အာဆင်နယ်အသင်းရဲ့နည်းပြ အာတီတာ တစ်ယောက် အရင်လရဲ့ တစ်လတာအကောင်းဆုံးနည်းပြဆု ရပြီးကတည်းက ဆက်တိုက်ရှုံးပွဲတွေ ကြုံလာခဲ့တာ အခုဆို ၃ပွဲဆက်ခဲ့ပါပြီ။ ဒါ့အပြင် ဒဏ်ရာရကစားသမားအများစုရဲ့နေရာမှာ လူငယ်ကစားသမားတွေ အစားထိုးပြီးကစားနေရတဲ့ အတွက် အာဆင်နယ်ဟာ ထင်းအစည်းပြေသလို ဖြစ်စ ပြုနေတာကြောင့် လူငယ်ကွင်းလယ်လူလေး ဆမ်ဘီလိုကွန်ဂါက အခုလိုပဲ သတိပေးပြောကြားခဲ့လာခဲ့တာဖြစ်ပါတယ်။
“ အဝတ်လဲခန်းထဲမှာ အားလုံးက လက်ရှိအခြေအနေက အဆင်မပြေဘူးဆိုတာနားလည်ထားကြပါတယ်။ ဒါပေမယ့် ကျွန်တော့်တို့အားလုံးဟာ ဒီအခြေအနေကနေရုန်းထဖို့အတွက် တူတူပြန်ပြီးကြိုးစားရမှဦပါ။ အနိုင်ရရှိဖို့အတွက် နည်းလမ်းတွေရှာရမှာပါ .. ကျွန်တော်တို့တွေယုံကြည်မှုရရှိဖို့က ပထမဆုံးအချက်ပါပဲ .. ပြီးရင်တော့ အတူတကွပြန်လည်ရင်ဆိုင်သွားရပါမယ် “ လို့ အသက် ၂၂ အရွယ် ကစားသမားက အသင်းဝက်ဘ်ဆိုက်နဲ့တွေ့ဆုံရာမှာပြောသွားတာဖြစ်ပါတယ်။
အာဆင်နယ်အသင်းမှာ ပြစ်တင်မှုတွေ များပြားနေခဲ့ပြီး ဘယ်နောက်ခံလူ နူနိုတာဗာရက်စ်၊ ကွင်းလယ်က ဆမ်ဘီလိုကွန်ဂါနဲ့ တိုက်စစ်က နကီတီယာတို့ဟာ လက်ရှိရလဒ်ဆိုးတွေအတွက် ပြစ်တင်မှုအခံရဆုံးကစားသမားတွေ ဖြစ်နေကြပါတယ်။ သို့သော် ကျန်အသင်းသားတွေကို သူကိုယ်တိုင်ကပဲ ပြန်လည်အားပေးစကားပြောခဲ့ပါတယ်။ ဆက်လက်ပြီး ပရိတ်သတ်များကိုလည်း ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။
“ ပရိတ်သတ်တွေဟာ အမြဲတန်းကျွန်တော်တို့နောက်မှာရှိနေကြသူတွေပါ။ သူတို့ကြောင့် ပဲ ဒီအခြေအနေတွေကို ပြန်ပြီးတွန်းလှန်သွားရမှာပါ “ ဆိုပြီးအသင်းဖော်တွေကိုတွန်းအားပေးခဲ့ပါတယ်။
ကစားဖော်တွေကို ယုံကြည်ချက်ရှိဖို့တိုက်တွန်းနေပေမယ့် သူကိုယ်တိုင်ကလည်း ယုံကြည်မှုနဲပါးပြီး ထိရောက်မှုမရှိတဲ့ကစားဟန်ကြောင့် ဝေဖန်ခံနေရတာဖြစ်ပါတယ်။ အာဆင်နယ်အသင်း အနေနဲ့ပြန်လာမယ်လို့ ကျုံးဝါးနေပေမယ့်လည်း ရင်ဆိုင်ရမယ့်အသင်းတွေကတော့ ထိပ်တန်းအသင်းတွေဖြစ်တာကြောင့်လွယ်ကူနေမှာတော့ မဟုတ်ပါဘူး။
