နူနက်ဇ်ကို ခေါ်ယူဖို့ အာဆင်နယ်တတ်နိုင်ပါ့မလား …  ဂျေးဆူက ပိုသင့်တော်မလား 

အာတီတာရဲ့ နည်းဗျူဟာ ဖွဲ့စည်းမှုမှာ အံ၀င်ခွင်ကျမယ့် ထိပ်တန်းတိုက်စစ်မှူးတစ်ဦးလိုအပ်နေတယ်ဆိုတာ အားလုံးအသိပါပဲ။ အီဒူးကလည်း လာမယ့်နွေရာသီမှာ ထိပ်တန်းအပြောင်းအရွှေ့နှစ်ခု ရှိမယ်ဆိုတာ အတည်ပြုပေးခဲ့ပါပြီ။ ဒီတော့ အာဆင်နယ်ခေါ်ယူမယ့်ထိပ်တန်းတိုက်စစ်မှူးက ဘယ်သူဖြစ်မလဲဆိုတာ ပရိသတ်တွေအတွက်တော့ ခုကတည်းက ရင်ခုန်စိတ်လှုပ်ရှားနေရပါပြီ။ 

တကယ်လို့ နောက်ဆုံးအချိန်အထိ အန်ကက်တီးယားဟ အသင်းမှာ ဆက်ရှိနေဖို့ ငြင်းဆန်နေခဲ့မယ်ဆိုရင်တော့ အာဆင်နယ်ဟာ တိုက်စစ်မှူးနှစ်ဦးအထိ နွေရာသီမှာ ရှာပုံတော်ထွက်ရဖို့ ရှိနေပါတယ်။ 

နောက်ဆုံးရ ကောလဟာလတွေအရတော့ အာတီတာရဲ့ စိတ်ကြိုက်ကစားသမားဟာ မန်စီးတီးတိုက်စစ်မှူး ဂါဘရီယယ် ဂျေးဆူ  ဖြစ်တယ်လို့ သိရပါတယ်။ တကယ်လို့ ဂျေးဆူ သာ အာဆင်နယ်ရဲ့ ဦးစားပေးပစ်မှတ်ဆိုရင် အာဆင်နယ်ရဲ့ ဒုတိယပစ်မှတ်က ဘယ်သူများဖြစ်နိုင်မလဲဆိုတဲ့ မေးခွန်းတော့ ရှိပါတယ်။ 

နယ်သာလန်လက်ရွေးစင် တိုက်စစ်ကစားသမားဖြစ်တဲ့ ကိုဒီဂတ်ပိုဟာ အာဆင်နယ်အတွက် သင့်လျော်တဲ့ အရံတိုက်စစ်မှူးတစ်ယောက် ဖြစ်နိုင်ပါတယ်။ အရပ်အမောင်းရှည်လျားပြီး အသက်၂၂သာ ရှိသေးတဲ့ ၊အလားအလာကောင်းတွေရှိတဲ့ PSVကစားသမားဟာ ပရီးမီးယားလိဂ်မှာအခြေကျဖို့၊အာဆင်နယ်မှာ အံ၀င်လာဖို့အတွက် သင်ယူဖို့ အချိန်တွေအများကြီးကို ရှိပါသေးတယ်။ 

အာဆင်နယ် ဂန္တ၀င်ကစားသမားကြီးဖြစ်တဲ့ မိုက်တယ်သောမတ်စ်ကတော့ အာဆင်နယ်အတွက် သင့်လျော်တဲ့ ကစားသမားဟာ ဘင်ဖီကာ တိုက်စစ်မှူးဒါ၀င်နူနက်ဇ်ဖြစ်တယ်လို့ ဆိုပါတယ်။ အသက်၂၂အရွယ်ကစားသမားဟာ လူငယ်ကြယ်ပွင့်တစ်ဦးဆိုတာထက်ပိုပြီး အသင်းရဲ့ ပွဲထွက်လူစာရင်းမှ အရံသင့်အသုံးပြုနိုင်မယ့် ကစားသမားလည်း ဖြစ်ပါတယ်။ 

Caught Offside နဲ့‌တွေ့ဆုံမှုမှာတော့ သောမတ်စ်က 

ဒါ၀င်နူနက်ဇ်ဟာ ဒီနှစ် ချန်ပီယံလိဂ်မှာ တကယ်ကို ကောင်းမွန်တဲ့ ခြေစွမ်းကောင်းအချို့ကို ပြသထားနိုင်ခဲ့ပါတယ်။သူ့ကို ခေါ်ယူလိုက်တာဟာ အသင်းတိုင်းအတွက် တကယ်ကိုကြီးမားတဲ့ ကစားသမားဖြည့်တင်းမှု ဖြစ်လာမှာပါ” 

သူဟာ သန်မာပြီးခြေထောက်နှစ်ဖက်စလုံးနဲ့ ဘောလုံးကို ကောင်းကောင်းကစားနိုင်တဲ့ အပြင် ဂိုးရှေ့မှာဆိုလည်း ဟာလန်းလိုမျိုး ဗီဇရှိတဲ့ ကစားသမားဖြစ်ပါတယ်။” 

သူက အာဆင်နယ်အတွက် ပြီးပြည့်စုံတဲ့ Number 9 ကစားသမားလို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် အာဆင်နယ်သာ ချန်ပီယံလိဂ်၀င်ခွင့်မရရင်တော့ သူ့ကို ခေါ်ယူဖို့ ခက်ခဲပါလိမ့်မယ်။ ဥရောပ ထိပ်သီးအသင်းကြီးတွေက သူဟာ ထိပ်တန်းပြိုင်ပွဲတစ်ခုမှာ ဘာလုပ်နိုင်လဲဆိုတာ မြင်တွေ့ ခဲ့ပြီးပါပြီ။” 

နွေရာသီမှာ နူနက်ဇ်ကို ခေါ်ယူဖို့ ကလပ်အသင်းအများအပြားက ကြိုးစားလာတေ့မှာပါ။ နူညက်ဇ်ဟာ လီ၀န်ဒေါစကီးထွက်ခွာတော့မယ့် ဘိုင်ယန်ကိုသူ ရောက်သွားမယ်ဆိုတာကို ကျွန်တော်ကတော့ တွေ့နေရပါတယ်။” 

အာဆင်နယ်အနေနဲ့ အဆင့်လေးနေရာအရယူပြီး ချန်ပီယံလိဂ်၀င်ခွင့်ရခဲ့ရင်တောင် နူနက်ဇ်ကို ခေါ်ယူဖို့ လွယ်ကူမှာတော့ မဟုတ်ပါဘူး။နူနက်ဇ်အနေနဲ့ ဆုဖလားတွေရယူနိုင်ဖို့ အာမခံချက်ရှိတဲ့ ဘိုင်ယန်မြူးနစ်လို အသင်းမျိုးကိုပဲ ပြောင်းရွှေ့ဖို့ များနေပါတယ်။ လီဗာပူးလ်ကလည်း နူနက်ဇ်ကို ခေါ်ယူမယ်ဆိုတဲ့ သတင်းတွေ ‌ထွက်ပေါ်နေပါတယ်။ 

နူနက်ဇ်ရဲ့ ပြောင်းရွှေ့ကြေးကလည်း ယူရိုသန်းတစ်ရာလောက်အထိ ရှိနေနိုင်တာကြောင့် ဂျေးဆူ  နဲ့ကိုဒီဂတ်ပိုတို့ နှစ်ယောက်ပေါင်းစာထက်ကို  မြင့်မားတဲ့ တန်ကြေးရှိနေပါတယ်။ ဒါ့ကြောင့် အာတီတာကတော့ ခေါ်ယူဖို့ ခက်ခဲမယ့်၊ ပြောင်းရွှေ့ကြေးမြင့်မားတဲ့ နူနက်ဇ်အစား ပရီးမီးယားလိဂ်မှာ အံ၀င်ပြီးသား မန်စီးတီးတိုက်စစ်မှူးကိုပဲ ခေါ်ယူဖို့ ကြိုးစားလာနိုင်ချေများနေပါတယ်။

Leave a Reply

%d bloggers like this: