တိုမီယာဆု အတွက်မျှော်လင့်ချက်ရှိကြောင်းအာတီတာပြော
ချဲလ်ဆီးနဲ့ပွဲမတိုင်မီ ပြုလုပ်ခဲ့တဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာတော့ နည်းပြ အာတီတာက အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ လာကာဇက်နဲ့ တိုမီယာဆုတို့ရဲ့ အခြေအနေကို ထုတ်ပြန်ပေးခဲ့ပါတယ်။ ”လာကာဇက်ကတော့ အားလုံးသိတဲ့အတိုင်းပဲ ကိုဗစ်ထိထားတာကြောင့် ကျွန်တော်တို့နဲ့ ဝေးနေတုန်းပါ။ ပြန်ကစားနိုင်ဖို့ကို စောင့်ကြည့်ရပါဦးမယ်။ တိုမီယာဆုကတော့ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီဖြစ်လို့ ပွဲကစားဖို့ အရမ်းအရမ်းကို နီးစပ်နေပါပြီ။ ပွဲပြန်ကစားဖို့ အရမ်းစောလွန်းနေဦးမလား၊ ကစားလို့အဆင်ပြေမလားဆိုတာကိုတော့ လေ့ကျင့်ရေးတွေပြီးတဲ့အခါ စစ်ဆေးပြီး ဆုံးဖြတ်သွားမှာပါ။” ဆိုပြီး ကစားသမားတွေရဲ့အခြေအနေကို ပြောပြခဲ့ပါတယ်။
ချဲလ်ဆီးကိုအလေးသာပေးတဲ့ ဖာဒီနန်
မန်ယူဂန္တဝင် ရီယိုဖာဒီနန်က ချဲလ်ဆီးနဲ့ ကစားမယ့်ပွဲကို အခုလိုပဲသုံးသပ်လာခဲ့ပါတယ်။
“ အာဆင်နယ်က တစ်ခုခုလုပ်ပြနိုင်မှာလး .. ကျွန်တော်မသိပါဘူး။ နောက်ဆုံးကစားခဲ့တဲ့ပွဲတွေမှာတော့ သူတို့တွေရလဒ်ဆိုးနေခဲ့ပါတယ်။ ချဲလ်ဆီးကတော့ သူတို့ရဲ့ပုံစံကောင်းကိုပြန်ရနေပါပြီ။ ဗိုလ်လုပွဲလည်းတက်သွာခဲ့ပါပြီ။ ကျွန်တော်ကတော့ အာဆင်နယ်တို့ရလဒ်ကောင်းဖို့ မမြင်မိပါဘူး “ ဆိုပြီးပြောလာတာဖြစ်ပါတယ်။
မာတင်နယ်လီကို ဗဟိုတိုက်စစ်မှာ မထားစေချင်တဲ့ မာဆင်
အာဆင်နယ်ဂန္တဝင်ပေါလ်မာဆင်က Sky Sports အတွက်ရေးသားတဲ့ သူ့ရဲ့ဆောင်ပါးမှာ အာဆင်နယ်အသင်းရဲ့လက်ရှိအနေအထားအတွက်စိတ်ပူမိကြောင်း ၊ သို့သော် အဆင့် ၄ အတွင်းဝင်ဖို့မျှော်လင့်ချက်ရှိနေသေးကြောင်းနဲ့ တိုက်စစ်သမားကောင်းကောင်းမရှိခြင်းက ပြသနာတက်နေတာဖြစ်ကြောင်းရေးသားလာခဲ့ပါတယ်။ ဒါ့အပြင် မာတင်နယ်လီကို ဗဟိုတိုက်စစ်မှာကစားဖို့အတွက်လည်း ထောက်ခံခြင်းမပြုလုပ်တာကိုတွေ့ရပါတယ်။
နူးနက်စ်အတွက် နယူးကာဆယ်က ငွေပုံပေးမယ်
အာဆင်နယ်အသင်းရဲ့ အဓိက ပစ်မှတ်ဖြစ်တဲ့ ဒါဝင်နူးနက်စ်ကို နယူးကာဆယ်အသင်းက တောင်းသမျှစျေးပေးပြီးခေါ်ယူသွားဖို့အတွက် အသင့်ရှိနေကြောင်း Telegraph ကဖော်ပြလာပါတယ်။ အဆိုပါ ကစားသမားအတွက် အချို့သောသတင်းရင်းမြစ်များက ၆၇ သန်းခန့်ရှိကြောင်းဖော်ပြနေကြပြီး၊ နောက်ဆုံးသတင်းများအရတော့ သန်း ၈၀ ခန့်အထိမြင့်တက်လာနိုင်ဖွယ်ရှိတယ်လို့ နားလည်ရပါတယ်။ နူးနက်စ်ဟာ လီဗာပူးလ်နဲ့ရင်ဆိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာလည်းချေစွမ်းပြထားနိုင်သူဖြစ်ပါတယ်။
ဟာလန်းကိုသာ ခေါ်ယူလိုက်ဖို့ ဒေးဗစ်ဂျိမ်းစ်ထောက်ပြ
အဂ်လန်ဂိုးသမားဟောင်း ဒေးဗစ်ဂျိမ်းစ်က အာဆင်နယ်အနေနဲ့ ဟာလန်းလို ကစားသမားမျိုးကို စွန့်စားခေါ်ယူသင့်ကြောင်းအကြံပြုလာခဲ့ပါတယ်။ ဂျိမ်းစ်က “ အာဆင်နယ်အသင်းက ကစားတာကောင်းပြီးသားပါ .. သူတို့လိုအပ်နေတာက သွင်းဂိုးတွေပါပဲ “ လို့ ပြောဆိုလာတာဖြစ်ပါတယ်။ ကစားသမားကိုခေါ်ယူလိုပါက ပြောင်းရွေ့ကြေးမှာ ၆၅ သန်းခန့်သာရှိနိုင်ပေမယ့် လုပ်အားခအနေနဲ့ တစ်ပတ်ကို ပေါင် ၅၀၀၀၀၀ ခန့်ပေးရဖို့တော့ရှိနေပါတယ်။
