မာတင်အိုဒီဂတ် သို့မဟုတ် အာဆင်နယ်အတွက် သင့်လျော်တဲ့ အသင်းခေါင်းဆောင်လား

ပြီးခဲ့တဲ့နှစ်တွေမှာ အာဆင်နယ်ဟာ အသင်းကို ဦးဆောင်နိုင်တဲ့ ခေါင်းဆောင်ကောင်း မရှိတဲ့ပြဿနာကို ကြုံတွေ့ခဲ့ရပါတယ်။ မန်နေဂျာဟောင်း အူနိုင်းအမ်မရီရော၊ လက်ရှိမန်နေဂျာ အာတီတာပါ အသင်းအတွက် မှန်ကန်တဲ့ခေါင်းဆောင်ကောင်း ရှာတွေ့ဖို့ ရုန်းကန်ခဲ့ရပါတယ်။ 

ဒီဘောလုံးရာသီအစမှာ အသင်းခေါင်းဆောင်ဖြစ်ခဲ့သူက  အူဘာမီယန်းဖြစ်ပါတယ်။ ဇန်နဝါရီမှာ ဂါဘွန်သားကြီးဟာ အသင်းကနေ ထွက်ခွာသွားပြီးတဲ့နောက် လာကာဇက်က အသင်းခေါင်းဆောင်တာ၀န်ကို လွှဲပြောင်းရယူခဲ့ပါတယ် 

ကိုဗစ်ကူးစက်မှုကြောင့် လာကာဇက်တီမပါ၀င်နိုင်တဲ့အချိန်မှာ ဒုတိယအသင်းခေါင်းဆောင်ဖြစ်သူ တီယာနေးကလည်း ဒဏ်ရာရနေတာကြောင့် အာတီတာဟာ အိုဒီဂတ်ဆီ ကပ္ပတိန်လက်ပတ်ကိုပေးခဲ့ပါတယ်။ လက်ရှိမှာ လာကာဇက်ဟာ ဒဏ်ရာက ပြန်သက်သာလာပေမယ့် သူ မရှိချိန်မှာ ပုံမှန်ပွဲထွက်ခွင့်ရနေပြီး ခြေစွမ်းပြနေတဲ့ လူငယ်တိုက်စစ်မှူးအန်ကက်တီးယားကြောင့် ပြင်သစ်သားကြီးဟာ အရန်ခုံမှာပဲ ရှိနေရပါတယ်။ တီယာနေးက‌လည်း ရာသီကုန်အထိ အနားယူရမှာ ဖြစ်တာကြောင့် လက်ကျန်ပွဲစဉ်တွေမှာ အိုဒီဂတ်ကပဲ ကပ္ပတိန်တာ၀န်ကို ဆက်ထမ်းဆောင်ရဖို့ ရှိနေပါတယ်။ 

မကြာသေးမီက ပြုလုပ်ခဲ့တဲ့ အင်တာဗျူးလ်တစ်ခုမှာ ရှာကာက သူ့အနေနဲ့ အသင်းကသာ တာ၀န်ပေးလာခဲ့ရင် အသင်းခေါင်းဆောင်အဖြစ် တဖန်တာ၀န်ယူဖို့ အသင့်ရှိနေတယ်လို့ဆိုလာခဲ့ပါတယ်။ ဒီတော့ အာတီတာအနေနဲ့ လာမယ့် ဘောလုံးရာသီသစ်မှာ ဘယ်သူ့ကို အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်သွားမလဲဆိုတာ ပရိသတ်တွေအတွက် တကယ်ကို စိတ်၀င်စားစရာပါပဲ။ လက်ရှိမှာ ‌ချဲလ်ဆီး၊ မန်ယူ၊ ၀က်စ်ဟမ်းတို့ကို အနိုင်ယူထားတဲ့ ယာယီကပ္ပတိန်အိုဒီဂတ်လား၊ ဒုအသင်းခေါင်းဆောင် အိုဒီဂတ်လား၊ တကျော့ပြန်ရှာကာလား စသဖြင့် ဂန်းနားကပ္ပတိန်သစ် ဘယ်သူဖြစ်လာမလဲဆိုတာ အားလုံးက စိတ်၀င်တစား စောင့်ကြည့်နေကြတာပါ။ 

လီဗာပူးလ်ကွင်းလယ်လူဟောင်းဖြစ်သူ ဂျေမီရက်ပ်နက်ကတော့ လက်ရှိမှာ အိုဒီဂတ်ကို ကပ္ပတိန်အဖြစ် ခန့်အပ်ထားခြင်းဟာ အာတီတာအတွက် နောက်ရာသီအသင်းခေါင်းဆောင်ရွေးချယ်ဖို့ သဲလွန်စတစ်ခုဖြစ်လာမယ်လို့ ဆိုပါတယ်။ 

သူ့(အိုဒီဂတ်)ကို အသင်းဆီခေါ်ဆောင်လာတာဟာ အာဆင်နယ်ရဲ့ နှစ်အနည်းငယ်ကြာအောင်ရှိနေခဲ့တဲ့ ခေါင်းဆောင်မှုပြဿနာရဲ့ အဖြေကို အမှတ်မထင် တွေ့ရှိစေခဲ့ပါတယ်” 

ရှာကာကို ခဏလောက် ကပ္ပတိန်ခန့်ခဲ့ပြီး တကယ်တမ်းတော့ အလုပ်မဖြစ်ခဲ့ဘူး။အဲ့ဒီနောက် အူဘာမီယန်း၊ လာကာဇက်တို့ကို ကပ္ပတိန်လက်ပတ်ပေးခဲ့တယ်။ ဘယ်သူမှ ဒါကို  မလိုချင်လုနီးပါးဖြစ်ခဲ့ပုံပါပဲ” 

ဒါပေမယ့် အိုဒီဂတ်ကို ကပ္ပတိန်လက်ပတ်ပေးတာက မှန်ကန်တယ်လို့ ကျွန်တော်ခံစားရပါတယ်။ သူဟာ အသင်းမှာ စကားအများဆုံးပြောတဲ့သူတော့ မဟုတ်ပေမယ့် သူကစားနေတာကို ကြည့်တဲ့အခါ၊သူရဲ့အသင်းဖော်တွေကို ကောင်းကောင်း စီမံနေတာကိုကြည့်တဲ့အခါ၊ သူ့ရဲ့ မှန်ကန်တဲ့ ဘောလုံးပေးပို့မှုတွေကို မြင်ရတဲ့အခါ၊ သူကစားနေတာကို ကြည့်ရတာဟာ တကယ်ကို မြတ်နိုးဖို့ ကောင်းပါတယ် ” 

အာတီတာရဲ့နေရာကနေ ကြည့်လိုက်ရင် အိုဒီဂတ်က ကစားကွင်းမှာ သူ့ရဲ့မန်နေဂျာ အာတီတာ နီးနီးပါပဲ။သူ့ဟာ အဲ့ဒီမှာ အနာဂတ်အတွက် ရှိနေခဲ့တဲ့ပုံပါပဲ။ သူဟာ အံ့ဩဖို့ကောင်းတဲ့ ကစားသမားတစ်ယောက်ဖြစ်သလို လူကောင်းတစ်ယောက်လည်းဖြစ်ပါတယ်။ အာတီတာအတွက် အိုဒီဂတ်ကိုရလိုက်တာဟာ အနုပညာမြောက်လက်ရာတစ်ခုကိုရှာတွေ့ခဲ့သလိုပါပဲ။” 

အိုဒီဂတ်ဟာ ငယ်ရွယ်သေးပေမယ့် နော်ဝေလက်ရွေးစင်အသင်းရဲ့ ကပ္ပတိန်ဖြစ်ပြီး လက်ရှိအာဆင်နယ်အ၀တ်လဲခန်းထဲမှာလည်း အကောင်းဆုံးခေါင်းဆောင်တွေထဲက တစ်ဦးလို့ဆိုရင် ငြင်းစရာ မရှိပါဘူး။

Original Article Here

Advertisement

Leave a Reply

%d bloggers like this: