နာမည်ကြီးတိုက်စစ်မှူးတွေအစား  ဘရန့်ဖို့ဒ်ကစားသမားကိုခေါ်ယူဖို့ အကြံပေးခဲ့တဲ့ ရေးပါလာ

အာဆင်နယ်ကစားသမားဟောင်းကြီးတဖြစ်လဲ၊ ၊ လက်ရှိမှာ  BBC  နဲ့ Talksport တို့ရဲ့ အားကစားဝေဖန်သုံးသပ်သူဖြစ်တဲ့ ရေးပါလာဟာ အာဆင်နယ်ခေါ်ယူသင့်တဲ့ တိုက်စစ်မှူးတစ်ဦးရဲ့ နာမည်ကို ပြောပြလာခဲ့ပါတယ်။ 

လာမယ့် နွေရာသီမှာ အာဆင်နယ်ဟာ ငွေကြေးအများအပြားသုံးစွဲပြီး ထိပ်တန်းတိုက်စစ်မှူးတစ်ဦးကို ခေါ်ယူဖို့ သေချာနေပြီဖြစ်ပါတယ်။ ဒါ‌ကြောင့် အာဆင်နယ်ကစားသမားဟောင်းကြီးတွေ၊ အားကစားဝေဖန်သုံးသပ်သူတွေက အီဒူးနဲ့ အာတီတာတို့ ခေါ်ယူသင့်တဲ့ ကစားသမားတွေကို အကြံပေးနေခဲ့ကြတာ တွေကို တောက်လျှောက်ဆိုသလို ကျွန်တော်တို့ ကြားနေရတာ ဖြစ်ပါတယ်။  နူနက်စ်နဲ့ အိုစီမန် တို့လိုတိုက်စစ်မှူးတွေနဲ့ အာဆင်နယ်ဟာ သတင်းတွေ ထွက်နေခဲ့ပြီး အခြားသော ကလပ်အသင်းအများအပြားကလည်း ဒီကစားသမားတွေကို ခေါ်ယူဖို့ ချိတ်ဆက်နေကြပါတယ်။ 

ရေးပါလာကတော့ အာဆင်နယ်ခေါ်ယူသင့်တဲ့ ကစားသမားဟာ ဘရန့်ဖို့ဒ်တိုက်စစ်မှူး အိုင်ဗန်တိုနေးဖြစ်တယ်လို့ အကြံပေးလာခဲ့ပါတယ်။ အာဆင်နယ်အနေနဲ့ အခြားသော ထိပ်တန်းတိုက်စစ်မှူးတွေကို ခေါ်ယူဖို့ ငွေကြေးအများအပြားသုံးစွဲပြီး အခြားဥရောပထိပ်သီးအသင်းတွေနဲ့ ယှဉ်ပြိုင်မယ့်အစား ဘရန့်ဖို့ဒ်တိုက်စစ်မှူးဟာ အမ်းမရိတ်မြေနဲ့ သင့်လျော်တဲ့ ကစားသမားဖြစ်မယ်လို့ ရေးပါလာကဆိုပါတယ်။ 

အာဆင်နယ် စိတ်၀င်စားနေတဲ့ ကစားသမားတွေကို အခြားအသင်းတွေကလည်း စောင့်ကြည့်နေကြတာပါ။‌ဒီလိုမျိုး အသည်းအသန် ယှဉ်ပြိုင်ပြီး တိုက်ပွဲ၀င်ရတဲ့ အခြေအနေကို ဘယ်သူမှ မကြုံချင်ပါဘူး” 

တကယ်လို့ တိုနေးကိုသာ ခေါ်ယူဖို့ အခွင့်အရေးရှိမယ်ဆိုရင် သူ့ကို ကြိုစားလာမယ့် အသင်း ဘယ်နှစ်သင်းများ ရှိမှာလဲ(အာဆင်နယ်အနေနဲ့ ပ်ြုင်ဘက်မရှိပဲ အလွယ်တကူ ခေါ်ယူနိုင်မှာ ဖြစ်တယ်လို့ ဆိုလိုတာပါ)” 

သူဟာ ကျွန်တော် အာဆင်နယ်ကို ခေါ်ယူချင်တဲ့ ကစားသမားမျိုးပါပဲလို့ ရေးပါလာက ဆိုပါတယ်။ 

တိုနေးဟာ လက်ရှိရာသီမှာ ဘရန့်ဖို့ဒ်အတွက် ပြိုင်ပွဲစုံ ၃၃ပွဲကစားထားပြီး ၁၄ဂိုးသွင်း၊ ၅ကြိမ်ဂိုးဖန်တီးမှု ပြုလုပ်ထားပြီး ပရီးမီးယားလိဂ် သွင်းဂိုး ၁၂ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။ 

ရေးပါလာရဲ့ အကြံဟာ မဆိုးလှဘူးလို့ပဲ ဆိုရမှာပါ။ အသက်၂၆နှစ်အရွယ်ကစားသမားဟာ ဂိုးအများအပြားသွင်းယူနိုင်စွမ်းရှိတဲ့ တိုက်စစ်မှူးဖြစ်ပြီး ဘရန့်ဖို့ဒ်ထက် အဆင့်အတန်းမြင့်မားတဲ့ ကလပ်အသင်းတစ်သင်းမှာ ကစားခွင့်ရဖို့ ထိုက်တန်ပါတယ်။ 

တကယ်လို့ ထိပ်တန်းပစ်မှတ်တွေကို ခေါ်ယူဖို့ ခက်ခဲခဲ့မယ်ဆိုရင်ပဲ ဖြစ်ဖြစ်၊ အရံတိုက်စစ်မှူးအဖြစ် ရွေးချယ်ဖို့ပဲ ဖြစ်ဖြစ် တိုးနေးကို ခေါ်ယူခဲ့မယ်ဆိုရင်လည်း ဆိုးရွားတဲ့ အကြံမဟုတ်မှာတော့ အသေအချာပါပဲ။

Original Article Here

Advertisement

Leave a Reply

%d bloggers like this: