Historic Event – အာဆင်ဝင်းဂါးထွက်ခွာခြင်း

ယခုဆောင်းပါးရေးသားချိန်ဆီမှရေတွက်ရင်  ၄နှစ်ခန့်   …

၂၀၁၈ ခုနှစ်မှာ အာဆင်ဗန်းဂါးဟာ သူ့ရဲ့ ၂၂နီးပါး အာဆင်နယ်နည်းပြသက်တမ်းကို အဆုံးသတ်ခဲ့ပါတယ်။

 April လ ၂၀ရက်နေ့၊ ၂၀၁၈ ခုနှစ်မှာ အာဆင်ဝင်းဂါးဟာ အာဆင်နယ်အသင်းရဲ့ မန်နေဂျာအဖြစ်ကနေ နှုတ်ထွက်ခဲ့ပါတယ်။ အသက် ၆၈နှစ်အရွယ် နည်းပြကြီးကို ပရီးမီးယားလိဂ်ဖလား မရယူနိုင်မှု၊ ချန်ပီယံလိဂ်မှာ ကျရှုံးမှုတွေကြောင့် ပရိတ်သတ်တွေက နှုတ်ထွက်ရန် ဝိုင်းဝန်းဖိအားပေးခဲ့ကြပြီးတဲ့နောက် အာဆင်ဝင်းဂါးကလည်း နှုတ်ထွက်သွားခဲ့တာပါ။

သူကိုင်တွယ်ခဲ့တဲ့ နောက်ဆုံး ၄နှစ်အတွင်းမှာ FA ဖလား တစ်ကြိမ်သာ ရယူနိုင်ခဲ့တာကြောင့် အောင်မြင်မှုဆာလောင်နေတဲ့ ပရိတ်သတ်တွေက အပြောင်းအလဲကို မြင်ချင်ခဲ့ကြတာပါ။ “ Thanks for the memories but it’s time to say Bye “ ဆိုတဲ့စာတန်းဟာ အာဆင်နယ်အသင်းအပေါ်ကို ဝင်းဂါးတစ်ယောက် စိတ်နာသွားစေတဲ့စာတန်းလို့ပဲဆိုရပါမယ်။

အာဆင်ဝင်းဂါးရဲ့ အာဆင်နယ်နည်းပြဘဝမှာ ၄၉ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန်နဲ့ ရှုံးပွဲမရှိချန်ပီယံဖလားအပါအဝင် ပရီးမီးယားလိဂ် ၃ကြိမ်တိုင် ဆွတ်ခူးနိုင်ခဲ့သလို FA ဖလား အများဆုံးရတဲ့ နည်းပြအဖြစ်နဲ့ ၇ကြိမ် ချန်ပီယံဖြစ်ခဲ့ပါတယ်။

အာဆင်ဝင်းဂါးရဲ့ နောက်ဆုံးအိမ်ကွင်း နှုတ်ဆက်ပရီးမီးယားလိဂ်ပွဲမှာ ဘန်လေအသင်းကို ၅ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ကစားနိုင်ခဲ့သလို ​နောက်ဆုံးပွဲဖြစ်တဲ့ ဟက်ဒါဖီးလ်အသင်းနဲ့ အဝေးကွင်းပွဲမှာလည်း တစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ကာ ပရိတ်သတ်တွေက မတ်တပ်ရပ်၊ လက်ခုပ်တီး ဂုဏ်ပြုခဲ့ကြပါတယ်။ အာဆင်နယ်တို့ရဲ့ ဂန္တဝင်ပြင်သစ်သားနည်းပြကြီးဟာ လက်ရှိမှာ ဖီဖာရဲ့ ကမ္ဘာ့ဘောလုံးအားကစားတိုးတက်ရေးဥက္ကဌ (FIFA’s Chief of Global Football development) ရာထူးနဲ့ တာဝန်ထမ်းဆောင်နေပါတယ်။

အာဆင်ဝင်းဂါးဟာ အင်္ဂလန်ဘောလုံးလောကကို တိုးတက်ပြောင်းလဲစေခဲ့သူ ပြင်သစ်တော်လှန်ရေးသမားအဖြစ်လည်းကောင်း၊ စွဲမက်ဖွယ်ကစားဟန်နဲ့ အာဆင်နယ်အသင်းကို ကမ္ဘာ့အဆင့်မှာ ထင်ပေါ်စေခဲ့တာကြောင်း လည်းကောင်း၊ သူ့ရဲ့ လူကြီးလူကောင်းဆန်ဆန် နည်းပြဟန်၊ အဆိုအမိန့်နဲ့ အတွေးအခေါ် အိုင်ဒီယော်လော်ဂျီတွေကြောင့်ပါ ကျော်ကြားခဲ့သူတစ်ဦးဖြစ်ပါတယ်။

Advertisement

Leave a Reply

%d bloggers like this: