“ကျွန်တော်တို့ အာတီတာကို ၀င်းဂါးရဲ့သားလို့ ခေါ်ခဲ့ကြတာပါ”  ဖရင်ပေါင်

အာဆင်နယ်ကွင်းလယ်လူဟောင်းဖြစ်သူ ဖရင်ပေါင်က အာတီတာနဲ့ သူ အာဆင်နယ်မှာ အသင်းဖော်တွေ ဖြစ်ခဲ့စဉ်ကတည်းက စပိန်သားကြီးဟာ တစ်နေ့မှာ မန်‌နေဂျာတစ်ယောက်ဖြစ်လာနိုင်တယ်ဆိုတာ သိပ်ကို သိဟာထင်ရှားခဲ့တယ်လို့ ဆိုပါတယ်။ 

အဲဗာတန်ကနေ အာဆင်နယ်ကို ပြောင်းရွှေ့ရောက်ရှိလာခဲ့သူ အာတီတာဟာ အာဆင်နယ်ဂျာစီနဲ့ ဘောလုံးသမားဘ၀ကနေ အနားယူခဲ့ပြီး ၃နှစ်ကြာမြင့်ပြီးနောက် ၂၀၁၈မှာ အာဆင်နယ်မန်နေဂျာအဖြစ် စတင်တာ၀န်ထမ်းဆောင်ခဲ့ပါတယ်။ အာဆင်နယ်မှာ ၂၀၁၁ကနေ ၂၀၁၆အထိ ကစားခဲ့တဲ့  အာတီဟာဟာ သူ့ရဲ့ကစားသမားဘ၀နောက်ဆုံး‌နှစ်တွေမှာ အသင်းရဲ့ ကပ္ပတိန်အဖြစ်လည်း တာ၀န်ယူခဲ့ပါတယ်။ 

( ဖရင်ပေါင်ကတော့ အာဆင်နယ်အကယ်ဒမီကို အသက်ကိုးနှစ်ကတည်းက ရောက်လာခဲ့တဲ့ ငယ်မွေးခြံပေါက်ကစားသမားတစ်ဦးဖြစ်ပါတယ်။ခြေစွမ်းကောင်းပြီး အလားအလာရှိတဲ့ လူငယ်ကြယ်ပွင့်ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပေမယ့် လေ့ကျင့်ရေးကွင်းမှာရခဲ့တဲ့ ဒူးအရွတ်စုတ်ပြဲ ဒဏ်ရာကြောင့် ကိုးလလောက်အနားယူခဲ့ရပြီးနောက် ဒဏ်ရာပြဿနာတွေဟာ သူ့ရဲ့အာဆင်နယ်ကစားသမားဘ၀ကို ထိခိုက်စေခဲ့ပါတယ်။ဖရင်ပေါင်ဟာ အာဆင်မယ်အသင်းကြီးမှာ ၂၀၁၁ကနေ ၂၀၁၄အထိ ရှိနေခဲ့ပေမယ့် ၆ပွဲသာ ပွဲထွက်ခွင့်ရခဲ့ပါတယ် )

လက်ရှိမှာ အသက်၃၀ရှိပြီဖြစ်တဲ့ ဂါနာသားကြီးက အာတီဟာ တစ်နေ့မှာ မန်နေဂျာဖြစ်လာမယ့် လမ်းကြောင်းပေါ်မှာ ရှိနေခဲ့ပြီး ကစားသမားဘ၀ကတည်းက  ဒီအတွက် ကြိုတင်ပြင်နေခဲ့သူလည်း ဖြစ်တယ်လို့ ဆိုပါတယ်။ 

Daily Star Sports နဲ့ တွေဆုံမှုမှာတော့ ဖရင်ပေါင်က “အံ့ဩစရာမရှိပါဘူး။သူဟာ ဘယ်တော့မှ မရပ်တန့်နေတတ်သလို အမြဲ သင်ယူနေတတ်သူဖြစ်တာကြောင့် တစ်နေ့မှာ မန်နေဂျာ ဖြစ်လာမယ့်သူလို ကျွန်တော်ကြိုသိခဲ့ပါတယ်။ကျွန်တော်တို့ သူ့ကို ၀င်းဂါးရဲ့သားလို့ ခေါ်ခဲ့ကြတာ မှတ်မိပါသေးတယ်။ဘာလို့လဲဆိုတော့ လေ့ကျင့်ရေးကွင်းမှာ အာတီတာဟာ အမြဲလိုလို ၀င်းဂါးနဲ့ စကားပြောလေ့ရှိပါတယ်” 

“သူဟာ ၀င်းဂါးကို အမြဲတမ်း မေးခွန်းတွေ မေးနေတတ်ပါတယ်။ အာတီတာဟာ မေးခွန်းတွေမေးဖို့ သင်ယူဖို့ ကြောက်နေတတ်တဲ့သူ မဟုတ်ပါဘူး။ဒါကြောင့် အမှန်အတိုင်းပြောရရင် အာတီတာဟာ မန်နေဂျာတစ်ယောက် ဖြစ်လာတာ သိပ်အံ့ဩစရာ မရှိပါဘူး” 

အာတီတာဟာ ကစားသမားဘ၀က အနားယူပြီးတဲ့နောက်မှာလည်း ပက်ဂွာဒီယိုလာရဲ့ လက်အောက်မှာ လက်ထောက်မန်နေဂျာ အဖြစ် ဆည်းပူးခဲ့ပါသေးတယ်။ သူ့ရဲ့လက်ရှိစွမ်းဆောင်ရည်နဲ့ပတ်သတ်ပြီး အငြင်းပွားမှုများစွာရှိနေသေးပြီး  ပရိတ်သတ်တွေအကြားမှာလည်း  အမြင်မတူမှုများစွာရှိနေပါတယ်။ တဖက်မှာလည်း  ပရိုဖက်ရှင်နယ် နည်းပြအချင်းချင်းကြားထဲလေးစားမှုတစ်ခုကိုရရှိထားပြီး အလားအလာကောင်းသူအဖြစ်လည်းသတ်မှတ်ထားကြပါတယ်။  ယခုရာသီမှာတော့  သူ့ကို ထွက်စေချင်သူတွေရဲ့  Arteta Out နဲ့ ထောက်ခံသူတွေရဲ့  Trust the process  ငြင်းခုံမှုတွေဟာ  ၅ ကြိမ်ထက်မနဲ ဖြစ်လာခဲ့ပြီးဖြစ်ပါတယ်။

Advertisement

Leave a Reply

%d bloggers like this: