စိန့်နဲ့ပွဲမှာ ဆဲဒရစ်ကို အဆိုးဆုံးကစားသမားအဖြစ် တညီတညွတ်ထဲသတ်မှတ်ထားကြ
90 Mins နဲ့ Evening Standard အပါအဝင် နာမည်ကျော်အားကစားမီဒီယာများရဲ့အဆင့်သတ်မှတ်ချက်များအရ စိန့်နဲ့ပွဲမှ ဆဲဒရစ်ဆွာရက်စ်ရဲ့ စွမ်းဆောင်ရည်ဟာ အလွန်ဆိုးရွားကြောင်း တညီတညွတ်ထဲဖော်ပြလာကြပါတယ်။ Football London ကလည်း အလွန်စိတ်ပျက်စရာကောင်းသော ဖရီးကစ် ကန်ချက်များဟု ရေးသားလာခဲ့ပြီး 90Mins ကလည်း Ration 4/10 အထိနှိမ့်ချသတ်မှတ်သွားခဲ့ပါတယ်။
စပါးတို့ပဲ အဆင့် ၄ ရသွားမှာဖြစ်ကြောင်း ဟားဂရေ့ဗ်က အချက်အလက်နဲ့ထောက်ပြလာ
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ကစားသမားဟောင်း အိုဝင်ဟားဂရေ့ဗ်က ရာသီကုန်မှာ အဆင့် ၄ ရမယ့်အသင်းအဖြစ် စပါးအသင်းကိုရွေးချယ်ပေးခဲ့ပြီး ယူနိုက်တက်နဲ့ အာဆင်နယ်တို့အနေနဲ့ မဖြစ်နိုင်တော့ကြောင်း Metro နဲ့တွေ့ဆုံစဥ်မှာ သုံးသပ်ပြောကြားလာခဲ့ပါတယ်။
“ အမှတ်ပေးဇယားကိုကြည့်မယ်ဆိုရင်တော့ အာဆင်နယ်အတွက်သိပ်ခက်သွားပါပြီ။ သူတို့က ၃ ပွဲဆက်ရှုံးထားပြီး ဆက်တွေ့ရမယ့်အသင်းတွေကလည်း ခက်ခဲလှပါတယ် .. ဒီတော့ အာဆင်နယ်အတွက် မဖြစ်နိုင်တော့ဘူးလို့ ဆိုရပါမယ် “ လို့မှတ်ချက်ပေးခဲ့ပြီး သူ့ရဲ့အသင်းဟောင်း မန်ချက်စတာယူနိုက်တက်ကလည်း စွမ်းဆောင်ရည်မတည်ငြိမ်တာကြောင့် စပါးအသင်းသာ အခြေအနေကောင်းကြောင်းပြောလာခဲ့တာပါ။
ပရီးမီးယားလိဂ်ကိုပြန်လာဖို့တွန့်ဆုတ်နေတဲ့မိုရာတာ
တိုက်စစ်အင်အားဖြည့်တင်းဖို့ပြင်ဆင်နေတဲ့ အာဆင်နယ်အသင်းဟာ ဂျူဗင်တပ်စ်ရဲ့မိုရာတာကို အထူးစိတ်ဝင်စားနေပေမယ့် ကစားသမားကတော့ အဂ်လန်မြေမှာ ကျဆုံးဖူးတဲ့အတွက် နောက်တစ်ကြိမ်ပြန်လာဖို့တွန့်ဆုတ်နေကြောင်း Daily Cannon သတင်းဌာနက ဖော်ပြသွားပါတယ်။ အသက် ၂၉ နှစ်အရွယ်ရှိတဲ့တိုက်စစ်မှုးဟာ ဒီရာသီမှာ ၁၁ ဂိုးသွင်းပြီး ၇ ကြိမ်ဖန်တီးပေးထားနိုင်တာလဲဖြစ်ပါတယ်။
ဆာလီဘာကို ပြန်ခေါ်မယ်
အာဆင်နယ်တို့ဟာ ဝီလျံဆာလီဘာကို ပြန်လည်ခေါ်ယူသွားမှာဖြစ်ကြောင်း Daily Cannon သတင်းဌာနကရေးသားဖော်ပြလာပါတယ်။ အဆိုပါနောက်ခံလူကို မာဆေးအသင်းကအလိုရှိနေပေမယ့် နောက်ဆုံးသတင်းများအရ ကစားသမားအနေနဲ့ အဂ်လန်ဆီပြန်သွားဖို့ရှိနေတာကိုလည်း နားလည်ထားကြောင်း ပြောဆိုလာတာဖြစ်ပါတယ်။
စိတ်ဝင်စားမှုအတွက်ကျေနပ်ပေမယ့် အသင်းပြောင်းဖို့မရှိသေတဲ့အိုစီမန်
အာဆင်နယ်အသင်းရဲ့စိတ်ဝင်စားမှုကိုရရှိနေတဲ့တိုက်စစ်မှုးအိုစီမန်ဟာ သူ့ကိုခေါ်ယူလိုခြင်းအပေါ်ကျေနပ်မိပေမယ့် အသင်းပြောင်းဖို့မရှိကြောင်း သတင်းထောက် အီမန်နူရယ် ကမ်မာရိုတိုက ပြောဆိုလာခဲ့ပါတယ်။ အသက် ၂၃ နှစ်အရွယ်တိုက်စစ်မှုးဟာ အသင်းများစွာကစောင့်ကြည့်နေပေမယ့် နာပိုလီက ဆက်ပြီး ထိမ်းထားဖို့ရှိနေသလို ၊ အမ်းမရိတ်ကလည်း သူ့ရဲ့ ပထမဦးစားပေးမဟုတ်ကြောင်း အဆိုပါသတင်းထောက်ကပြောဆိုသွားခဲ့တာပါ။
