နောက်ဆုံးရ အာဆင်နယ် သတင်းများ (3May)

တော်ရဲရားကိစ္စကြေငြာဖို့သာကျန်ရှိနေ

ဖီအိုရင်တီးနားနဲ့ အာဆင်နယ်တာဝန်ရှိသူတွေအကြား  တော်ရဲရားအတွက် ဆွေးနွေးမှုတွေဟာ ခရီးရောက်လျက်ရှိပြီး လာမယ့်ရက်အနဲငယ်အတွင်းမှာပဲ သဘောတူညီမှုတစ်ခုကို ကြေငြာနိုင်တော့မယ်လို့ Sport Witness က ဖော်ပြလာပါတယ်။ အဆိုပါ  ကွင်းလယ်လူအတွက်   အသင်းနှစ်သင်းကြားသဘောတူညီမှုရရှိထားပြီးဖြစ်ပြီး ၊ စာရွက်စာတမ်းကိစ္စများအတွက်သာ ညှိနှိုင်းနေရတာဖြစ်တယ်လို့ လည်းသိရပါတယ်။  တော်ရဲရားဟာ ၂၀၁၈ ခုနှစ်တုန်းက ပေါင် ၂၈.၆ သန်းနဲ့ ဂန်းနားတစ်ယောက်ဖြစ်လာခဲ့တာဖြစ်ပြီး ပြန်လည်ရောင်းချချိန်မှာတော့ ၁၅ သန်းရရှိမှာဖြစ်ပါတယ်။

မာတီနက်စ်အတွက်စျေးသတ်မှတ်လိုက်တဲ့အင်တာ

အင်တာမီလန်တို့ဟာ  သူတို့ရဲ့တိုက်စစ်မှုးလော်တာရိုမာတီနက်စ်ကို ပေါင်သန်း ၆၀ နဲ့ ၇၀ အကြားရရှိရင် ပြန်လည်ရောင်းချဖို့စဥ်းစားမှာဖြစ်ကြောင်း Express UK က ရေးသားဖော်ပြလာပါတယ်။ အဆိုပါတိုက်စစ်မှုးကို  မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်တို့က အထူးစိတ်ဝင်စားစောင့်ကြည့်နေတယ်လို့သတင်းများမှာဖော်ပြနေကြပြီး ၊ နောက်ပိုင်းမှာတော့ စပါးအသင်းလဲ ပါဝင်နေတယ်လိ့ ဆိုပါတယ်။  လောတာရိုဟာ လက်ရှိဥရောပရဲ့ စွမ်းဆောင်ရည်အတည်ငြိမ်ဆုံးတိုက်စစ် ကစားသမားတစ်ယောက်အဖြစ်လဲ ခြေစွမ်းပြနေသူဖြစ်ပါတယ်။

ဂျူလီယန်ဘရန့်ဒ်က အာဆင်နယ်ရဲ့ ရေဒါထဲမှာပါဝင်နေဆဲ

အာဆင်နယ်တို့ဟာ ဒေါ့မွန်ကွင်းလယ်လူ ဂျူလီယန်ဘရန့်ဒ်ကို ခေါ်ယူဖို့အတွက် ဆက်လက်ချိတ်ဆက်နေဆဲဖြစ်တယ်လို့ Mirror  ကဖော်ပြလာပါတယ်။ အဆိုပါကွင်းလယ်လူဟာ  တချိန်က လီဗာပူးလ်အသင်းနဲ့ နီးစပ်ခဲ့တာဖြစ်သလို ယခုအချိန်မှာလည်း  မန်ချက်စတာယူနိုက်တက် ၊ ချဲလ်ဆီးနဲ့ အာဆင်နယ်တို့က စောင့်ကြည့်နေကြတယ်လို့ သိရပါတယ်။ ဒေါ့မွန်အသင်းရဲ့ အသက် ၂၆ နှစ်အရွယ်ကစားသမားကို  ဇန်နဝါရီလတုန်းကလဲ​ ချိတ်ဆက်ခဲ့တယ်လို့  သတင်းထောက်  Tom Victor က ရေးသားထားပါတယ်။

အာရွန်ဟစ်ကီ ဟာ  ပထမဆုံးခေါ်ယူမှု ဖြစ်လာဖွယ်ရှိ

နာပိုလီအသင်းဆီရောက်ရှိတော့မယ်ဆိုပြီးသတင်းတွေထွက်နေပေမယ့်  ဘိုလော့နာနောက်ခံလူ အာရွန်ဟစ်ကီ ဟာ အသင်းရဲ့ ပထမဆုံးသော ခေါ်ယူမှုဖြစ်လာမယ်ဆိုပြိး  SportsMole  ကို ကိုးစားပြီး Fresh Arsenal website ကရေးသားဖော်ပြလာပါတယ်။ အသက် ၁၉ နှစ်သာရှိနေသေးတဲ့နောက်ခံလူကို  တာဗာရက်စ် ၊ တီယာနေးတို့ရဲ့နေရာကို အားဖြည့်ဖို့အတွက် လျာထားတာဖြစ်ပြီး ​၊ သန်း ၂၀ ခန့်အသုံးပြုဖွယ်ရှိနေပါတယ်။

ဆာလီဘာအတွက် မမျှတခဲ့ဘူးလို့ ဂန္တဝင်ဝေဖန်

အာဆင်နယ်ဂန္တဝင် သီယာရီအွန်နရီကတော့  Goal နဲ့တွေ့ဆုံရာမှာ  အာဆင်နယ်အသင်းရဲ့   ဆာလီဘာအပေါ်ပြုမှုပုံတွေကို မေးခွန်းထုတ်လာခဲ့ပါတယ်။

“ သူတို့က အမှားလေးတစ်ခုတောင်အလုပ်မခံတဲ့အခြေအနေမျိုးပါ ..  ဆာလီဘာဟာ သူရဲ့နေရာအတွက် ဘာတစ်ခုမှ သက်သေပြခွင့်တောင်မရပါဘူး။ သူလုပ်ပြနေတာတွေက ထူးချွန်အဆင့်ပါ။   ပြင်သစ်လက်ရွေးစင်မှာပါဝင်တယ်ဆိုတာကလည်း  မြင်သာတဲ့ရလဒ်တစ်ခုပါပဲ။  အခုအခြေအနေကတော့ အာဆင်နယ်နဲ့ပဲဆိုင်တာပါ။ ဒီကိစ္စဘယ်လိုအဆုံးသတ်မလဲတော့ ကျွန်တော်လဲမသိပါဘူး။ မြင်တွေ့ရသလောက်တော ဆာဘီဘာအတွက်အခက်အခဲတွေရှိနေပါတယ် “  ဆိုပြီး ပြောဆိုလာတာဖြစ်ပါတယ်။  ဆာလီဘာ နဲ့ပတ်သတ်တဲ့သတင်းတွေကတော့နေ့စဥ်ပဲမြင်နေရပြီး လာမယ့်နွေရာသီမှာလည်း အငြင်းပွားဖွယ်တွေဖြစ်လာဦးမယ့်သဘောမှာရှိနေပါတယ်။

Leave a Reply

%d bloggers like this: