နောက်ဆုံးရ အာဆင်နယ် သတင်းများ (28Apr)

အေဘရာဟမ် အတွက် စျေးသတ်မှတ်လိုက်တဲ့ ​ရိုးမား

ရိုးမားအသင်းဟာ အာဆင်နယ်က အလိုရှိနေတဲ့ သူတို့ရဲ့တိုက်စစ်မှုး တမ်မီအေဘရာဟမ်အတွက်  ပြောင်းရွေ့ကြေးအဖြစ်ပေါင်သန်း ၈၀ သတ်မှတ်ခဲ့ပြီဖြစ်ကြောင်းသိရပါတယ်။ အဆိုပါ ကစားသမားဟာ  ချဲလ်ဆီးကနေ  အီတလီကို မပြောင်းရွှေ့ခင်ကတည်းက အာဆင်နယ်နဲ့သတင်းတွေထွက်ခဲ့တာဖြစ်ပြီး ၊  အခုအခါ  အာဆင်နယ်အသင်းတိုက်စစ်မှုး မဖြစ်မနေခေါ်ယူရမယ့်အချိန်မှာလည်း သတင်းပြန်ကြီးလာခဲ့တာဖြစ်ပါတယ်။ ကစားသမားကလည်း အာဆင်နယ်အသင်းကို အားပေးသူဖြစ်တယ်လို့ သိရပါတယ်။

မှန်းထားချိန်ထက်စောပြီး ပါတေးပြန်ကစားနိုင်ဖွယ်ရှိ


Goal သတင်းဌာနကနေ အာဆင်နယ် အတွက် သတင်းတွေရေးနေတဲ့ သတင်းထောက် ချားလ်စ်ဝက် ကတော့ သူဟာ ပါတေးနဲ့နီးစပ်သူတစ်ဦးနဲ့ စကားပြောဖြစ်ခဲ့တယ်လို့ ဆိုလာခဲ့ပြီး ၊ အာဆင်နယ်ကွင်းလယ်လူဟာ အပေါ့စားလေ့ကျင့်ခန်းတွေ ပြန်လုပ်နိုင်နေပြီဖြစ်တယ်လို့ သိရပါတယ်။ အရင်ကလည်း ဒါဏ်ရာကနေ ထင်ထားတာထက် ပိုမြန်မြန်သက်သာလာခဲ့ဖူးတဲ့ အတွေ့အကြုံတွေ ရှိနေတယ်လို့လည်း သိရကြောင်း ပြောသွားခဲ့ပါတယ်။

ရူဗင်နီဗက်စ်ကို ခေါ်ဖို့ အာဆင်နယ်အရေးသာနေ

အသင်းများစွာနဲ့သတင်းကြီးနေပေမယ့်  ရူဗင်နီဗက်စ်ကို ခေါ်ယူရေးအတွက် အမှန်တကယ်အားသာနေတာက  အာဆင်နယ်အသင်းဖြစ်ကြောင်း Daily Cannon က ရေးသားလာခဲ့ပါတယ်။ အဆိုပါ ကစားသမားကို ယူနိုက်တက်ကလည်းအပြိုင်စိတ်ဝင်စားနေပေမယ့်  သူရဲနီတီု့ဟာ လိဒ်စ်ရဲ့ ကယ်ဗင်ဖိလစ်ကိုလည်းသဘောကျနေတာကြောင့် ဖြစ်နိုင်ချေအနဲငယ် နဲပါးနေတာလို့သိရပါတယ်။

ဖလိုရီယန်ဝစ်ဇ်ကို  အာဆင်နယ်နဲ့ကိုက်ညီကြောင်း နာမည်ကြီးသတင်းထောက်ပြောကြား

New York Times ရဲ့ သတင်းထောက်ချုပ် ရိုရီစမစ်ဟာ BBC Radio 5  နဲ့တွေ့ဆုံတဲ့အစီအစဥ်မှာ  အာဆင်နယ်အသင်းနဲ့ အံဝင်နိုင်မယ့်ကစားသမားတစ်ဦးအဖြစ်   လီဗာကူဆင်ရဲ့  ဖလိုရီယန် ဝစ်ဇ် ကိုညွန်းဆိုသွားခဲ့ပါတယ်။ အဆိုပါ  ၁၈ နှစ်သားကို  အသင်းများစွာက သဘောကျနေကြတာဖြစ်ပြီး  ကိုင်ဟာဗက်စ် လက်သစ်အဖြစ်လည်းတင်စားပြောဆိုနေကြတာဖြစ်ပါတယ်။

နိုင်ငံအသင်းဖော်ကို ကလပ်မှာပါအတူတူ ကစားချင်နေတဲ့  အိုဒီဂတ်

ကွင်းလယ်လူ အော်ဒီဂတ်က တိုက်စစ်မှုးအာလင်းဟာလန်းသာ ပရီးမီးယားလိဂ်ကို ပြောင်းလာခဲ့မယ်ဆို အာဆင်နယ်ကိုပြောင်းလာခဲ့ဖို့ လိုကြောင်း နောက်ပြောင်ခဲ့ပါတယ်။ အော်ဒီဂတ်ရဲ့ နော်ဝေးအသင်းဖော် ဟာလန်းကိုခေါ်ယူမယ်ဆို ပေါင် ၆၃သန်း လျော်ကြေးပေးချေဖို့တော့ လိုအပ်ပါတယ်။ အော်ဒီဂတ်ကတော့ သူ့နိုင်ငံအသင်းဖော်နဲ့ ကလပ်မှာလည်း တွဲ​ကစားလိုနေပြီး ”သူက အရမ်းရယ်ရတဲ့သူပါ။ ကစားသမားကောင်းတစ်ယောက်ဖြစ်သလို ကျွန်တော့်သူငယ်ချင်းကောင်းလည်း ဖြစ်ပါတယ်။” လို့ Stadium Astro မှာ ပြောကြားခဲ့ပါတယ်။ ဟာလန်းကို အာဆင်နယ်မှာ မြင်ရနိုင်သလားဆိုတာကိုတော့ အဲ့ဒီကိစ္စနဲ့ပက်သက်ပြီး ဘာမှ မပြောဖြစ်သေးကြောင်းနဲ့ စောင့်ကြည့်ရမှာဖြစ်ကြောင်းကို ပြောပြခဲ့ပါတယ်။

Advertisement

Leave a Reply

%d bloggers like this: