အာဆင်နယ်ကို ပြောင်းလဲသွားစေမယ့် ပရီးမီးယားလိဂ် ကစားသမားနှစ်ဦးနာမည်ပြောပြလာတဲ့ ပေါလ်မာဆင်

မန်နေဂျာ အာတီတာရဲ့လက်အောက် လာမယ့်ရာသီမှာ အာဆင်နယ်ကို ပြောင်းလဲသွားစေမယ့် ပရီးမီးယားလိဂ် ကစားသမားနှစ်ဦးရဲ့ နာမည်ကို ပေါလ်မာဆင်က ပြောပြလာခဲ့ပါတယ်။ 

ပေါ်မာဆင် အကြံပြုခဲ့တဲ့ ကစားသမားနှစ်ဦးကတော့ ရူဘင်နီဗက်စ်နဲ့ ဂျိမ်း၀က်စ်ပရောက်စ်တို့ ဖြစ်ပါတယ်။ လာမယ့်နွေရာသီမှာ ဝူဗာဟန်တန်ဟာ ရူဘင်နီဗက်စ်ကို ရောင်းချဖို့ ရှိနေပြီး အာဆင်နယ်နဲ့ မန်ယူတို့က ဝူဗာဟန်တန်ကို ခေါ်ယူဖို့ အပြိုင်ကြိုးစားလာမှာ ဖြစ်ပါတယ်။ 

ပြောင်းရွှေ့ကြေးဈေးကွက်အရ နီဗက်စ်ရဲ့ ဈေးက ပေါင် ၃၆သန်းရှိပြီး ၀က်ပရောက်စ်ရဲ့ ဈေးက ၂၈.၈သန်းအထိရှိနေပါတယ်။ ကစားသမားနှစ်ဦးစလုံးဟာ လက်ရှိရာသီမှာ ခြေစွမ်းပြပြီး အကောင်းဆုံးကစားထားနေနိုင်ခဲ့ပါတယ်။တကယ်တမ်း ၀ယ်ယူဖို့ ကြိုးစားလာမယ်ဆိုရင်တော့ တန်ကြေးက ဒီထက်ပိုများလာဖို့တော့ ရှိပါတယ်။ 

ရာသီအကုန်မှာတော့ အာဆင်နယ်ဟာ ချန်ပီယံလိဂ်၀င်ခွင့်ရဖို့ များနေပြီး နောက်လာမယ့်ရာသီအတွက် နွေရာသီမှာ အသင်းရဲ့လူစာရင်းကို အင်အားဖြည့်တင်း တော့မှာဖြစ်ပါတယ်။ ပေါလ်မာဆင်ကတော့  အာဆင်နယ်ဟာ ကွင်းလယ်အထိုင်အတွက် ကစားသမားလိုအပ်နေတယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။ 

အာတီတာ လာမယ့်‌ရာသီ အသင်းကို အသွင်ပြောင်းဖို့အတွက် သူ့ရဲ့ကစားကွက်ထဲမှာ အံ၀င်မယ့် ကစားသမားမျိုးလိုအပ်ပါတယ်” 

“ကျွန်တော့်အထင် အာဆင်နယ်ဟာ နောက်တန်းလေးယောက်ရဲ့ရှေ့မှာ ထိုင်ပြီး ဘောလုံးဖြန့်ပေးနိုင်မယ့် ကစားသမားတစ်ဦးမျိုးလိုအပ်နေပါတယ်။အာတီတာဟာ လှပတဲ့ ကစားကွက်တစ်ခုကို ချပြခဲ့ပြီးပါပြီ။ဒါပေမယ့် သူတို့မှာ ဒီကစားကွက်အတွက် လိုအပ်တဲ့ကစားသမားမျိုးမရှိသေးပါဘူး။ပါတေးနဲ့ ရှာကာမှာ ဒီလိုမျိုး ဘောလုံးကိုင်ပြီး ဖြန့်ပေးမယ့် ကျွမ်းကျင်မှုမျိုးမရှိသေးပါဘူး။” 

ရှာကာနဲ့ ပါတေးတို့ဟာ ကွင်းလယ်မှာ ကောင်းကောင်းကစားပြခဲ့ကြပါတယ်။ဒါပေမယ့် သူတို့ဟာ ကွင်းလယ်ကနေဘောလုံးကောင်းကောင်းဖြန့်ပေးနိုင်မယ့် Play Maker ကစားသမားမျိုးမဟုတ်ပါဘူး။ဒီလိုနေရာမှာ ကစားနိုင်တဲ့ သူမျိုးကို ရှာနိုင်တဲ့သူဆိုရင် အာတီတာပါပဲ။ဘာလို့လဲဆိုတော့ ဒါဟာ သူကစားခဲ့တဲ့နေရာပါ။” 

တစ်ခါတစ်ရံမှာ အသင်းတစ်သင်းအတွက် ဘောလုံးကို ရှေ့တန်းဆီ ထောင့်ဖြတ်ပို့ပေးနိုင်ဖို့လိုပါတယ်။အာဆင်နယ်ကတော့ အမြဲ ဘောလုံးပေးပို့မှုအတိုအပြတ်‌လေးတွေနဲ့ ကစားနေတာပါ။ အိုဒီဂတ်ဟာ ဘောလုံးကို ၀မ်းတူးရိုက်ကစားတဲ့နေရာ ၊ပြိုင်ဘက်တွေကို လှည့်စားတဲ့နေရာမှာ တကယ်ကောင်းပါတယ်။ ဒါပေမယ့် အသင်းတစ်သင်းမှာ ကွင်းလယ်ကနေ ရှေ့တန်းဆီ အဝေးဘောတွေ ပေးနိုင်မယ့် ကစားသမားမျိုးလည်း လိုအပ်ပါတယ်။” 

ဝူဗာဟန်တန်မှာ နီဗက်စ်၊ဆောက်သမ်တန်မှာ ဂျိမ်း၀က်ပရောက်စ်တို့က  ဒီလိုမျိုးကစားနိုင်တဲ့ ကွင်းလယ်ကစားသမားတွေပါ။ ပရောက်စ်က ဘာလို့ ဆောက်သမ်တန်မှာ ရှိနေသေးလဲ ကျွန်တော်နားမလည်နိုင်ပါဘူး(ဒီထက်ပိုမြင့်တဲ့ အသင်းမှာ ဈော့နေသင့်တာကိုဆိုလိုတာပါ)။ နှစ်ယောက်စလုံးက ဖရီးကစ်တွေလည်း ကစားနိုင်ပြီး ထောင့်ကန်ဘောကန်တဲ့နေရာမှာလည်း ထူးချွန်ပါတယ်” 

ပေါလ်မာဆင်အကြံပေစခဲ့တဲ့ ကစားသမားနှစ်ဦးထဲက ရူဗင်နီဗက်စ်ကတော့ အာဆင်နယ်ရဲ့ ပစ်မှတ်ဖြစ်ပြီး ‌လာမယ့်နွေရာသီအသင်းရဲ့ အ၀ယ်စာရင်းထိပ်ဆုံးမှာ ရှိနေနိုင်တဲ့ ကစားသမားပါ။တကယ်လို့ ဝူဗာဟန်တန်က သူတို့ရဲ့ ကွင်းလယ်လူအတွက် ဈေးအဆမတန်တောင်းဆိုလာခဲ့ရင် အာဆင်နယ်ဟာ ၀က်ပရောက်စ်ကို ကြိုးစားလာမလားဆိုတာတော့ အာတီတာ့အပေါ်ပဲ မူတည်နေပါတယ်။

Advertisement

Leave a Reply

%d bloggers like this: