အပြောမလွတ်သေးတဲ့ အာဆင်နယ်ရဲ့ အောင်ပွဲခံပုံစံများ
ဝက်စ်ဟမ်းအသင်းကို အဝေးကွင်းမှာအနိုင်ရခဲ့တဲ့ပွဲအပြီးမှာ အာဆင်နယ်အသင်းသားတွေဟာ ပရိတ်သတ်နဲ့အတူအောင်ပွဲခံခဲ့ကြတာကို ဘောလုံးပွဲတင်ဆက်သူလည်းဖြစ် ၊ ကစာသမားဟောင်းလဲဖြစ်တဲ့ ခရစ္စဆပ်တန်က ထောက်ပြလာခဲ့ပါတယ်။ ဆပ်တန်က ‘dear me’ ဆိုတဲ့ ဘမ်းစကားဆန်ဆန်အသုံးအနှုံးနဲ့အတူ အာဆင်နယ်အသင်းဖလားရသွားတဲ့အတိုင်းအောင်ပွဲခံနေကြောင်း Twitter မှာရေးသားလာတာဖြစ်ပါတယ်။ Goal ရဲ့သတင်းထောက်ဖြစ်သူချားလ်ဝက်စ်ကတော့ ကွင်းအတွင်းက အခြေအနေကို Video ရိုက်ပြီးပြန်လည်တင်ပြပေးခဲ့တာဖြစ်ပါတယ်။
ချီးကျူးခံနေရတဲ့ ဂျရတ်ဘိုဝင်ရဲ့အပြုအမူ
အာဆင်နယ်နဲ့ကစားခဲ့တဲ့ပွဲမှာ ရမ်းစ်ဒေးရဲ့ဖျက်ထုတ်မှုဟာ ပစ်ဒဏ်ဘောဖန်တီးယူလို့ရတဲ့အခြေအနေရှိနေပေမယ့် ရှောင်လွဲခဲ့တဲ့ ဘိုဝင်ရဲ့အပြုအမူကို နည်းပြမိုရက်စ်ရော ၊ ကာယကံရှင်ဂိုးသမား ရမ်းစ်ဒေလ်းကပါ ချီးကျူးလာခဲ့ပါတယ်။ အခြေအနေအရ ရမ်းစ်ဒေးလ်ရဲ့ပြေးလွားဖျက်ထုတ်မှုဟာ အထိခိုက်ခံလိုက်လို့ရပေမယ့် ဘိုဝင်က ရှောင်ထွက်သွားခဲ့ပြီး ၊ ဒိုင်လူကြီးကိုလည်း ပစ်ဒဏ်မဖြစ်စေခဲ့ကြောင်းရှင်းပြပေးခဲ့တာဖြစ်ပါတယ်။ ဝက်စ်ဟမ်းနည်းပြကတော့ ဂိုးသမားရဲ့ဖျက်ထုတ်ပုံကိုပစ်တင်ခဲ့ပြီး ဘိုဝင်သာ အခြားကစားသမားတွေလို ပြုမူခဲ့ရင် ပွဲရဲ့အခြေအနေက ပြောင်းသွားမှာဖြစ်ကြောင်းပြောဆိုခဲ့ပါတယ်။

အဖြေနှစ်ခွဖြစ်နေတဲ့ ဆာလီဘာရဲ့ပြောဆိုမှု
ရာသီကုန်မှာ အာဆင်နယ်ကို ပြန်လာဖို့ရှိတယ်လို့ ယူဆရတဲ့ ဆာလီဘာရဲ့ အငြင်းပွားစရာဖြေကြားမှုကို Metro Uk ကဖော်ပြလာခဲ့ပါတယ်။
“ ကျွန်တော့်အနေနဲ့ အခုရာသီကို ကောင်းကောင်းပိတ်သိမ်းလိုက်ချင်ပါတယ်။ တကယ်လို့များ မာဆေးကို ပြန်မလာဖြစ်ခဲ့ဘူးဆိုရင် အမှတ်တရကောင်းတွေချန်ခဲ့ချင်ပါတယ် .. ဒီအသင်းနဲ့အတူဆက်ပြီးကစားဖို့လည်းအဆင်ပြေပါတယ် … အခုပြောတာကလည်း မာလ်ဆေးကို ပြန်မလာတော့ဘူးလို့ မဆိုလိုပါဘူး .. မာလ်ဆေးက ကျွန်တော့်အသင်းပါ “ ဆိုပြီးပြောလာတာဖြစ်ပါတယ်။ ဆာလီဘာရဲ့ဖြေဆိုမှုကတော့ အဓိပ္ပါယ် နှစ်မျိုးထွက်နေတာကြောင့် အငြင်းပွားစရာအခြေအနေတွေကတော့ ကြုံရဦးမှာဖြစ်ပါတယ်။
အီတလီမှာပဲဆက်နေဖြစ်ဖို့များနေတဲ့ အာဆင်နယ်ပစ်မှတ်နောက်ခံလူ
ဘိုလော့နာ နောက်ခံလူ အာရွန်ဟစ်ကီဟာ အာဆင်နယ်အပါအဝင် ပရီးမီးယားလိဂ်အသင်းတွေကို ငြင်းပယ်ပြီး နာပိုလီအသင်းကိုပြောင်းရွှေ့ဖို့ရှိနေကြောင်း The Scottish Daily Mail က ဖော်ပြလာပါတယ်။ အဆိုပါကစားသမားအတွက် ခေါ်ယူစဥ်က ပေါင် ၁.၅ သန်းသာကုန်ကျခဲ့ပေမယ့် ပြန်လည်ရောင်းချချိန်မှာတော့ ၁၈ သန်းအထိရဖို့ရှိနေကြောင်း အဆိုပါသတင်းက ဖော်ပြထားပါတယ်။
ယူနိုက်တက်ကို ပိုအားသန်နေတဲ့ ဒီဘားလား
အာဆင်နယ်အသင်းက ချိတ်ဆက်နေတံ့ ဂျူဗင်တပ်စ်တိုက်စစ်မှုး ဒီဘားလားဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွေ့ဖို့ ပိုမိုစိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။ အဆိုပါ အာဂျင်တီးနားသားဟာ ရာသီကုန်မှာ အလွတ်နဲ့ထွက်ခွာမှာဖြစ်ပြီး ၊ အာဆင်နယ်အသင်းရဲ့ ဒုတိယဦးစားပေးပစ်မှတ်ဖြစ်တယ်လို့လည်း သတင်းများမှာဖော်ပြနေကြပါတယ်။