ဂါဘရီယယ်ကို အာသာမယ်လိုနဲ့အလိုက်ပေးပြီး ခေါ်ယူဖို့ ကြံစည်နေတဲ့ ဂျူဗင်တပ်

အပြောင်းအရွှေ့သတင်းတွေနဲ့ ပတ်သက်ပြီး နာမည်ကြီးဖြစ်တဲ့ အီတလီသတင်းထောက်ဖြစ်တဲ့ Gianluca di Marzio ရဲ့ အဆိုအရ အီတလီထိပ်သီး ဂျူဗင်တပ်ဟာ အာဆင်နယ်ရဲ့ဗဟိုခံစစ်ကစားသမား ဂါဘရီယယ်ကို စိတ်၀င်စားနေတယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ သီတင်းပတ်က ၀က်စ်ဟမ်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်မှာ အာဆင်နယ်အတွက် အနိုင်ဂိုးသွင်းယူပေးခဲ့သူ ဂါဘရီယယ်ကို ဂျူဗင်တပ်က သူတို့ရဲ့ကွင်းလယ်လူ အာသာမယ်လိုနဲ့ အလိုက်ပေးပြီး ခေါ်ယူဖို့ကြံစည်နေတာ ဖြစ်ပါတယ်။ အာဆင်နယ်က ပြီးခဲ့တဲ့ဇန်နဝါရီမှာ အာသာမယ်လိုကို ခေါ်ယူဖို့ စိတ်၀င်စားခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒါကြောင့် ဂျူဗင်တပ်က ဂါဘရီယယ်ကို ခေါ်ယူနိုင်ဖို့ အာဆင်နယ်အသင်းကို အာသာမယ်လိုနဲ့ မက်လုံးပေး ကမ်းလှမ်းလာဖို့ရှိနေပါတယ်။ 

သူတို့အသင်းရဲ့ ဝါရင့်ဗဟိုနောက်ခံလူ ချီလီနီဟာ ဂျူဗင်တပ်မှာ ၁၇နှစ်ကြာဖြတ်သန်းခဲ့ပြီးတဲ့နောက် လာမယ့်နွေရာသီမှာ အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်နိုင်ချေရှိပါတယ်။ ဒါကြောင့် ဂျူဗင်တပ်ဟာ ချီလီနီရဲ့ နေရာ အစားထိုးဖို့ ဂါဘရီယယ်ဟာ သင့်လျော်တဲ့ ကစားသမားသမားဖြစ်တယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။ဂါဘရီယယ်ဟာ လက်ရှိရာသီမှာ အသင်းဖော်ဘန်ဝှိုက်နဲ့တွဲဖက်ပြီး အာဆင်နယ်မှာ တည်ငြိမ်တဲ့ခြေစွမ်းတစ်ခု ပြသထားနိုင်ခဲ့ပါတယ်။တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ၀က်စ်ဟမ်းနဲ့ပွဲစဉ်ဟာ လက်ရှိရာသီ ဂါဘရီယယ်အတွက် အာဆင်နယ်အတွက် ပွဲထွက်ခွင့်ရခဲ့တဲ့ ၃၃ပွဲမြောက် ပွဲစဉ်ပဲ ဖြစ်ပြီး ဒီရာသီလေးဂိုးမြောက်သွင်းဂိုးကိုလည်း ရယူနိုင်ခဲ့ပါတယ်။ 

ဂါဘရီယ်ဟာ ဂျူဗင်တပ်မန်နေဂျာ အယ်လီဂရီရဲ့နည်းစနစ်မှာ အံ၀င်မယ့်ကစားသမားဖြစ်တယ်လို့ ယုံကြည်နေတဲ့အတွက် ဂျူဗင်တပ်ဟာ လာမယ်နွေမှာ ဘရာဇီးလ်သားကြီးကို အီတလီမြေဆီ ခေါ်ဆောင်ဖို့ ကြံ‌စည်နေတာ ဖြစ်ပါတယ်။ 

ဂါဘရီယယ်ကို လာလီဂါထိပ်သီးဘာစီလိုနာကလည်း  စိတ်၀င်စားနေတယ်လို့ အစောပိုင်းမှာ သတင်းတွေထွက်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ကတ်တလန်အခြေစိုက်အသင်းဟာ  နောက်ပြန်ဆုတ်သွားခဲ့ပုံပါပဲ။ 

အာဆင်နယ်ကတော့ သူတို့ရဲ့ ‌ခံစစ်မှူးကို လက်လွှတ်ဖို့ မရှိပဲ လာမယ့်တွေမှာ  ကာလရှည်စာချုပ်တစ်ခုချုပ်ဆိုသွားဖွယ်ရှိပါတယ်။ ဂါဘရီယယ်ကလည်း အမ်းမရိတ်မှာ ပျော်ရွှင်နေတာကြောင့် အသင်းကနေ ထွက်ခွာဖို့ မရှိနိုင်ပါဘူး။ ရူဗက်နီဗက်စ်၊တိုင်လ်မန်း၊ မက်ဒီဆင်တို့လို ပရီးမီးယားလိဂ်ကွင်းလယ်လူတွေနဲ့ သတင်း‌ထွက်နေတဲ့ အာဆင်နယ်ဟာ အာသာမယ်လိုကို စိတ်၀င်စားမှု မရှိနိုင်တော့ဘူးလို့လည်း ယူဆရပါတယ်။

Leave a Reply

%d bloggers like this: