လာကာဇက်အပေါ် ပရိသတ်တွေ စိတ်ဆိုးသင့်ရဲ့လား

အသင်းနဲ့ စာချုပ်သစ်မချုပ်ဆိုတော့ပဲ လာမယ့်နွေမှာ အမ်းမရိတ်ကနေ ထွက်ခွာတော့မယ့် လာကာဇက်ကို ပရိသတ်အချို့ စိတ်ဆိုးနေကြတဲ့အပေါ် နားမလည်နိုင်ဖြစ်မိတယ်လို့ အာဆင်နယ်ကစားသမားဟောင်း ကီဗင်ကမ်းဘဲလ်က ဆိုလာခဲ့ပါတယ်။ 

အသင်းခေါင်းဆောင်ကြီးဟာ လာမယ့်နွေမှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာ ဖြစ်ပြီး  အလွတ်ပြောင်းရွှေ့ကြေးနဲ့ နှစ်သက်ရာ အသင်းကို ပြောင်းရွှေ့ခွင့်ရှိတဲ့အတွက် ခုကတည်းက ဆွေးနွေးမှုတွေ ကြိုတင်ပြုလုပ်လို့ရနေပါပြီ။ပြင်သစ်သားကြီးကလည်း အသင်းနဲ့ စာချုပ်သစ်ကိစ္စ ဆွေးနွေးတော့မှာ မဟုတ်ပဲ အခြားအသင်းတွေနဲ့သာ စကားပြောဖို့ ရှိနေပါတယ်။အာဆင်နယ်ဘက်ကလည်း လာကာဇက်ကို စာချုပ်သစ်ကမ်းလှမ်းဖို့ မရှိတော့သလောက်ပါပဲ။ 

မကြာသေးမီက Canal+ နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ လာကာဇက်က သူဟာ အခြားအသင်းတွေနဲ့ စကားပြောခဲ့တယ်လို့ ဖွင့်ဟလာခဲ့ပါတယ်။ 

လာကာဇက်ရဲ့ခုလို ဖွင့်ဟလာတာကို ပရိသတ်အချို့က စိတ်ပျက်ခဲ့ကြပါတယ်။ စိတ်ဆိုးနေတဲ့ ပရိသတ်တွေဟာ လာကာဇက်တီကို အသင်းရဲ့လူစာရင်းကနေ ချန်လှပ်ဖို့လည်း တောင်းဆိုမှုတွေ ပြုလုပ်လာကြပါတယ်။ 

ကမ်းဘဲလ်ကတော့ အာဆင်နယ်ဟာ လာကာဇက်တီကို အသင်းမှာ ဆက်ထိန်းသိမ်းဖို့ မကြိုးစားခဲ့တဲ့အတွက် လာကာဇက်မှာ အခြားအသင်းတွေနဲ့ စကားပြောဖို့ အခွင့်အရေးရှိတယ်ဆိုပြီး ပြင်သစ်သားကြီးဘက်က ထောက်ခံခဲ့တာဖြစ်ပါတယ်။ 

လာကာဇက်ဟာ အသင်းအတွက် (လက်ကျန်ပွဲစဉ်တွေမှာ) ဆက်မကစားသင့်ဘူးလို့ ပြောတဲ့ အာဆင်နယ်ပရိသတ်တွေကို ပြောချင်တာက ဒါက အဓိပ္ပါယ်မရှိပါဘူး။ကျွန်တော့်အတွက် နားမလည်နိုင်စရာပါပဲ” 

အသင်းဟာ သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး ခုထိဘာမှ မပြောသေးတဲ့အတွက် လာကာဇက်ဟာ သူ့ဘာသာပဲ ဖြေရှင်းဖို့ ကြိုးစားရမှာပါ။သူ့ရဲ့ စာချုပ်သက်တမ်းကလည်း လအနည်းငယ်သာ ကျန်ရှိတော့တာပါ” 

သူ့မှာ လုံလောက်တဲ့ ကြံ့ခိုင်မှုတဲ့ အချိန်ဆိုရင် ကြည့်လိုက်ပါ။ လာကာဟာ ဘယ်အချိန်မှာမှ အသင်းအတွက် ပြဿနာတစ်ခုမဖြစ်ခဲ့ပါဘူး။” 

နောက်ဆုံးနေ့ရက်တွေမှာ အမှန်တရားကို သူပြောပြနေတာပါ။တကယ်လို့ အမှန်ကို လက်မခံနိုင်တဲ့သူတွေဆိုရင် အဲ့ဒါကို မဖတ်ကြနဲ့ပေါ့ဗျာ။လာကာဇက်က အခြားအသင်းတွေနဲ့ စကားပြောနေတယ်ဆိုတာ ဘာမှားလို့လဲ၊ တကယ်လို့ အသင်းကသာ သူ့ကို အသင်းမှာ ဆက်ရှိနေစေချင်ရင် ဟိုးအရင်နှစ်တွေမှာကတည်းက စာချုပ်ချုပ်ခဲ့မှာပေါ့ လို့ ကမ်းဘဲလ်က Football Insiderရဲ့ အစီအစဉ်မှာ ပြောကြားလာခဲ့ပါတယ်။ 

လာကာအသင်းကနေ ထွက်ခွာတော့မယ်ဆိုတာကို ပရိသတ်တွေအနေနဲ့ နားလည်ပေးရမှာပါ။ အသင်းဟာ လာမယ့်နွေရာသီမှာ အသင်းခေါင်းဆောင်အသစ်၊တိုက်စစ်မှူးအသစ်တွေကို ရှာဖွေဖို့ ရှိနေတဲ့ အတွက် ပြင်သစ်သားကြီး အသင်းမှာ ဆက်ရှိနေလို့လည်း သူ့အတွက်ကောအသင်းအတွက်ပါ ဘာမှ အကျိုးထူးလာစေမှာ မဟုတ်ပါဘူး။ 

အသက်အရွယ်ရလာပြီဖြစ်တဲ့ လာကာကလည်း အာဆင်နယ်နဲ့ စာချုပ်သက်တမ်းမကုန်မီမှာ  သူ့အတွက် သင့်လျော်မယ့် အသင်းတစ်သင်းကို ရှာဖွေဖို့ မဖြစ်မနေလိုအပ်ပါတယ်။အသင်းကနေ ထွက်ခွာဖို့ သေချာသွားပြီးတဲ့နောက် ကပ္ပတိန်ကြီးဟာ သူ့ရဲ့အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ရမှာကို ပရိသတ်တွေအနေနဲ့ နားလည်ပေးရမှာပဲ ဖြစ်ပါတယ်။

Advertisement

Leave a Reply

%d bloggers like this: