မြောက်လန်ဒန်ဒါဘီပွဲစဥ်ဟာ ဒီနှစ်အတွက် အကြီးမားဆုံးပွဲစဉ်ဖြစ်လာလိမ့်မယ် – ဂျေမီရက်ပ်နပ်

ပြိုင်ဆိုင်မှုအလွန်တရာ ပြင်းထန်တဲ့ မဟာရန်သူတွေလည်းဖြစ်တဲ့  မြောက်လန်ဒန်အခြေစိုက် အသင်းနှစ်သင်းဟာ ရာသီမကုန်မီမှာ ထိပ်တိုက်တွေ့ဆုံရဖို့ ရှိနေပါတယ်။ 

ပထမအကျော့တွေ့ဆုံမှုမှာတော့ အာဆင်နယ်က ခါးသီးတဲ့ မြို့ခံပြိုင်ဘက်ကို အမ်းမရိတ်မှာ (၃-၁)ဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူပြီး ချိုမြိန်တဲ့ မြောက်လန်ဒန်ဒါဘီနိုင်ပွဲတစ်ပွဲကိုပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ လက်ရှိမှာ စပါးဟာ ကွန်တီရဲ့လက်အောက်မှာ ပိုပြီးအင်အားတောင့်တင်းတဲ့ အသင်းတစ်သင်းဖြစ်လာခဲ့ပြီး ‌ဆွန်ဟောင်မင်၊ဟယ်ရီကိန်းတို့ရဲ့ ရုန်းအားတွေနဲ့အတူ ရလဒ်ကောင်းတွေ ရယူထားနိုင်ခဲ့ပါတယ်။ 

အာဆင်နယ်နဲ့ စပါးတို့ဟာ ရာသီကုန် ချန်ပီယံလိဂ် ၀င်ခွင့်တစ်နေရာအတွက် အကြိတ်အနယ် ယှဉ်ပြိုင်နေရတာ ဖြစ်ပါတယ်။အာဆင်နယ်ဟာ သုံးပွဲဆက် အရှုံးရလဒ်နဲ့ ရင်ဆိုင်ခဲ့ရပေမယ့် နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်နှစ်ပွဲမှာ ချဲလ်ဆီး၊မန်ယူတို့ကို အနိုင်ယူပြီး အမှတ်ပေးဇယားရဲ့ အဆင့်လေးနေရာကို ပြန်လည်တက်လှမ်းလာနိုင်ခဲ့ပါတယ်။ 

အာဆင်နယ် ခြေချော်နေချိန်မှာ အနိုင်ရလဒ်တွေရယူပြီး အဆင့်လေးနေရာကို ရောက်နေခဲ့တဲ့ စပါးကတော့ နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်တွေမှာ ရမှတ်တွေ ဆုံးရှုံးထားခဲ့ပြီး လက်ရှိမှာ အာဆင်နယ်အသင်းနဲ့ နှစ်မှတ်အကွာနဲ့  အဆင့်ငါးနေရာမှာ ရပ်တည်နေပါတယ်။ မန်ယူနဲ့ ၀က်စ်ဟမ်းတို့ကတော့ ချန်ပီယံလိဂ်၀င်ခွင့်အတွက် မျှော်လင့်ချက် မရှိသလောက်ဖြစ်နေပြီး မြောက်လန်ဒန်ဒါဘီနှစ်သင်းကလည်း အဆင့်လေးနေရာအတွက် လက်ကျန်ပွဲစဉ်တွေမှာ အပြိုင်ကြဲရဖို့ ရှိနေပါတယ်။ 

မေလ၁၂ရက်နေ့မှာတော့ အာဆင်နယ်နဲ့ စပါးတို့ဟာ စပါးရဲ့ အိမ်ကွင်း ဝှိုက်ဟတ်လိန်းမှာ ထိပ်တိုက်တွေ့ဆုံဖို့ရှိနေပြီး ဒီပွဲစဉ်အနိုင်အရှုံးဟာ ချန်ပီယံလိဂ်၀င်ခွင့်အတွက် အဆုံးအဖြတ် ပွဲစဉ်တစ်ခုလည်း ဖြစ်လာနိုင်ပါတယ်။ 

လီဗာပူးလ်ကစားသမားဟောင်းနဲ့ အားကစားဝေဖန်သုံးသပ်သူတစ်ဦးဖြစ်သူ ဂျေမီရက်ပ်နက်ကတော့ ချန်ပီယံလိဂ်၀င်ခွင့်တစ်နေရာအတွက် တိုက်ပွဲ၀င်နေရတဲ့ အခြေအနေတွေကြောင့် ဒီပွဲစဉ်ဟာ ၂၀၂၂ရဲ့ အကြီးမားဆုံး ယှဉ်ပြိုင်မှု ဖြစ်လာမယ်လို့ ပြောလာခဲ့ပါတယ်။ 

Daily Mail နဲ့ တွေ့ဆုံမှုမှာတော့ ဂျေမီဟာ သူ့ရဲ့ အတွေးအမြင်ကို ခုလိုပဲ မျှဝေလာခဲ့ပါတယ်။ 

ဒီပွဲစဉ်ကို အနိုင်ရတဲ့ အသင်းဟာ အဆင့်လေးနေရာကို ပိုင်ဆိုင်ခွင့်ရမှာ ဖြစ်ပါတယ်။ဒါကြောင့် ဒီပွဲစဉ်ဟာ နှစ်သင်းလုံးအတွက် အရမ်းကို အရေးကြီးပါတယ်။ချန်ပီယံလိဂ်မှာ ကစားခွင့်ရတာဟာ ကစားသမားတွေအတွက် မတူညီတဲ့၊ပိုပြီးမြင့်မားတဲ့ နေရာတစ်ခုမှာ ကစားခွင့်ရတာ ဖြစ်ပါတယ်” 

အာဆင်နယ်သာ ဒီပွဲစဉ်ကို အနိုင်ရခဲ့ရင် သူတို့အသင်းဟာ နောက်အဆင့်တစ်ခုကို ရောက်သွားပြီလို့ဆိုရမှာပါ။ကွန်တီကို အနိုင်ယူဖို့ဆိုတာ အာတီတာအတွက်လည်း တကယ်ကို ကြီးမားတဲ့ စိန်ခေါ်မှု တစ်ခုဖြစ်ပါတယ်” 

ဒီလိုမျိုး ဒါဘီနှစ်သင်းရဲ့ ချန်ပီယံလိဂ်အိပ်မက်အတွက် ယှဉ်ပြိုင်မှု ၊မန်နေဂျာနှစ်ဦးတို့ရဲ့ အားပြိုင်မှုတွေကြောင့် ဒီပွဲဟာ သိပ်ကို စိတ်၀င်စားဖို့ ကောင်းနေတာ ဖြစ်ပါတယ်။မြောက်လန်ဒန်ဒါဘီပွံစဉ်ဟာ ဒီနှစ်အတွက် အကြီးမားဆုံး ယှဉ်ပြိုင်မှုပါပဲ” 

ချန်ပီယံလိဂ်၀င်ခွင့်အတွက် အာဆင်နယ်ဟာ စပါးကို မဖြစ်မနေ အနိုင်ယူရမှာ ဖြစ်ပါတယ်။ ပထမအကျော့မှာ တွေ့ဆုံခဲ့တဲ့ စပါးနဲ့  လက်ရှိ ကွန်တီရဲ့ လက်အောက်မှာ ရှိနေတဲ့ စပါးဟာ ကွဲပြားသွားခဲ့ပါပြီ။ စပါးဟာ ပိုကောင်းလာတာ မှန်ပေမယ့် အာဆင်နယ်ကလည်း မန်ယူ၊ ချဲလ်ဆီးတို့ကို အနိုင်ယူထားနိုင်ခဲ့တာကြောင့် ကျွန်တော်တို့ဟာ ဘယ်သူ့ကိုမဆို အလဲထိုးနိုင်စွမ်းရှိတယ် ဆိုတာကို သက်သေပြခဲ့ပြီးပါပြီ။

Original Article Here

Leave a Reply

%d bloggers like this: