နောက်ဆုံးရ အာဆင်နယ် သတင်းများ (19Apr)

လုပ်ရည်ကိုင်ရည်ရှိသူကိုခေါ်ယူဖို့ ကင်းဘဲလ်ပြော

အာဆင်နယ်အသင်းရဲ့ ဂန္တဝင်တစ်ဦးဖြစ်တဲ့  ကီဗင်ကင်းဘဲလ်က  ပါတေးအတွက်ပါတနာကောင်းတစ်ယောက် မဖြစ်မနေခေါ်ယူရမှာဖြစ်ကြောင်းပြောဆိုလာပြီး  ဗီလာအသင်းရဲ့ ဒေါက်ဂလပ်လူးဝစ်ကို ခေါ်ယူဖို့ အကြံပြုလာပါတယ်။

“  လူးဝစ်က ငယ်ရွယ်တယ်​၊  ကစားသမားကောင်းဖြစ်တယ် ၊ အောင်ပွဲကိုဆာလောင်နေသူလည်းဖြစ်တယ်။  ကျွန်တော့်အထင် သူအာဆင်နယ်မှာ ခြေစွမ်းပြနိုင်ပါလိမ့်မယ် ..  အသင်းက လူအင်အားလဲလိုနေပါတယ် … လူငယ်တွေအားဖြည့်နေရုံနဲ့မရပါဘူး .. တကယ်ကို လုပ်ရည်ကိုင်ရည်ရှိတဲ့အသင်းတစ်သင်းဖြစ်ဖို့ လိုနေတာပါ .. ကျွန်တော်တို့က အခြားအသင်းထက်အားနဲနေပါတယ် “ ဆိုပြီးပြောဆိုလာတာဖြစ်ပါတယ်။

ဖီယင်နုဒ် ကစားသမားကို  ကိုဒီဂတ်ပို နေရာအစားထိုးပစ်မှာထားလာ

အီတလီသတင်းစာ Corriere dello Sports ရဲ့ဖော်ပြချက်အရ အာဆင်နယ်အသင်းဟာ ဖီယင်နုဒ်အသင်းရဲ့ကစားသမား ဆီနီစတဲရား ကို  ပီအက်စ်ဗီရဲ့  ကိုဒီဂတ်ပိုအတွက် အစားထိုးပစ်မှတ်အဖြစ်လျားထားကြောင်း သိရပါတယ်။ အဆိုပါ ကိုလံဘီယာကစားသမားဟာ တန်ကြေး ၁၂.၄ သန်းခန့်ရှိပြီး  ပွဲပေါင်း ၄၂ ပွဲကစား ၊  ၂၁ ဂိုးသွင်းပြီး  ၁၁ ကြိမ်ဖန်တီးပေးထားနိုင်ထားတာလည်းဖြစ်ပါတယ်။  အဆိုပါ ကိန်းဂဏန်းဟာ  တူညီတဲ့ပြိုင်ပွဲမှာကစားနေတဲ့ ဂါပိုထက်ပိုများနေတာလဲဖြစ်ပါတယ်။

အဆုံးအဖြတ်ရက်သတ္တပတ်လို့  အာဆင်နယ် ဂန္တဝင်ပြော

တော့တင်ဟမ်ဟာ လက်ရှိမှာ အာဆင်နယ်ရဲ့အထက် တစ်ပွဲပို၊ ၃မှတ်အသာနဲ့ ရောက်ရှိနေပြီး အဆင့်၄အတွက် အခြေအနေ ကောင်းနေပေမယ့်လည်း လက်ကျန်ပွဲစဥ်တွေအရ အဆင့် ၅နဲ့ ၆ထိပါ ဆင်းသွားနိုင်သေးကြောင်း အာဆင်နယ် ဂန္တဝင် မိုက်ကယ်သောမတ်စ်က ပြောကြားခဲ့ပါတယ်။ လာမယ့် ၃ပါတ်လောက်က အဆုံးအဖြတ် ပေးသွားပါလိမ့်မယ်။ အာဆင်နယ်က စပါး၊ မန်ယူ၊ ဝက်စ်ဟမ်းကို အနိုင်ကစားရမှာပါ။ ဒီ ၃ပွဲဟာ အာဆင်နယ်အတွက် အရေးပါကြီး ကြီးမားတဲ့ မေးခွန်းထုတ်မှု ဖြစ်လာပါလိမ့်မယ်ဆိုပြီး ဂန္တဝင်ကစားသမားက သုံးသပ်ခဲ့တာပါ။

အာတီတာအစား ဗီအဲရာကိုခန့်ဖို့ အကြံပြုလာတဲ့ မော်ဂန်

အာတီတာကို တောက်လျှောက်ဝေဖန်နေခဲ့တဲ့ ပီးယာ့စ်မော်ဂန်ကတော့ ဒီစပိန်သားနေရာကို အစားထိုးရမယ့် နည်းပြနာမည်ပါ ထုတ်ပြောလာခဲ့ပါတယ်။ အသက် ၄၀အရွယ် နာမည်ကြီး အာဆင်နယ်ပရိတ်သတ်ဟာ တွစ်တာကနေ တစ်ဆင့်  “ လုပ်ငန်းစဥ်ကို ယုံကြည်ပါ ဟုတ်လား? နေပါစေတော့၊ ကျေးဇူးပဲ။ အာတီတာ ထွက်၊ ဗီအဲရာ ဝင်ဆိုပြီး သူ့ရဲ့ဆန္ဒကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ လက်ရှိအနေအထားအရ ပြောဖို့ စောနေသေးပေမယ့် အာတီတာသာ လာမယ့် လပိုင်းအတွင်းမှာ ချယ်ဆီး၊ မန်ယူ၊ တော့တင်ဟမ်၊ ဝက်စ်ဟမ်းတို့ကိုပါ ရှုံးနိမ့်ခဲ့ရင်တော့ ပီးယာ့စ်မော်ဂန်ရဲ့ ဆန္ဒတွေ ဖြစ်လာနိုင်ပါတယ်။

အိုဒီဂတ်နဲ့အတူပြုလုပ်နေတဲ့ သီးသန့်အစီအစဥ်များအကြောင်း အာတီတာပြောပြလာ

နည်းပြအာတီတာက  သူ့အနေနဲ့ မာတင်အိုဒီဂတ်အပေါ် သီးသန့်အချိန်ပေးကာ ​ရလဒ်ကောင်းတွေကိုတည်ဆောက်နေကြောင်း နော်ဝေရုပ်သံ TV2 နဲ့တွေ့ဆုံရာမှာ အခုလိုပဲပြောကြားသွားခဲ့ပါတယ်။

“  ကျွန်တော်တို့အခုမြင်တွေ့နေတဲ မာတင်ရဲ့စွမ်းဆောင်ရည်တွေဟာ လွန်ခဲ့တဲ့  ၃ လနဲ့   ၆ လတုန်းက ကြိုးစားခဲ့ကြတဲ့အရာတွေပါ။  မာတင်ရဲ့ အခုကြိုးစားနေတာတွေရှိပါတယ်၊ ဒါတွေကိုမြင်ရဖို့  အချိန်တစ်ခုတော့ပေးရပါလိမ့်မယ် “  လို့ ပြောဆိုသွားတာဖြစ်ပါတယ်။  အိုဒီဂတ်ဟာ အသင်းကို ရောက်စတုန်းက ခြေစွမ်းမပြနိုင်ပေမယ့် တဖြေးဖြေးလန်ဒန်မှာအသားကျလာတာဖြစ်ပါတယ်။

Advertisement

Leave a Reply

%d bloggers like this: