ဘယ်အချိန်အထိ အာဆင်နယ်ရဲ့ ပွဲစဉ်တွေကို လွဲချော်ရနိုင်လဲ မသိရသေးတဲ့ လာကာဇက်အခြေအနေ

ပြီးခဲ့‌တဲ့ သောကြာနေ့မှာ Covid Positive ရလဒ်ထွက်ပေါ်ခဲ့တဲ့ လာကာဇက်ဟာ အသင်းရဲ့ လေ့ကျင့်‌ရေးအစီအစဉ်ကနေ နှုတ်ထွက်ခဲ့ရသလို ဆောက်သမ်တန်ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာလည်း မပါ၀င်နိုင်ခဲ့ပါဘူး။ ပွဲအပြီးအင်တာဗျူးမှာတော့ လာကာဇက်တစ်ယောက်အသင်းနဲ့ ဘယ်တော့လောက်ပြန်ပူးပေါင်းနိုင်မလဲဆိုတာကို အာတီတာအနေနဲ့ တိတိကျကျအဖြေ မပေးနိုင်ခဲ့ပါဘူး။ 

ပြီးခဲ့တဲ့ ဒီဇင်ဘာမှာ အသင်းရဲ့ကပ္ပတိန်ဖြစ်လာခဲ့တဲ့ လာကာဇက်ဟာ အာဆင်နယ်တိုက်စစ်အတွက် အရမ်းကို အရေးပါတဲ့ ကစားသမား တစ်ဦးတော့မဖြစ်ခဲ့ပါဘူး။ အနီးဆုံး သီတင်းပတ်တွေမှာ ခြေစွမ်းကောင်းပြသဖို့ ရုန်းကန်ခဲ့ရပေမယ့် လာကာဇက်ရဲ့ အခန်းကဏ္ဍဟာ အသင်းရဲ့တိုက်စစ်မှာ မရှိမဖြစ်လိုအပ်နေတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။ အန်ကက်တီးယားက လာကာဇက်ကို အာတီတာနဲ့ ပရိသတ်တွေ မေ့သွားအောင် စွမ်းဆောင်နိုင်တဲ့ ကစားသမားမဟုတ်သေးဘူးဆိုတာ ဆောက်သမ်တန်နဲ့ပွဲမှာ ကျွန်တော်တို့ တွေ့ခဲ့ရပြီးပါပြီ။ သို့သော်ကံဆိုးစွာပဲ နောက်ထပ် ပွဲစဉ်အချို့ကိုလည်း အသင်းခေါင်းဆောင်ကြီးဟာ ဆက်လွဲချော်ဖို့ ရှိနေပါတယ် ။ 

အာတီတာက လာကာဇက်ဟာ ကိုဗစ်လက္ခဏာအချို့ကို ခံစားနေရတယ်ဆိုတာ ၀န်ခံခဲ့ပြီး လက်ရှိအခြေအနေမှာတော့ သူ့အနေနဲ့ လာကာဇက် ဘယ်တော့ ပြန်ကောင်းမလဲဆိုတာ မသိပါဘူးလို့ ၀န်ခံလာခဲ့ပါတယ်။ ပွဲအပြီးအင်တာဗျူးမှာ Standard မီဒီယာရဲ့ မေးမြန်းမှုကို အာတီတာက ခုလို ဖြေကြားခဲ့ပါတယ်။ 

သူ့ကို မြက်ခင်းစိမ်းပေါ်မှာ ဘယ်တော့ ပြန်မြင်ရမလဲဆိုတာကတော့ သူ negative ဖြစ်ပြီလား၊နေကောင်းပြီလား၊လက္ခဏာတွေကော ပျောက်သွားပြီးလား ပြန်ကစားလို့ ရပြီလား ဆိုတဲ့ အပေါ် မူတည်ပါလိမ့်မယ်။” 

ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာ ပြသခဲ့တဲ့ ခြေစွမ်းတွေကြောင့် လာကာဇက်ကို အသင်းရဲ့ လူစာရင်းကနေ ချန်လှပ်စေလိုတဲ့ ပရိသတ်အချို့ ရှိနိုင်ပါတယ်။ဒါပေမယ့် လာကာဇက်ဟာ သူ့ခြေထဲ ဘောလုံးမရှိချိန်မှာ အလုပ်အများကြီး လုပ်တတ်တဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ ပွဲမှာ လာကာရဲ့ လုပ်အားနှုန်းမျိုးကို အန်ကက်တီးယားဆီမှာ ကျွန်တော်တို့ မတွေ့ခဲ့ရပါဘူး။ အန်ကက်တီးယားအနေနဲ့ သူ့နဲ့ အဆင်မပြေတဲ့ ကစားကွက်မှာ ကြိုးစားကြည့်ဖို့ စမ်းသပ်ခံခဲ့ရပုံပါပဲ။ ဒါပေမယ့် သူ့ရဲ့အားထုတ်မှု‌ကြောင့် အာဆင်နယ်သွင်းဂိုးတစ်ဂိုးရလုနီးပါးဖြစ်ခဲ့တာလေးတော့ အသိအမှတ်ပြုစရာ ရှိပါတယ်။ 

လာမယ့်သီတင်းပတ်တွေမှာ ချဲလ်ဆီး၊ မန်ယူ၊ ၀က်စ်ဟမ်းတို့လို အသင်းတွေကို အာဆင်နယ်ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ လာကာဇက်ဒဏ်ရာ‌ရနေချိန်မှာ အန်ကက်တီယားအနေနဲ့ သူ့ရဲ့ခြေစွမ်းကို သက်သေပြဖို့ အချိန်ကောင်းဖြစ်တယ်လို့ အီယန်ရိုက်က အကြံပေးခဲ့သလိုမျိုး နောက်ပွဲစဉ်မှာတော့ အန်ကက်တီးယားဟာ အသင်းရဲ့ ကစားကွက်မှာ ပိုအံ၀င်မလား၊ အသင်းရဲ့ ချန်ပီလိဂ် တိုက်ပွဲအတွက် လာကာဇက်မရှိချိန်မှာ  အားကိုးရမယ့်သူဖြစ်လာမလားဆိုပြီး မျှော်လင့်ကြည့်ရမှာပါပဲ။

Original Article Here,

Advertisement

Leave a Reply

%d bloggers like this: