မိုလီနာကို အာဆင်နယ်လိုအပ်သလား

နိုင်ပွဲတွေဆက်လာတဲ့အခါ  အာဆင်နယ်အသင်းပရိတ်သတ်တွေဟာ   အသင်းရဲ့ လူစာရင်းလိုအပ်ချက်နေရာများစွာကို ခေတ္တမေ့သွားခဲ့ပြီး တိုက်စစ်မှုးခေါ်ယူရေးကိုသာအာရုံရောက်သွားခဲ့ကြပုံပါပဲ။ အမှန်တကယ်လည်း တိုက်စစ်မှုးတွေ အကြောင်းပြောရတာ  ခံစစ်အကြောင်းပြောရတာထက် အာသီသရှိကြတာသဘာဝပဲမဟုတ်လား။ ဒါပေမယ့် တီယာနေနဲ့ တိုမီယာစုတို့နာသွားတာကနေစပြီး  နောက်ခံပြသနာကို ပြန်ပြီးသတိထားမိလာကြပါတယ်။ ထို့အတူ ကစားသမားနာမည်များစွာလည်း အပြောင်းအရွေ့ကောလာဟာလအဖြစ် ပေါ်ထွက်လာခဲ့ပါတယ်။

နောက်ဆုံးရသတင်းအချို့ရဲ့ဖော်ပြမှုအရ  အူဒီးနိစ်တို့ရဲ့ ကစားသမား မိုလီနာကိုလည်း စောင့်ကြည့်နေတယ်လို့  သိရပါတယ်။  အဆိုပါကစားသမားကို  ပြောင်းရွေ့ကြေးကို တိုက်ရိုက်ပေးချေပြီးခေါ်ယူဖို့အပြင် လက်ရှိ အူဒီးနိစ်မှာ အငှားနဲ့ကစားနေတဲ့ မာရီကိုအသုံးပြုပြီးအလဲအထပ်လုပ်မယ်လို့လည်းဖော်ပြနေကြပြန်ပါတယ်။ ကစားသမားရဲ့တန်ကြေးကတော့ ပေါင်သန်း ၂၅ ခန့်ရှိတယ်လို့ ဆိုပါတယ်။

စပိန်သတင်းစာ Fichajes ကတော့ အသက် ၂၄ နှစ်အရွယ်ကစားသမားအတွက်  အက်သလက်တီကို မက်ဒရစ်ကလည်း ကြိုးစားနေပေမယ့် အာတီတာတို့လူစုက အသာရနေတယ်လို့ဆိုထားပါတယ်။  မိုလီနာဟာ နိုင်ငံအသင်းအတွက်လည်း  ၁၅ ကြိမ်ပွဲထွက်ခဲ့ပြီးဖြစ်ပါတယ်။

ယျေဘူယျအားဖြင့်တော့  မိုလီနာရဲ့တိုက်စစ်ကိုလိုက်ပါနိုင်ပုံ ၊  Transition ကောင်းကောင်းလုပ်နိုင်ပုံတွေက အာတီတာအတွက်အဆင်ပြေနိုင်ပါတယ်။  သူ့ရဲ့ပွဲမကြည့်ဖူးသူတွေအတွက်ညွန်းရရင်တော့   လက်တင်အမေရိကဆန်တဲ့  တီယာနေးလို့အလွယ်ပြောနိုင်ပါတယ်။ ဒါပေမယ့်  ဆဲလ်တစ်တုန်းက ဂိုးတွေအများကြီးသွင်းခဲ့တဲ့ တီယာနေးလဲ ရောက်ရောက်ခြင်းတုန်းက ရုန်းကန်ခဲ့ရတာကို အမှတ်ရကြဖို့လိုပါတယ်။ အရပ်အမောင်းအရလဲ အလွန်မြင့်မားခြင်းမရှိတာကြောင့်  တိုမီယာစုလိုတော့ မျှော်လင့်ထားလို့မရနိုင်ပေမယ့်  ဂိုးသွင်းခြေမြင့်တဲ့ ၊ ပွဲပေါင်း ၁၅၀ နီးပါးကစားဖူးထားတဲ့ နောက်ခံလူတစ်ယောက်အာဆင်နယ်ကိုရောက်လာရင်တော့  နစ်နာစရာမရှိဘူးလို့ယူဆရပါတယ်။ တီယာနေးနဲ့ တာဗာရက်စ်တို့အတွက်လည်းပိုပြီး ပြိုင်ဆိုင်မှုပြင်းလာနိုင်ပါတယ်။

Advertisement

Leave a Reply

%d bloggers like this: