လန်ဒန်ဒါဘီပွဲစဉ်မတိုင်မီ အသင်းရဲ့လူငယ်ကစားသမားတွေအတွက် အာတီတာရဲ့ အားပေးစကား

အာဆင်နယ်လူငယ်တွေဟာ သုံးပွဲဆက် အရှုံးရလဒ်ကို ဖြတ်သန်းထားခဲ့ရတာကြောင့် ခုချိန်မှာတော့ စိတ်ဓာတ်ကျစရာကာလတွေကို ဖြတ်သန်းနေရတယ်လို့ ဆိုရပါမယ်။မြန်မာစံတော်ချိန်ကြာသပ‌တေးမနက်အစောပိုင်းမှာ ချဲလ်ဆီးနဲ့ လန်ဒန်ဒါဘီ ပွဲစဉ်ကစားရဖို့ ရှိနေတာဟာ လူငယ်လေးတွေရဲ့ တိုက်ပွဲ၀င်စိတ်ဓာတ်ကို စမ်းသပ်လာမယ့် ပွဲစဉ်တစ်ပွဲ ဖြစ်လာမှာ ဖြစ်သလို အာဆင်နယ်ရဲ့ ချန်ပီယံလိဂ်၀င်ခွင့် အိပ်မက်အတွက်လည်း နောက်ဆုံးမျှော်လင့်ချက်တစ်ခုဖြစ်နိုင်ပါတယ်။ 

လက်ရှိမှာ အာဆင်နယ်ဟာ အမှတ်ပေးဇယားရဲ့ ထိပ်သီးခြောက်သင်းစာရင်း ၀င်နေဆဲဖြစ်ပြီး အဆင့်လေးနေရာက စပါးနဲ့ သုံးမှတ်အကွာ၊ အဆင့်‌ ငါးနေရာက မန်ယူတို့နဲ့ ရမှတ်တူ(မန်ယူက နှစ်ပွဲပိုကစားထား) ဆိုတဲ့ အနေအထားမှာ  ရရှနေပါတယ်။ ဒါ့အပြင် ချဲလ်ဆီးနဲ့ ပွဲစဉ်ပြီးရင်လည်း စပါး၊မန်ယူတို့နဲ့ ထိပ်တိုက်ရင်ဆိုင်ရမယ့် ပွဲစဉ်တွေရှိနေတာကြောင့် လက်ကျန်ပွဲစဉ်တွေမှာ အနီးဆုံးပြိုင်ဘက်တွေကို အနိုင်ယူပြီး ရာသီကုန်မှာ ထိပ်သီးလေးသင်းစာရင်း ၀င်ဖို့ မျှော်လင့်ချက်ရှိနေဆဲဖြစ်ပါတယ်။ 

အာတီတာအနေနဲ့ လက်ကျန်ပွဲစဉ်တွေမှာ လူငယ်တွေဆီကနေ ရနိုင်သမျှ အားအကုန် ညှစ်ယူဖို့တော့ လိုအပ်ပါလိမ့်မယ်။ အသင်းရဲ့ ဝါရင့်ကစားသမားတွေလို ဆိုနိုင်တဲ့ ကပ္ပတိန်လာကာဇက်၊ပါတေး နဲ့ ဒုတိယအသင်းခေါင်းဆောင် တီယာနေးတို့ အသင်းရဲ့လူစာရင်းမှာ မပါ၀င်နိုင်ချေမှာ အိုဒီဂတ်က ကပ္ပတိန်လက်ပတ်ကို ဆက်ခံထားတာ တွေ့ရပါတယ်။ 

လက်ရှိအသင်းရဲ့ ပွဲထွက်လူစာရင်းမှာ အသက်အကြီးဆုံး ကစားသမားဆိုလို့ ဆဲဒရစ်(၃၀နှစ်)သာရှိပြီး ကျန်တဲ့ ကစားသမားတွေကတော့ အသက်၂၅နှစ်မကျော်သေးတဲ့ လူငယ်တွေချည်းပဲ ဖြစ်ပါတယ်။ ဒဏ်ရာရ ကစားသမားများပြားနေမှု ကြောင့် ချဲလ်ဆီးကို ရင်ဆိုင်မယ့် လူစာရင်းမှာ ဖလော်ရက်စ်၊ အက်ဇီး၊ဟတ်ချီဆန်တို့လို အကယ်ဒမီကစားသမားတွေကိုပါ အာတီတာအနေနဲ့ ထည့်သွင်းရဖို့ ရှိနေပါတယ်။ ဒါကြောင့် ချဲလ်ဆီးနဲ့ လန်ဒန်ဒါဘီပွဲစဉ်ကို အနိုင်ရဖို့အတွက် အာတီတာဟာ သူ့ရဲ့လူငယ်တွေကို ယုံကြည်မှုတွေ ၊တိုက်ပွဲ၀င်စိတ်တွေ တဖန် ပြန်ပြီး နိုးထလာအောင် ကြိုးစားရမှာ ဖြစ်ပါတယ်။ 

ကျွန်တော်တို့မှာ ပွဲကျန်တစ်ပွဲကစားရဖို့ ကျန်နေတုန်းက အမှတ်ပေးဇယားမှာ ရှိနေခဲ့တဲ့ နေရာမှာ ရှိနေပါတယ်။ဗုဒ္ဓဟူးနေ့မှာ ကစားမယ့်ပွဲစဉ်မှာတော့ ကျွန်တော်တို့ အနိုင်ယူပြီး အပေါ်ကို ပြန်တက်နိုင်အောင်ကြိုးစားရပါမယ် လို့ အာတီတာက ဆိုပါတယ်။ 

တာ၀န်က ကြီးပေမယ့် ကျွန်တော်တို့ လက်လွှတ်မခံရလောက်အောင် အဖိုးတန်တဲ့ အခွင့်အရေးလည်း ဖြစ်ပါတယ်။သူတို့(လူငယ်တွေကို) ကမ္ဘာပေါ်မှာ ရှိတဲ့ ဘယ်အထောက်အပံ့မဆို ကျွန်တော်ပေးသွားမှာပါ။ ဘာလို့လဲဆိုတော့ သူတို့ ဒါကို လိုအပ်ပါတယ်။သူတို့ အများစုက အသက် ၁၉၊၂၀ နှစ်လောက်ပဲ ရှိကြပြီး အထောက်အပံ့ပေးဖို့ လိုအပ်ပါတယ်” 

ကျွန်တော်တို့က ကျွန်တော်တို့ပါပဲ(အာဆင်နယ်ပါပဲ)၊သတ်မှတ်ထားတဲ့ အဆင့်အတန်းတစ်ခုထဲကို ရောက်ချင်တယ်ဆိုရင် အဆုံးသတ်မှာ ပွဲစဉ်တွေကို အနိုင်ရဖို့ လိုအပ်ပါတယ်” 

နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်တွေမှာ ဆောက်သမ်တန်၊ ရီးရဲလ်မက်ဒရစ်၊ အက်စတွန်ဗီလာတို့ကို အနိုင်ယူပြပြီး ပုံစံကောင်းပြန်ရနေတဲ့ တူချယ်ရဲ့ ချဲလ်ဆီးကို လူငယ်ကစားသမားတွေ၊ အကယ်ဒမီကြယ်ပွင့်တွေနဲ့ ရင်ဆိုင်ရတာဟာ လွယ်ကူမယ့် ပွဲစဉ်တော့ မဟုတ်တာ အသေအချာပါပဲ။ 

ဒါပေမယ့် ဒါဟာ ဘောလုံးပဲ ဖြစ်တာကြောင့် ဘာမှပြောလို့မရသေးပါဘူး။ လူငယ်တွေရဲ့ ပေါက်ကွဲအားတစ်ခုကို လန်ဒန်ဒါဘီမှာ မြင်တွေ့ခွင့်ရဖို့ပဲ ကျွန်တော်တို့ မျှော်လင့်ရတော့မှာပါ။

Leave a Reply

%d bloggers like this: