နောက်ဆုံးရ အာဆင်နယ် သတင်းများ (22Apr)

လီဗာပူးလ်ကိုသွားဖို့ ပိုအားသန်နေတဲ့ အာဆင်နယ်ရဲ့ ထိပ်တန်းပစ်မှတ်

Tutto Mercato Web ရဲ့ဖော်ပြချက်အရ  အာဆင်နယ်နဲ့သတင်းကြီးနေတဲ့ လော်တာရိုမာတီနက်စ်ဟာ လီဗာပူးလ်အသင်းကို ပြောင်းရွှေ့ဖို့ ပိုပြီးအားသန်နေတယ်လို့သိရပါတယ်။  ၂၀၂၆ ခုနှစ်အထိစာချုပ်ရှိထားတဲ့ အာဂျင်တီးနားတိုက်စစ်မှုးဟာ အသင်းပြောင်းဖြစ်ဖို့ အခွင့်အလမ်းနဲပါးနေပြီး ၊ အကယ်၍ ဖြစ်မြောက်ခဲ့တယ်ဆိုရင်လဲ ဂန်းနားတို့ဆီကို လာဖို့ထက် အန်ဖီးလ်ကိုပိုသဘောကျနေတာဖြစ်တယ်လို့  အဆိုပါသတင်းက ဆိုထားတာပါ။

ချဲလ်ဆီးဖက်ကိုသွင်းတဲ့ ဒုတိယဂိုးအတွက် တသင်းလုံးကို အသေးစိတ်ချီးကျူးသွားတဲ့ ရက်ဒ်နက်

ဘောလုံးပွဲကျွမ်းကျင်သူအဖြစ်လုပ်ကိုင်နေတဲ့ ကစားသမားဟောင်း  ရက်ဒ်နက်က  ချဲလ်ဆီးအသင်းဖက်ကိုသွင်းယူသွားတဲ့ဂိုးမှာ အစွမ်းပြခဲ့တဲ့ ဂရန်းနစ်ရှာခါနဲ့အာဆင်နယ်အသင်းသားတွေကို အခုလိုပဲချီးကျူးလာပါတယ်။

“  ဟိုးဒင်းက စွန့်စားပြီးဘောလုံးကို ကိုင်တယ် .. အဲ့ဒီအချိန်မှာ ဂရန်းနစ်က ကြံ့ကြံ့ခိုင်ပြီးကူညီသွားခဲ့တယ်.. မာကိုအလွန်ဆိုကို  ပေါင်ကြားထဲထည့်ပြီးလှည့်စားခဲ့တယ် .. အဲ့ဒီနောက်တော့အားလုံးကပွင့်ထွက်သွားခဲ့တယ် .. အိုဒီဂတ်ကလည်း သိပ်ကောင်းတဲ့လှုပ်ရှားမှုတွေလုပ်ခဲ့တယ် .. သူရဲ့ပေးပို့မှုတွေ လှုပ်ရှားမှုတွေ အားလုံးက ချိန်သားကိုက်ပါပဲ  “  လို့ ချီးကျူးသွားခဲ့တာဖြစ်ပါတယ်။

ဆဘစ်ဆာကို  အာဆင်နယ်လိုက်နေကြောင်း ဂျာမန်သတင်းထောက် အတည်ပြု

ဂျာမန်သတင်းထောက် ခရစ်ရှန်ဖော့ က အာဆင်နယ်နဲ့အက်သလက်တီကို မက်ဒရစ်တို့ဟာ  ဘိုင်ယန်ကွင်းလယ်လူ ဆဘစ်ဆာကို ခေါ်ယူဖို့စိတ်ဝင်စားနေကြကြောင်းအတည်ပြုပြောကြားသွားခဲ့ပါတယ်။  အဆိုပါကစားသမားဟာ ဘိုင်ယန်အသင်းမှာရုန်းကန်နေရတဲ့နောက် ပေါင် ၁၅သန်းခန့်သာတန်ကြေးရှိတော့တာဖြစ်တယ်လို့သိရပါတယ်။ ဆဘစ်ဆာဟာ ဘိုင်ယန်နဲ့ကစားခဲ့တဲ့ ၂၇ ပွဲမှာ  ၁ဂိုးသာသွင်းယူထားနိုင်သူလဲဖြစ်ပါတယ်။ 

အန်ကတ်တီးယားကို အာဆင်နယ်ကြိုးစားဆဲဖြစ်ကြောင်း SportMole သတင်းထောက်ရေးသား

အာဆင်နယ်အသင်းဟာ တိုက်စစ်မှုး အန်ကတ်တီးယားကို အသင်းမှာဆက်ရှိနေစေလိုကြောင်း SportMole  သတင်းဌာနရဲ့ ဆောင်းပါးရှင်း မက်သရူးတာနာက ရေးသားလာပါတယ်။  အန်ကတ်တီးယားဟာ ပွဲကစားချိန်လိုအပ်တာကြောင့် အခြားအသင်းတစ်သင်းကိုသာ ပြောင်းရွှေ့လိုကြောင်းအတိအလင်းပြောကြားထားသူဖြစ်ပါတယ်။ အာဆင်နယ်တို့ဟာ လက်ကျန်ပွဲစဥ်တွေမှာ  အန်ကတ်တီးယားကိုသာ ဆက်လက်အားကိုးရဖွယ်ရှိပြီး လူငယ်တိုက်စစ်မှုးကလည်း ခြေစွမ်းပြနေတာဖြစ်ပါတယ်။

လိုကွန်ဂါတစ်ယောက် အခွင့်အရေးကို အသုံးမချနိုင်ခဲ့ဘူးလို့  ဂန္တဝင်ဝေဖန်

ဂန္တဝင်မာတင်ကီအွန်က  အာတီတာအနေနဲ့ အယ်နီနီကို ပြန်လည်အသုံးပြုတာဟာ မှန်ကန်တဲ့လုပ်ရပ်ဖြစ်ကြောင်း  Stadium Astro အစီအစဥ်ကနေ အခုလိုပြောကြားလာပါတယ်။

“  အာတီတာဟာ လိုကွန်ဂါကို အပြည့်အဝမယုံကြည်ခဲ့ပါဘူး .. လိုကွန်ဂါဟာ အခွင့်အရေးကိုအပြည့်အဝအသုံးမချနိုင်ခဲ့တာကြောင့် အာတီတာက  အယ်နီနီကိုပဲပြန်ရွေးလိုက်ရပါတယ် .. အယ်နီနီကလည်း  နည်းပြအတွက်အလုပ်ကောင်းကောင်းလုပ်ပေးနိုင်ခဲ့ပါတယ်  “  လို့သူ့ရဲ့အမြင်ကိုသုံးသပ်လာတာဖြစ်ပါတယ်။

Leave a Reply

%d bloggers like this: