ပစ်မှတ်ဟောင်းကို စိတ်ဝင်စားလာတဲ့ အာဆင်နယ်
အာဆင်နယ်အသင်းဟာ ဟော်ဖန်ဟိန်းအသင်းရဲ့ကစားသမား ဖလိုရီယန် ဂရေးလ်လစ်ရှ် ကိုပြန်လည်စိတ်ဝင်စားနေကြောင်း Football London သတင်းဌာနကရေးသားဖော်ပြလာခဲ့ပါတယ်။ အဆိုပါ သြစတီးယားလက်ရွေးစင်ဟာ ကွင်းလယ်ကစားသမားအဖြစ်တင်မက ဗဟိုနောက်ခံလူအဖြစ်လဲကစားနိုင်ပြီး အရပ်အမောင်းလဲမြင့်မားသူဖြစ်ပါတယ်။ ဟော်ဖန်ဟိန်းအသင်းနဲ့အတူ ၅ ရာသီမြောက်ကိုဖြတ်သန်းနေပြီးပွဲပေါင်း ၁၅၀ ကစားပေးထားသူဖြစ်ပါတယ်။
အာဆင်နယ်ရှေ့တန်းရဲ့ မတည်ငြိမ်မှုကိုထောက်ပြလာတဲ့ အီယန်ရိုက်
အီယန်ရိုက်ကတော့ အာဆင်နယ်အသင်းရဲ့ပြသနာက တိုက်စစ်ဖြစ်ကြောင်း ၊ စမစ်ရိုးက တည်ငြိမ်မှုတစ်ခုကို ပြသခဲ့သင့်ကြောင်း ဝေဖန်ပြောကြားလာခဲ့ပါတယ်။
“ အာဆင်နယ်ကို ကြည့်လိုက်ပါ.. စမစ်ရိုးက ရလာတဲ့အခွင့်အရေးကို လွင့်ပစ်လိုက်တာပါပဲ။ ဒီနေရာမှာ တည်ငြိမ်စေချင်တယ် .. ပြာယာခတ်နေတာမျိုးမလိုချင်ဘူး။ အခုတော့ ရလာတဲ့အခွင့်အရေးပျက်စီးသွားတာကိုပဲမြင်လိုက်ရတယ်.. ဂိုးသမားဟာ ကာကွယ်ဖို့အခွင့်အရေးရနေဆဲဖြစ်ပြီး ၊ တကယ်လဲ လုပ်သွားခဲ့တယ်။ ထိချက်သာမှန်ရင် ဂိုးရမယ့်အခွင့်အရေးပါ “ ဆိုပြီးပြောသွားခဲ့တာဖြစ်ပါတယ်။
တိုနီအဒမ်ကိုခေါ်ယူပေးနိုင်ခဲ့တဲ့ ဂန္တဝင်ကင်းထောက်ကွယ်လွန်
အာဆင်နယ်အသင်းရဲ့ ကင်းထောက်ဟောင်း စတိဗ်ရော်လေဟာ အသက် ၆၃နှစ်မှာ
အဖျားရောဂါနဲ့ ကွယ်လွန်ခဲ့ပြီဖြစ်ပါတယ်။ အာဆင်နယ်အသင်းဆီမှာ ၁၉၈၀ ဇန်နဝါရီက စ ပြီး အချိန်ပိုင်းကင်းထောက်အနေနဲ့ ဝင်ရောက်လုပ်ကိုင်ခဲ့တဲ့ စတိဗ်ရော်လေဟာ အသင်းရဲ့ ဂန္တဝင်တွေ ဖြစ်လာမယ့် တိုနီအဒမ်၊ ရေးပါလာတို့ကို အာဆင်နယ်အသင်းဆီ ခေါ်ယူပေးခဲ့သူဖြစ်ပြီး အာစင်ဝင်းဂါးလက်ထက်မှာတော့ အသင်းရဲ့ တရားဝင်ကင်းထောက်ရာထူးကို ရရှိခဲ့ပါတယ်။ အသင်းမှာ ၂၀၁၇ခုနှစ်အထိ ကင်းထောက်အဖြစ် လုပ်ကိုင်ခဲ့ပြီး ပြင်သစ်၊ စပိန်၊ အီတလီ၊ ဘရာဇီးလ် နဲ့ ဂျာမနီက ကစားသမားတွေကို ရော်လေက အာဆင်နယ်အတွက် ခေါ်ယူနိုင်ဖို့ ထောက်လှမ်းပေးခဲ့တာပါ။
လိုင်လီကစားသမားကို အာဆင်နယ် ကြိုးပမ်းဖွယ်ရှိကြောင်း Football London ရေးသားလာ
အာဆင်နယ်အသင်းဟာ ဘော်လ်ကန်ဒေသရဲ့ မက်ဆီ လို့နာမည်ကြီးနေတဲ့ လိုင်လီကစားသမား အီဒွန်ဇီဂရိုဗာကို ခေါ်ယူလို့ကြိုးစားနေကြောင်း Football London က ဖော်ပြလာပါတယ်။ အဆိုပါ လူငယ် တောင်ပံတိုက်စစ်မှုးဟာ လိုင်လီအသင်းအတွက် ၂၃ပွဲကစား ၆ ဂိုးသွင်းပေးထားနိုင်ပြီး ခေါ်ယူလိုပါက ၁၁ သန်းခန့်ကုန်ကျမှာဖြစ်ကြောင်း Mirror နဲ့ HITC သတင်းများကဆိုပါတယ်။ ဇီဂရိုဗာကို အာဆင်နယ်နဲ့အတူ စပါးနဲ့ မန်ယူတို့ကလည်ကြိုးစားနေကြကြောင်း အဆိုပါသတင်းမှာဖော်ပြထားပါတယ်။
အန်ကန်ကူကို မီလန်ကလည်းကြိုးစားမယ်
အာဆင်နယ်အသင်းနဲ့ နာမည်ထွက်ဖူးတဲ့ အန်ကန်ကူကို မီလန်အသင်းက ကြိုးပမ်းဖွယ်ရှိကြောင်း Gazetto Dello Sports ကရေးသားဖော်ပြလာပါတယ်။ အဆိုပါပြင်သစ်သားဟာ အသင်းကြီးများစွာက သဘောကျနေကြတာဖြစ်ပြီး ခြေစွမ်းလဲဆက်တိုက် အတက်ပိုင်းကိုရောက်နေသူဖြစ်ပါတယ်။ ယခုရာသီမှာလည်း ၁၈ ဂိုးဖန်တီးပြီး ဂိုးပေါင်း ၃၀ အထိသွင်းယူထားနိုင်သူဖြစ်ပါတယ်။
