အာဆင်နယ်အဖြေရှာဖို့ လိုအပ်လာပြီတဲ့ ပါဘလိုမာရီ ပုစ္ဆာ

ပါဘလိုမာရီဟာ အူဒီးနိစ်မှာ အငှားထွက်ကစားနေပြီ အီတလီမြေမှာ ခြေစွမ်း‌ကောင်းတွေ ပြသထားနေနိုင်ခဲ့ပါတယ်။ပြီးခဲ့တဲ့ ဇန်နဝါရီမှာ မာရီဟာ စီးရီးအေကလပ်ကို အငှားထွက်ကစားခဲ့တာ ဖြစ်ပြီး သူရဲ့ ခြေစွမ်းပြသမှုတွေကြောင့် အူးဒီးနိစ်ဟာ မာရီကို အသင်းမှာ ဆက်ထိန်းသိမ်းထားဖို့ ဆန္ဒရှိနေပါတယ်။ 

အာဆင်နယ်ကတော့ အသင်းရဲ့ ဗဟိုခံစစ်အတွက် ဟိုးလ်ဒင်း၊ ဘန်ဝှိုက်၊ ဂါဘရီယယ်တို့ ရှိနေတဲ့ အပြင် မာဆေးလ်မှာ အငှားထွက်ကစားနေတဲ့ ဆလီဘာကိုပါ လာမယ့်နွေရာသီမှာ အမ်းမရိတ်ကို ပြန်လည် ခေါ်ယူနိုင်ချေရှိတာကြောင့် ပါဘလိုမာရီကို လက်လွှတ်သွားဖို့ များနေပါတယ်။ အူဒီးနိစ်ဟာ ပါဘလိုမာရီကို အပြီးသတ်၀ယ်ယူဖို့ဆိုရင် အာဆင်နယ်တောင်းဆိုလာနိုင်တဲ့ ငွေကြေးပမာဏကို ပေးချေဖို့ အခက်အခဲတော့ ရှိနေနိုင်ပါတယ်။ 

အူဒီးနိစ်အသင်းရဲ့ အခက်အခဲအတွက် အာဆင်နယ်မှာ အဖြေတစ်ခုရှိနေပါတယ်။ အာဆင်နယ်ဟာ အူဒီးနိစ်အသင်းရဲ့ ညာနောက်ခံလူ နေဟူရယ် မိုလီနာကို စိတ်၀င်စားနေတယ်လို့ သိရပါတယ်။အသက်၂၄နှစ်အရွယ်အာဂျင်တီးနားသားဟာ လက်ရှိရာသီမှာ အသင်းအတွက် ခြေစွမ်းပြကစားနေတာကြောင့် တိုမီယာဆုရဲ့ အရံကစားသမားအဖြစ်ထားရှိဖို့ အာဆင်နယ်က စိတ်၀င်စားနေဝာာ ဖြစ်ပါတယ်။တကယ်လို့ မိုလီနာသာ အမ်းမရိတ်ကို ရောက်လာခဲ့ရင် စီဒရစ်ကတော့ အသင်းအနေ ထွက်ခွာရဖို့ များနေပါတယ်။ 

သတင်းတွေအရ အာဆင်နယ်ဟာ မိုလီနာကို ခေါ်ယူဖို့အတွက် မာရီ ကို အလိုက်ပေးပြီး ကမ်းလှမ်းသွားမယ်လို့ ဆိုပါတယ်။ဒါဆိုရင်တော့ အသင်းနှစ်သင်းစလုံးအတွက် win-win အနေအထားဖြစ်တယ်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။ 

ပါဘလိုမာရီဟာ နောက်ခံလူကောင်းတစ်ယောက်ဖြစ်ပေမယ့် အမ်းမရိတ်မှာ သူထက်ပိုကောင်းတဲ့ ကစားသမားတွေပဲ လိုအပ်နေသလို မဖြစ်မနေ ပွဲထွက်ခွင့်ပေးရမယ့် ကစားသမားကောင်းတွေလည်း ရှိနှင့်ပြီး ဖြစ်နေပါတယ်။ ဒါ့အပြင်အာဆင်နယ်အသင်းရဲ့နောက်တန်းအထိုင်စီမံမှုမှာလည်းအရေးပါသူဖြစ်နေခဲ့ပါသေးတယ်။

အူဒီးနစ်အနေနဲ့ သူတို့ရဲ့ ညာနောက်ခံလူအတွက် ပါဘလိုမာရီအပြင် ပြောင်းရွှေ့ကြေးအများအပြားကို ထပ်မံအလိုရှိနေနိုင်ပါသေးတယ်။ပါဘလို မာရီရဲ့တန်ကြေးကို ဘယ်လောက်ထားမလဲဆိုတာကိုတော့ နှစ်ဦးနှစ်ဖက် ညှိနှိုင်းအဖြေရှာရဖို့ ရှိနေပါတယ်။ဒါမှမဟုတ်ပဲ အာဆင်နယ်ဟာ အသင်းမှာ ရှိပြီးသား နေရာအတွက် အင်အားထပ်ဖြည့်တင်းဖို့  အူဒီးနိစ်ဆီ ပါဘလိုမာရီလို  ကစားသမားကောင်းလည်း ပေးရတယ် ၊ငွေကြေးအများအပြားလည်း ထပ်သုံးစွဲရတယ်ဆိုရင်တော့ win-win situationလို့ မဆိုနိုင်တော့ပါဘူး။

Advertisement

Leave a Reply

%d bloggers like this: