အိမ်မက်ဆိုးကို ချန်ခဲ့ပြီ

အာဆင်နယ်အသင်းက ရှုံးပွဲဆက်နေရာကနေ   ပွဲကြီး ၂ ပွဲဆက်တိုက်ပြန်နိုင်ခဲ့ပါတယ်။  ဆာကာ က  ၂ပွဲလုံးဂိုးသွင်းပါတယ်။ သို့သော် ထူးခြားချက်ကတော့ ပယ်နယ်တီဂိုးတွေဖြစ်ပါတယ်။   တိုက်စစ်ကစားသမား တစ်ယောက်က ပယ်နယ်တီသွင်းတာ ဘာထူးဆန်းလို့လဲဆိုပြီးမေးစရာရှိပေမယ့် ၊  အာဆင်နယ်အသင်းကို စွဲစွဲမြဲမြဲအားပေးတဲ့ရိတ်သတ်ဆိုရင်တော့  တန်းပြီးနားလည်ပါလိမ့်မယ်။

နိုင်ငံအသင်းအတွက်  အောင်ပွဲကလက်တကမ်းအလိုမှာ  ရောက်ရှိချိန် ဆာကာတစ်ယောက်လွဲချော်ခဲ့ပါတယ်။  အီတလီအသင်းဖက်ကို ပယ်နယ်တီဝင်အောင်သွင်းယူဖို့ သူမစွမ်းနိုင်ခဲ့ပါဘူး။  ဘောလုံးကမ္ဘာရဲ့ထုံးစံအတိုင်း  ပြိုင်ပွဲတစ်လျှောက်ခြေစွမ်းပြခဲ့တာ ၊​ဗိုလ်လုပွဲမှာတင် ပုံစံကောင်းရနေတာတွေအားလုံးဟာ  မေ့ထားစရာစာရင်းထဲပါသွားခဲ့ပါတယ်။ ပရိတ်သတ်အားလုံးကြောင့်မဟုတ်ပေမယ့် ဆာကာအနေနဲ့ခံစားခဲ့ရတာတော့အမှန်ပါ။ အထူးသဖြင့်လူငယ်တစ်ယောက်အနေနဲ့  ဘဝလမ်းကြောင်းတိမ်းစောင်းသွားနိုင်တာအမှန်ပါပဲ။

ဒီလိုအချိန်ဟာ ဆာကာနဲ့အမြဲထိတွေ့နေတဲ့ အာတီတာအတွက်တော့ စိန်ခေါ်မှုဖြစ်ပါတယ်။ အာတီတာကို သတင်းထောက်က ဆာကာအကြောင်းမေးတော့ အခုလိုဖြေခဲ့ပါတယ်။

“  ဆာကာဟာ မထင်မှတ်ထားလောက်အောင်ရင့်ကျက်ပါတယ် .. ကျွန်တော့်အနေနဲ့ သူအပါအဝင် လူငယ်အားလုံးကို လိုအပ်တာတွေလုပ်ဆောင်ပေးနေပါတယ် … ဆာကာဟာ ဘာလုပ်ရမယ်ဆိုတာသိတဲ့လူငယ်လေးဖြစ်ပြီး  … ခက်ခဲ့တဲ့အခြေအနေကနေ ကောင်းကောင်းမွန်မွန်ရှေ့ဆက်သွားနိုင်ပါတယ် “  ဆိုပြီး သူ့ရဲ့အခန်းကဏ္ဏထက်  ဆာကာကိုအသားပေးပြောကြားခဲ့ပါတယ်။

ဆာကာဟာ  သူ့ရဲ့စီနီယာကစားသမားဘဝအစကတည်းက ရုန်းကန်နေရတဲ့အသင်းမှာကစားရင်း ခက်ခဲစွာဖြတ်သန်းခဲ့ရတာပါ။  အခြားလူငယ်လေးတွေလို  စီနီယာတွေရဲ့ ဝန်းရံမှုကို မရရှိတဲ့အပြင် သူကပါဝန်ပိုတွေထမ်းနေခဲ့ရတာဖြစ်ပါတယ်။  ဒါပေမယ့်လည်း ဟန်ချက်ပျက်မသွားပဲ  တဆင့်ခြင်းတက်လှမ်းလာခဲ့ပါတယ်။ အသက်ငယ်သေးပေမယ့် အသင်းရဲ့ကျောနံပါတ် ၇  ကိုပါဝတ်ဆင်ခွင့်ရခဲ့ပါတယ်။

အရေးပါတဲ့ကစားသမားအဖြစ် အသင်းမှာဆက်ရှိနေခဲ့ပြီး   အားနဲချက်တွေဖြစ်တဲ့ ဂိုးသွင်းမှု ၊ ထိုးဖောက်မှုတွေမှာဆက်တိုက်တိုးတက်လာခဲ့ပါတယ်။ သူပါခြင်း ၊ မပါခြင်းက အာဆင်နယ်ကစားပုံကို သက်ရောက်စေတဲ့အထိကို တိုးတက်လာတာဖြစ်ပါတယ်။ အခုဆိုရင် အာဆင်နယ်အသင်းကလည်း ပိုမိုမြင့်မားတဲ့ခံစားခွင့်တွေနဲ့စာချုပ်သက်တမ်းတိုးဖို့ရှိနေပါပြီ။

အခုတော့ ဆာကာ က ပင်နယ်တီတွေဆက်တိုက်သွင်းပြီး  သူ့ရဲ့အိမ်မက်ဆိုးကို ပယ်ဖျက်နိုင်ခဲ့ပါပြီ။ သူရဲ့ကန်ချက်တွေကို ကမ္ဘာ့အဆင့်ဂိုးသမားတွေက နီးစပ်အောင်မခန့်မှန်းနိုင်ခဲ့ကြပါ။  ဖြစ်ချင်တော့ အသင်းကြီးတွေနဲ့တွေ့ဆုံရာမှာဆက်တိုက်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ ပြီးတော့ ပယ်နယ်တီတွေက သူ့ကြောင့်ရတာတွေချည်းသာ။  အသက် ၂၀ အရွယ်လူငယ်လေးတစ်ယောက်၏က အာဆင်နယ်လိုအသင်းအတွက်အရေးကြီးတဲ့ပွဲတွေမှာ ပယ်နယ်တီကန်ခွင့်ရတာဟာ သိပ်ကိုကြီးကျယ်တဲ့ အဖြစ်အပျက်တွေပဲပေါ့။

“  ကျွန်တော်တို့က ဘောလုံးမှာပိုပြီးတိုးတက်အောင်သင်ပေးဖို့ထက်   သူတို့တွေတိုးတက်သွားဖို့ လူမှုပတ်ဝန်းကျင်ကောင်းတစ်ခုကို  ဖန်တီးပေးနိုင်ဖို့လိုအပ်ပါတယ်။ ဒီအချက်က ကျွန်တော်တို့ ကြိုးစားဖော်ဆင်နေတဲ့အရာလဲဖြစ်ပါတယ် “  လို့အာတီတာက ဆိုပါတယ်။

ဒီစကားဟာ အာတီတာဘာကိုဆိုလိုခဲ့သလဲကတော့ နားလည်ရခက်ပေမယ့် သူ့အနေနဲ့ ကစားသမားတွေကို အလေးထားတယ်ဆိုတာကိုတော့ပေါ်လွင်နေပါတယ်။ သူတို့တွေဘယ်လိုအုပ်ချုပ်ရေးစနစ်တွေကို အသုံးပြုခဲ့သလဲဆိုတာကလည်း  ပရိတ်သတ်တွေနဲ့ဝေးပါတယ်။ သို့သော် ဆာကာတစ်ယောက်အခြေအနေဆိုးကနေပြန်လာနိုင်ဖို့အတွက် ကောင်းကောင်းအကူအညီပေးခဲ့တယ်လို့တော့  မှတ်ယူနိုင်မှာဖြစ်ပါတယ်။  အနှစ်ချုပ်ရရင်တော့ ဆာကာတစ်ယောက် အိမ်မက်ဆိုးကနေ အောင်မြင်စွာလွတ်မြောက်ခဲ့ပါပြီ။

Advertisement

Leave a Reply

%d bloggers like this: