အာတီတာဟာ မန်စီးတီးအသင်းမှာ လက်ထောက်နည်းပြအဖြစ် တာ၀န်ထမ်းဆောင်ခဲ့စဉ်က ဂျေးဆူ နဲ့အတူ တွဲအလုပ်လုပ်ခဲ့ပြီး သူ့ရဲ့ ခြေစွမ်းကို နှစ်သက်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် လာမယ့်နွေရာသီမှာ ဘရာဇီးလ်သားကို အမ်းမရိတ်ဆီခေါ်ဆောင်ဖို့ အာတီတာက ကြံစည်နေတာ ဖြစ်ပါတယ်။ 

လာမယ့်နွေရာသီမှာ အာဆင်နယ်တိုက်စစ်မှူးတွေဖြစ်တဲ့ အန်ကက်တီးယားနဲ့ လာကာဇက်တို့ အသင်းကနေ ထွက်ခွာရှိနေတာကြောင့် အာဆင်နယ်ဟာ တိုက်စစ်မှူးသစ်ရှာဖွေဖို့ ရှိနေပါတယ်။ ဂျေးဆူ ဟာ အာတီတာရဲ့ နံပါတ်တစ်ဦးစားပေးတိုက်စစ်မှူးဖြစ်ပါတယ်။ 

ဂျေးဆူ ဟာ လတ်တလောမှာ ခြေစွမ်းကောင်းတွေပြသပြီး ပုံမှန်ပွဲထွက်ခွင့်တွေ ဆက်တိုက်ပြန်လည်ရရှိထားပါတယ်။ ဒါပေမယ့်လည်း မန်စီးတီးဟာ လာမယ့်နွေရာသီမှာ ဟာလန်းကို ခေါ်ယူဖို့အတွက် ငွေကြေးအများအပြားသုံးစွဲရမှာ ဖြစ်တာကြောင့် ဂျေးဆူ ကို ထုတ်ရောင်းပြီး ပိုက်ဆံရှာလာဖို့ ရှိနေတယ်လို့ Mirror က ဆိုလာခဲ့ပါတယ်။ 

အာဆင်နယ်အသင်းအနေနဲ့ ဂျေးဆူ ကိုခေါ်ယူဖို့ဆိုရင် မန်စီးတီး အသင်းတောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးပမာဏကိုသာမက ချန်ပီယံလိဂ်၀င်ခွင့်ရဖို့လည်း လိုအပ်နေပါတယ်။ ဂျေးဆူ ဟာ ချန်ပီယံလိဂ်၀င်ခွင့်ရမှသာ အာဆင်နယ်ကို ပြောင်းရွှေ့လာနိုင်ချေရှိပါတယ်။ တကယ်လို့ ဂျေးဆူ သာ အာဆင်နယ်ကို ရောက်လာခဲ့ရင် အသင်းရဲ့ တတိယမြောက် ဘရာဇီးလ်သား စီနီယာ ကစားသမားဖြစ်လာဖို့ ရှိနေပါတယ်။ အသင်းမှာ ရှိနှင့်ပြီးဖြစ်တဲ့ ဘရာဇီးသားတွေက မာတင်နယ်လီနဲ့ဂါဘရီယယ်တို့ဖြစ်ပါတယ်။

Advertisement

Leave a Reply

%d bloggers like this: