နောက်ဆုံးရ အာဆင်နယ်သတင်းများ (​26Apr)

ဂျေးဆူကို အာဆင်နယ်အတွက်ထောက်ခံပြီး  အန်ကတ်တီးယားကို ချီးကျူးသွားတဲ့ ဖာဒီနန်

ယူနိုက်တက်ဂန္တဝင် ရီယိုဖာဒီနန်ဟာ အာဆင်နယ်အသင်းကို ဂျေးဆူရောက်ရှိလာရင် အကျိုးဖြစ်ထွန်းမှာဖြစ်တယ်လို့  ထောက်ခံပြောဆိုလာပါတယ်။

“  ဘယ်ကစားသမားနဲ့မဆို သူ့အကြောင်းပြောကြည့်ပါ ..အားလုံးက ချီးကျူးနေကြတာကို တွေ့ရပါမယ်.. သူက တကယ်ကောင်းတဲ့ကစားသမားတစ်ယောက်ပါ။  အာဆင်နယ်လိုအသင်းမျိုးမှာသာ ပုံမှန်ပွဲထွက်ခွင့်ရမယ်ဆိုရင်  ဂိုးတွေအများကြီးသေချာပေါက်သွင်းပေးမယ့်သူပေါ့ “  ဆိုပြီး မှတ်ချက်ပြုပြောဆိုလာတာဖြစ်ပါတယ်။  တဆက်ထဲမှာပဲ​ လူငယ်တိုက်စစ်မှုး အန်ကတ်တီယာကို လည်း ချီးကျူးသွားပြီး အသင်းကို တိုးတက်စေတဲ့သူအဖြစ်ညွန်းဆိုသွားခဲ့ပါတယ်။

အိုစီမန်အကြောင်း ရေးသားမှုတွေဆက်တိုက်တွေ့နေရ

အာဆင်နယ်အသင်းအနေနဲ့  တိုက်စစ်မှုးအိုစီမန်ကို ခေါ်ယူဖို့ အခွင့်အရေးပိုကောင်းလာပြီဆိုတဲ့အကြောင်းကို သတင်းဌာနတွေကလည်းဆက်တိုက်ဖော်ပြနေကြပြီး Arsenalfever ကလည်း ထိုအခြေအနေကို ထပ်လောင်းမီးမောင်းထိုးပြလာခဲ့ပါတယ်။  အဆိုပါ အသက် ၂၃ နှစ်သားအတွက် ပေါင် ၆၇ သန်းခန့်ကုန်ကျမယ်ဆိုပြီးဖော်ပြနေကြသလို သတင်းအချို့အရလည်း  သန်း ၁၀၀ ထိရောက်သွားနိုင်တယ်လို့ဆိုပါတယ်။


ရစ်ချာလီဆန်က အာဆင်နယ်လာချင်နေတယ်လို့  သုံးသပ်ခံရ

ကစားသမားဟောင်းနဲ့ ဘောလုံးကျွမ်းကျင်သူ  တင်ရှားဝုဒ်က  အဲဗာတန်တိုက်စစ်မှုးရစ်ချာလီဆန်အနေနဲ့ အာဆင်နယ်လိုအသင်းမျိုးကို ပြောင်းရွေ့ဖို့ ကြိုးစားနေနိုင်ကြောင်း ခန့်မှန်းပြောဆိုလာခဲ့ပါတယ်။

“  သူအသင်းပြောင်းချင်နေမှာပါ … ကျွန်တော့်အထင်တော့ အာဆင်နယ် အပါအဝင်  အသင်းကြီးတွေနဲ့ လိုက်လံချိတ်ဆက်ထားနှင့်ပြီးဖြစ်လိမ့်မယ် “  ဆိုပြီးပြောဆိုလာတာပါ။  အဆိုပါဘရာဇီးသားဟာ စျေးကွက်တန်ကြေး သန်း ၅၀ ခန့်ရှိပြီး  ရီးရဲအပါအဝင်အသင်းကြီးတွေက စောင့်ကြည့်နေကြကြောင်း သတင်းများက ဆိုပါတယ်။


ရာဘီယော့နဲ့ သတင်းရှိနေဆဲဖြစ်တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ သူတို့ရဲ့ ပစ်မှတ်ဟောင်း ရာဘီယော့ကို စောင့်ကြည့်နေဆဲဖြစ်ကြောင်း စပိန်သတင်းစာ  Fichajes ကရေးသားလာခဲ့ပါတယ်။ အဆိုပါ အသက် ၂၇ နှစ်အရွယ် ပြင်သစ်သားဟာ  ပီအက်စ်ဂျီနဲ့အတူတောက်ပခဲ့ပေမယ့်  အီတလီမြေမှာတော့ ရုန်းကန်နေရတာဖြစ်ပါတယ်။  မကြာခင်မှာလည်း စာချုပ်သက်တမ်းရဲ့နောက်ဆုံးနှစ်တွေဆီကိုရောက်ရှိတော့မှာဖြစ်လို့ ဂျူဗင်တပ်စ်ကလည် ပြန်လည်ရောင်းချလိုနေတယ်လို့သိရပါတယ်။

ငယ်စဥ်က ဓါတ်ပုံတစ်ပုံကြောင့်  ဟာသဖြစ်နေတဲ့ ဟာလန်း

အာဆင်နယ်အသင်းရဲ့ ဂျာစီကို ဝတ်ဆင်ထားတဲ့  တိုက်စစ်မှုးဟာလန်းရဲ့ ငယ်စဥ်က ဓါတ်ပုံတစ်ပုံဟာ ဆိုရှယ်မီဒီယာမှာ ရေပန်းစားလာခဲ့ပြီးနောက်  ပရိတ်သတ်တွေဟာ   ဟာလန်းကို ခေါ်ယူဖို့ နောက်ပြောင်ပြောဆိုလာကြပါတယ်။ ဒေါ့မွန်အသင်းကို စတင်ပြောင်းရွှေ့ပြီးကတည်းက ၈၆ပွဲကစားပြီး ၈၂ဂိုး သွင်းထားတဲ့ ၂၁နှစ်အရွယ် အာလင်းဟာလန်းကို လက်ရှိအချိန်မှာ မန်စီးတီးအသင်းက တစ်ပါတ် ပေါင် ၅သိန်းပေးပြီး ခေါ်ယူဖို့ အသင့်ဖြစ်နေပါတယ်။ ယခု ပေါ်ထွက်လာတဲ့ အာလင်းဟာလန်းရဲ့ အာဆင်နယ်အကျီနဲ့ပုံကတော့ သူ့အသက် ၁၀နှစ်ကျော်လောက်က ဖြစ်ဟန်တူပြီး သူဝတ်ထားတာက ၂၀၁၀-၂၀၁၁ ခုနှစ်က အာဆင်နယ်အဝေးကွင်းအကျီ ဖြစ်ပါတယ်။

Leave a Reply

%d bloggers like this: