လက်ကျန်ပွဲစဉ်တွေမှာ ပွဲထွက်ခွင့် ထပ်ရဖို့ အန်ကက်တီးယားလုပ်ဆောင်ဖို့ လိုအပ်နေတဲ့အရာ

ရာသီကုန်မှာ အသင်းကနေ ထွက်ခွာတော့မယ်ဆိုပြီး အတိအလင်းကြေညာထားခဲ့တဲ့ အန်ကက်တီးယားဟာ ချဲလ်ဆီး၊မန်ယူတို့ကို အနိုင်ယူခဲ့တဲ့ အသင်းရဲ့တိုက်စစ်မှာ ဦးဆောင်ကစားခွင့် ရခဲ့ပါတယ်။ တစ်ချိန်က လူကောင်သေးလို့ ဆိုပြီး ချဲလ်ဆီးအသင်းရဲ့ ငြင်းပယ်ခြင်းကို ခံခဲ့ရတဲ့ အန်ကက်တီးယားဟာ ချဲလ်ဆီးကို နှစ်ဂိုးသွင်းယူပြီး လက်စားချေနိုင်ခဲ့သလို မန်ယူကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာလည်း သွင်းဂိုးတစ်ဂိုးထပ်မံရဖို့ နီးစပ်ခဲ့ပေမယ့် လူကျွံဘောဖြစ်သွားခဲ့တာကြောင့် နစ်နာခဲ့တယ်လို့ ဆိုရပါမယ်။ 

ဒီလိုမျိုး အသင်းနဲ့အတူ နောက်ဆုံးပွဲစဉ်တွေမှာ ပါ၀င်ခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့တာကြောင့် အာဆင်နယ်အကယ်ဒမီထွက် ကစားသမားလေးရဲ့ အမ်းမရိတ်အနာဂတ်ဟာ နောက်ဆုံးအချိန်မှာ ပြောင်းလဲမှုတွေ ရှိလာနိုင်မလားဆိုတာ ပရိသတ်တွေက စိတ်၀င်စားနေကြပါတယ်။ အာဆင်နယ်ရဲ့ လက်ကျန်ပွဲစဉ်တွေမှာလည်း အသက်၂၂အရွယ် အင်္ဂလန်သား‌လေးဟာ အသင်းခေါင်းဆောင် လာကာဇက်ကို ကျော်ဖြတ်ပြီး ပွဲထွက်ခွင့်ရမလားဆိုတာ စောင့်ကြည့်ရမှာပါ။ 

ခြေစွမ်းပြနေပေမယ့်လည်း အန်ကက်တီးယားအနေနဲ့ လာမယ့်ပွဲစဉ်တွေမှာ ဆက်ပြီး ပွဲထွက်ခွင့်ရမယ်ဆိုတဲ့ အာမခံချက်တော့မရှိပါဘူး။ လာမယ့် သီတင်းပတ်မှာတော့ အာဆင်နယ်ဟာ လိဒ်စ်ယူနိုက်အသင်းနဲ့ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ 

ပရီးမီးယားလိဂ် ကစားသမားဟောင်းကြီးဖြစ်တဲ့ ဒန်နီမေးစ်က အန်ကက်တီးယားအနေနဲ့ အာတီတာရဲ့ ပွဲထွက်လူစာရင်းမှာ ထပ်မံပါ၀င်ခွင့်ရဖို့အတွက် လေ့ကျင့်ရေးကွင်းမှာ ပိုလေ့ကျင့်ဖို့ လိုတယ်လို့ အကြံပေးလာခဲ့ပါတယ်။ လက်ရှိမှာ အန်ကက်တီးယားပြသနေတဲ့ ခြေစွမ်းဟာ လာကာဇက်ကို ကောင်းကောင်းယှဉ်ပြိုင်နိုင်စွမ်းရှိနေပါတယ်။ အန်ကက်တီးယားဟာ ဂိုးတွေသွင်းယူနိုင်တဲ့ ကစားသမားဖြစ်တာကြောင့် အာတီတာရဲ့ ဦးစားပေးကစားသမားဖြစ်လာဖို့ လေ့ကျင့်ရေးကွင်းမှာ အပြင်းအထန်ကြိုးစားပြဖို့ပဲ လိုအပ်တယ်လို့ မေးလ်က ယုံကြည်နေပါတယ်။ 

Football Insider နဲ့ တွေ့ဆုံမှုမှာ မေးလ်က ခုလို ဆိုလာခဲ့ပါတယ်။ 

“သူဂိုးတွေ သွင်းယူနိုင်စွမ်းရှိတယ်ဆိုတာ ကျွန်တော်တို့ တွေ့မြင်ခဲ့ရပြီးပါပြီ။ သူပွဲထွက်ခွင့်အများအပြားမရခဲ့တာဟာ ထင်ရှားတဲ့ အကြောင်းပြချက်တစ်ခုရှိပါတယ်။ လိဒ်စ်ကို အငှားထွက်ကစားခဲ့တုန်းကလည်း ပွဲထွက်ခွင့် အများကြီး မရခဲ့ဘူး။ အာဆင်နယ်မှာလည်း မန်နေဂျာအချို့နဲ့ သူဆုံခဲ့ရပြီးပါပြီ” 

ဒီတော့ မေးခွန်းထုတ်စရာရှိတာက သူလုပ်နိုင်တဲ့အရာတွေကို လေ့ကျင့်ရေးအစီအစဉ်တွေမှာ လုပ်ပြနေလားဆိုတာပါပဲ” 

သူ့ကို အခွင့်အရေးပေးမယ်ဆိုရင် သူဟာ ဂိုးရှေ့မှာ တကယ်တော်တဲ့ ကစားသမားဖြစ်နိုင်ပါတယ်။ဒါကို မြင်ရဖို့ သိပ်မခက်ပါဘူး။” 

သူ လေ့ကျင့်ရေးကွင်းမှာ မခိုမကပ်ဖို့ ၊ပိုပြီး အလုပ်ပိုကြိုးစားဖို့ လိုပါမယ်၊ သူ့ရဲ့ အားနည်းချက်ကို သူ့ကိုယ်တိုင် မြင်အောင်ကြည့်ရပါလိမ့်မယ်” 

မန်နေဂျာလိုချင်တဲ့အတိုင်းသာ အတိအကျလုပ်နိုင်မယ်ဆိုရင် သူ့အတွက် ကိုယ်ပိုင်တစ်နေရာ ရလာမှာပါ

အန်ကက်တီးယားဟာ သူ့ရဲ့အရည်အသွေးတွေကို မြင်အောင်ပြသနိုင်ခဲ့ပါပြီ။ ဒါပေမယ့် အာတီတာ အနေနဲ့ အန်ကက်တီးယားကို လာမယ့်ရာသီမှာ အသင်းရဲ့တိုက်စစ်ကို ဦးဆောင်စေဖို့အတွက်တော့ သံသယတွေ ရှိနေဦးမှာပါပဲ။ ဒါမှမဟုတ်ရင်တော့   အန်ကတ်တီးယားနဲ့ အာဆင်နယ်အကြား ပွဲစဥ်  ၅ ပွဲသာရှိတော့တယ်လို့ ဆိုရပါလိမ့်မယ်။

Original Article Here

Advertisement

Leave a Reply

%d bloggers like this: