မြောက်လန်ဒန်ဒါဘီဟာ အဆင့်လေးနေရာအတွက် အဆုံးအဖြတ်ဖြစ်လာမှာ မဟုတ်ဘူးဆိုတဲ့ စပါးကစားသမားဟောင်း

စပါးကစားသမားဟောင်းဖြစ်သူ ပေါလ်ရောဘင်ဆန်ဟာ စပါးနဲ့အာဆင်နယ်တို့ ထိပ်တိုက်တွေ့ဆုံမယ့် မြောက်လန်ဒန် ဒါဘီပွဲစဉ်ဟာ အဆင့်လေးနေရာအတွက် အဆုံးအဖြတ်ပွဲစဉ်ဖြစ်လာမှာမဟုတ်ပဲ လက်ကျန်ပွဲစဉ်တွေအားလုံးက ချန်ပီယံလိဂ်၀င်ခွင့်တစ်နေရာအတွက်အဆုံးအဖြတ်ပေးမယ်လို့ ယုံကြည်တဲ့အကြောင်း ဖွင့်ဟလာခဲ့ပါတယ်။ 

လက်ရှိမှာ အာဆင်နယ်နဲ့ စပါးတို့ဟာ အဆင့်လေးနေရာအတွက် ပြိုင်ဆိုင်မှု ပြင်းထန်နေကြတာ ဖြစ်ပြီး ပရီးမီးယားလိဂ် ပွဲစဉ် (၃၆)မှာ ဒီနှစ်သင်းဟာ ထိပ်တိုက်တွေ့ဆုံဖို့ရှိနေတာ ဖြစ်ပါတယ်။အာဆင်နယ်က လက်ရှိမှာ အဆင့်ငါးနေရာက စပါးကို နှစ်မှတ်ဖြတ်ပြီး အဆင့်လေးနေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ 

အာဆင်နယ်က နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်တွေမှာ ချဲလ်ဆီး၊ မန်ယူ၊၀က်စ်ဟမ်းတို့ကို အနိုင်ယူပြီး အဆင့်လေးနေရာကို တက်လှမ်းလာခဲ့တာ ဖြစ်ပါတယ်။စပါးကတော့ နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်တွေမှာ အမှတ်ဆုံးရှုံးမှုအချို့ရှိခဲ့တာဖြစ်ပါတယ်။လာမယ့် စနေ၊တနင်္ဂနွေမှာတော့ အာဆင်နယ်က တန်ဆင်းဇုန်တိုက်ပွဲ၀င်နေတဲ့ လိဒ်စ်နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး စပါးကတော့ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် တိုက်ပွဲ၀င်နေတဲ့ လီဗာပူးလ်နဲ့ ကစားရမှာ ဖြစ်တာကြောင့် မြောက်လန်ဒန်အသင်း နှစ်သင်းစလုံးအတွက် ခက်ခဲတဲ့ ပွဲစဉ်တွေနဲ့ သီတင်းပတ်တစ်ခုလို့ ဆိုရမှာပါ။ 

မေ၁၂မှာတော့ စပါးနဲ့ အာဆင်နယ်တို့ဟာ စပါးရဲ့အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပြီး ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတစ်ခုကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ဒီပွဲစဉ်ဟာ အဆင့်လေးနေရာအတွက် အဆုံးအဖြတ်ပွဲစဉ်ဖြစ်လာမယ်လို့ အများစုက သုံးသပ်နေကြပေမယ့် စပါးကစားသမားဟောင်းဖြစ်သူ ပေါလ်ရောဘင်ဆင်ကတော့ ဒါကို သဘောတူဟန်မရှိပါဘူး။လန်ဒန်ဒါဘီပွဲစဉ်မှမဟုတ်ပဲ အခြားပွဲစဉ်တွေဟာလည်း အရေးပါတယ်လို့ သူက ဆိုလာခဲ့ပါတယ်။ 

မြောက်လန်ဒန်ဒါဘီရဲ့ အနိုင်အရှုံးရလဒ်ဟာ အဆင့်လေးနေရာအတွက် အဆုံးအဖြတ်ပေးလိမ့်မယ်လို့ အများကြီးပြောဆိုနေကြပါတယ်” 

“(တကယ်တော့) အဆင့်လေးနေရာရဖို့ဆိုရင် ဘယ်အသင်းက တည်တည်ငြိမ်ငြိမ်နဲ့ ရလဒ်ကောင်း တွေဆက်ရယူနိုင်မလဲဆိုတဲ့ အပေါ်ပဲ မူတည်ပါတယ်။ လက်ရှိမှာ အာဆင်နယ်က အရှိန်တစ်ခုရနေပါတယ်။ ဒီပွဲစဉ်ကလည်း တကယ်ကို ကြီးမားမှာပါ။ ဒါပေမယ့် အဆုံးအဖြတ်ပွဲစဉ်ဖြစ်လာမယ်လို့ ကျွန်တော်ကတော့ ပြောမှာမဟုတ်ပါဘူး လို့ Football Insider နဲ့တွေ့ဆုံမှုမှာ ရော်ဘင်ဆင်က ဆိုလာခဲ့ပါတယ်။ 

အာဆင်နယ်အတွက်တော့ NLD(North London Derby)မှာ သရေတစ်မှတ်ရယူပြီး ကျန်တဲ့ပွဲစဉ်တွေအားလုံးကို အနိုင်ကစားနိုင်ခဲ့ရင် အဆင့်လေးနေရာအတွက် သေချာပါပြီ။လက်ကျန်ပွဲစဥ်‌တွေမှာ တန်းဆင်းဇုန်တိုက်ပွဲ၀င်နေတဲ့ လိဒ်စ်၊အဲဗာတန်တို့နဲ့ ကစားရဖို့ ရှိနေတာကြောင့် လန်ဒန်ဒါဘီပွဲစဉ်ကသာ ဂန်း‌နားတွေအတွက် ခက်ခဲစေမှာ မဟုတ်တာတော့ အသေအချာပါပဲ။

Advertisement

Leave a Reply

%d bloggers like this: