ကျွန်တော်တို့ ဗိုလ်လုပွဲ ၅ပွဲ ကစားရပါဦးမယ်လို့ ဆိုလာတဲ့ တာဗာရက်စ်

ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ကြိုးစားနေရတဲ့ အာဆင်နယ်ဟာ မနေ့ညက ပွဲစဥ်မှာ မန်ချက်စတာယူနိုက်တက်ကို ၃ – ၁ နဲ့ အနိုင်ရရှိခဲ့ပြီး နောက်ခံလူ တာဗာရက်စ်ကလည်း သူ့ရဲ့ အာဆင်နယ်ကစားသမားဘဝ ပထမဆုံးဂိုးကို ပွဲချိန် ၂မိနစ်မှာ သွင်းယူနိုင်ခဲ့ပါတယ်။ ဒါဟာ  တောက်လျှောက်ဖိအားများနေတဲ့ တာဗာရက်စ်အတွက်လည်း  အရေးကြီးတဲ့ဂိုးဖြစ်သလို   အသင်းအပေါ်လည်း အကျိုးပြုမှုများခဲ့တဲ့ အခြေအနေပါ။

ဒီလိုအခြေအနေအပေါ်မှာ တာဗာရက်စ်က အခုလိုပြောပြလာခဲ့ပါတယ်။

”ကျွန်တော်တို့ ပွဲစကတည်းက အားထုတ်မှုအပြည့်နဲ့ ကစားပြီး မန်ယူကို ဖိအားပေးချင်ခဲ့ကြတာပါ။ တကယ်လည်း လုပ်နိုင်ခဲ့ကြပါတယ်။ ကျွန်တော့်ရဲ့ ပထမဆုံးဂိုးအတွက်လည်း ပျော်ရွှင်မိသလို မယုံနိုင်စရာလည်း ကောင်းခဲ့ပါတယ်။ ရှာခါဂိုးသွင်းပြီးတဲ့နောက်တော့ ကျွန်တော်တို့ အသက်ရှုလို့ရပြီ လို့ သတ်မှတ်ခဲ့ပြီး သက်တောင့်သက်သာ ကစားနိုင်ခဲ့ပါတယ်။ ဒီပွဲအတွက် ကျေနပ်ပေမယ့် နောက်ထပ် ဗိုလ်လုပွဲ ၅ပွဲ ကစားရပါဦးမယ်” လို့ အာဆင်နယ်မီဒီယာတွေနဲ့အတွေ့မှာ ပြောကြားခဲ့တာပါ။

အနိုင်ရခဲ့တယ်ဆိုပေမယ့် အာဆင်နယ်တို့အတွက်ခက်ခဲတဲ့ အချိန်ကာလတစ်ခုရှိခဲ့ပြီး ၊  တတိယဂိုးမရခင် အချိန်ကာလများမှာ  ယူနိုက်တက်ရဲ့ လွှမ်းမိုးမှုကိုခံခဲ့ရပါသေးတယ်။ အခြေခံလူပေးမှုတွေမှာတောင် အမှားတွေပါနေခဲ့တာမျိုးပါ။   ဂရန်းနစ်ရှာခါရဲ့ တတိယဂိုး အပြီးမှသာ ပွဲက အာဆင်နယ်လက်ထဲပြန်ရောက်ခဲ့ပြီးသက်ပြင်းချနိုင်ခဲ့တာဖြစ်ပါတယ်။​

အာတီတာကလည်း သူ့ရဲ့လူငယ်နောက်ခံလူနဲ့ပတ်သတ်ပြီး

“  ကျွန်တော်တို့ သူ့ကိုကူညီရပါမယ် .. သူ့အနေနဲ့အခုလိုမျိုးအတွေ့အကြုံတွေကနေ   ခက်ခဲတဲ့အခြေအနေကို ဘယ်လိုကျော်ဖြတ်ရမယ်ဆိုတာကို သင်ယူသွားရမှာပါ။  သူတို့ဟာ အမှားတွေလုပ်ကြမှာပါ .. ဒါပေမယ့် သူတို့ကပဲ အသင်းအတွက်ကစားပေးကြမှာပါ ..  သူတို့အနေနဲ့ အားပေးကူညီမှုတွေလိုကြပါတယ် .. ဒါကို အားလုံးဝိုင်းဝန်းလုပ်ဆောင်ပေးကြရမှာဖြစ်ပါတယ်  “  လို့ပြောဆိုခဲ့ပါတယ်။​

လက်ရှိ အာဆင်နယ်အသင်းရဲ့ ရလဒ်၊ တော့တင်ဟမ်ရဲ့ ရလဒ်တွေကြောင့် အာဆင်နယ်အသင်းက ချန်ပီယံလိဂ်အတွက် အခြေအနေပြန်ကောင်းသွားခဲ့ပြီး မန်ယူနိုက်တက်ကတော့ ယူရိုပါလိဂ်နဲ့သာ ရာသီသိမ်းရဖို့ များသွားခဲ့ပါပြီ။ အာဆင်နယ်ဟာ လက်ကျန်ပွဲစဥ်တွေမှာ ဝက်စ်ဟမ်း၊ လိဒ်စ်၊ စပါး၊ နယူးကာဆယ်၊ အဲဗာတန်တို့နဲ့ ကစားရပါဦးမယ်။

Leave a Reply

%d bloggers like this: