နောက်ဆုံးရ အာဆင်နယ် သတင်းများ (4May)

Gabi x Gabi ပြီးရင်  Tom x Tom လာမယ်လို့ ပါတေးပြောလာ

အာဆင်နယ်အသင်းဟာ ဝက်စ်ဟမ်းအသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ အနိုင်ဂိုးကို ဂါဘရီရယ်မာတင်နယ်လီက ဂါဘရီရယ်မက်ဂါဟေးလ်စ်ဆီ ဖြတ်တင်ဘော ပေးပို့ခဲ့တာဖြစ်ပြီး အဆိုပါ ဖြတ်တင်ဘောကို မက်ဂါဟေးလ်စ်က ခေါင်းတိုက် အဆုံးသတ်ခဲ့တာပါ။ ဒါကို အာဆင်နယ်အသင်းရဲ့ တရားဝင် တွစ်တာက Gabi x Gabi လို့ တွစ်ခဲ့ပြီး အဆိုပါတွစ်ကို အာဆင်နယ်ကွင်းလယ်လူ သောမတ်စ်ပါတေးက ” Tom x Tom လည်း မကြာခင် လာတော့မယ် ” လို့ ပြန်လည် တွစ်လုပ်ခဲ့တာပါ။ ဒါဟာ သူ့ကိုယ်သူနဲ့ တိုမီယာဆုကို ရည်ညွှန်းတာဖြစ်ပြီး အာဆင်နယ်ပရိတ်သတ်တွေကတော့ အရေးကြီးတဲ့ပွဲစဥ်တွေမှာ  ပါတေးနဲ့ တိုမီယာစုတို့ပြန်လည်ပါဝင်လာနို်င်ဖို့ မျှော်လင့်နေကြပါတယ်။

အကန်ဂျီကို ယူနိုက်တက်နဲ့အပြိုင်စိတ်ဝင်စားနေ

အာဆင်နယ်တို့ဟာ ဒေါ့မွန်ရဲ့ နောက်ခံလူ အကန်ဂျီကို  မန်ချက်စတာ ယူနိုက်တက်နဲ့အပြိုင်စိတ်ဝင်စားနေတယ်ဆိုပြီး  Sport Bile က ရေးသားဖော်ပြလာပါတယ်။  အဆိုပါ အသက် ၂၆ နှစ်အရွယ် ဆွစ်ဇာလန်သားရဲ့  စာချုပ်ဟာ ၂၀၂၃ ခုနှစ်မှာကုန်ဆုံးတော့မှာဖြစ်ပြီး  ဗဟိုနောက်ခံလူဖြည့်တင်းဖို့ စီစဥ်နေတဲ့ ဂန်းနားတို့အတွက်ရွေးချယ်စရာအဖြစ် ဂျာမန်သတင်းစာက ဖော်ပြလာတာဖြစ်ပါတယ်။

ဘွန်ဒက်စ်လီဂါကလပ်တွေက လိုချင်နေတဲ့  လီနို

အာဆင်နယ်ဂိုးသမားလီနိုကို ခေါ်ယူလိုနေတဲ့ ဘွန်ဒက်စ်လီဂါအသင်းများစွာရှိနေကြောင်း Football London ကဖော်ပြလာပါတယ်။ အဆိုပါ ဂျာမန်သားဟာ  ၂၀၁၈ ခုနှစ်တုန်းက ပေါင် ၁၈.၁သန်းနဲ့လန်ဒန်မြေကိုရောက်ရှိလာတာဖြစ်ပြီး ၊ လက်ရှိအခြေအနေမှာတော့ ပေါင် ၅ သန်းခန့်ရရှီရင်ပဲပြန်လည်ရောင်းချမှာဖြစ်တယ်လို့ သတင်းများကဆိုကြပါတယ်။  ကစားသမားဟာ ပြည်တွင်းကလပ်များနဲ့လည်းသတင်းထွက်နေသေးပေမယ့်  ဘွန်ဒက်စ်လီဂါကိုသာပြန်ဖို့ရှိနေကြောင်း Daily Star ကလည်းဖော်ပြလာပါတယ်။

၄ ပွဲပဲကစားရသေးတယ်လို့ မထင်ရကြောင်း အန်ကတ်တီယားကို  ဒီနေး ချီးကျူး

အာဆင်နယ်နဲ့ ဝက်စ်ဟမ်းပွဲမှာ ဝက်စ်ဟမ်းခံစစ်ကို အကြိမ်ကြိမ် ထိုးဖောက်ကစားခဲ့တဲ့ အန်ကီတီယာရဲ့ ခြေစွမ်းနဲ့ပတ်သက်ပြီး ပရီးမီးယားလိဂ်ကစားသမားဟောင်း ထရွိုင်ဒီနေးက ချီးကျူးခဲ့ပါတယ်။ အာဆင်နယ်တို့ အခွင့်အရေးအများကြီး ရခဲ့တာ သူ့ကြောင့်ပါ။ သူ့ရဲ့ လေးပွဲမြောက် ပရီးမီးယားလိဂ်ပွဲဆိုပေမယ့် သူ့ရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနဲ့ ကစားဟန်တွေကတော့ ထိပ်တန်းပါပဲ။ လာကာဇက်ကိုတောင် အရန်ခုံမှာ ခေါက်ထားနိုင်ခဲ့ပါပြီ။ သူ ဒီပွဲ ဂိုးမသွင်းနိုင်ပေမယ့် နောက်ပွဲတွေ သွင်းနိုင်လာမယ်လို့ ထင်ပါတယ်။ သူ့ဟာ ကစားသမားကြီးတစ်ယောက်ရဲ့ ရင့်ကျက်မှုမျိုးကို ပြသနိုင်ခဲ့ပါတယ် လို့ ဝက်ဒ်ဖို့ဒ်နဲ့အတူ ပရီးမီးယားလိဂ်မှာ တောက်ပခဲ့ဖူးတဲ့ ကစားသမားကြီး ထရွိုင်ဒီနေးက ချီးကျူးခဲ့ပါတယ်။

ဂျေးဆူအတွက် သန်း ၄၀ လိုချင်နေတဲ့စီးတီး

မန်စီးတီးအသင်းကတော့ သူတို့တိုက်စစ်မှုး ဂေဘရီရယ်ဂျေးဆုကို ပေါင် သန်း၄၀ သတ်မှတ်ပေးထားကြောင်း သိရပါတယ်။ ဂေဘရီရယ်ကို အာဆင်နယ်ရဲ့ဘော့စ် မီခေးအာတီတာက အကြိုက်တွေ့နေပြီး သူ့ရဲ့ မန်စီးတီးလက်ထောက်နည်းပြဘဝက ရင်းနှီးမှုကို အသုံးချကာ အဆိုပါဘရားဇီးသားကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေတာပါ။ အာဆင်နယ်အသင်းရဲ့ ဥရောပဝင်ခွင့်ကလည်း ကစားသမားအတွက် ဆွဲဆောင်မှုတစ်ခု ဖြစ်လာမှာ ဖြစ်ပြီး မန်စီးတီးက အာလင်းဟာလန်းကို ၆၄သန်း သုံးရမှာဖြစ်တာကြောင့် ဂျေးဆုဆီကနေ သန်း၄၀လောက် ပြန်ရချင်နေတာဖြစ်တယ်လို့ သတင်းများကဆိုပါတယ်။

Leave a Reply

%d bloggers like this: