ကလီဘာဆင်ပေးတဲ့အကြံက  အကြံကောင်းဟုတ်ရဲ့လား

မန်ယူကွင်းလယ်လူဟောင်းဖြစ်တဲ့ ကလီဘာဆန်က အာဆင်နယ်အနေနဲ့ လာမယ့်နွေရာသီမှာ ငွေကြေးအများအပြားသုံးစွဲပြီး တိုက်စစ်မှူးသစ်ခေါ်ယူမယ့်အစား အသင်းရဲ့အကယ်ဒမီကစားသမားလေးတွေကို စီနီယာအသင်းဆီ ခေါ်ယူသင့်တယ်လို့ အကြံပေးလာခဲ့ပါတယ်။ 

အာဆင်နယ်ရဲ့ အသင်းရဲ့ အကယ်ဒမီက‌နေ အကျိုးအမြတ်အများအပြားရရှိခဲ့တာ ဖြစ်ပါတယ်။ စမစ်ရိုး၊ဆာကာတို့လို အကယ်ဒမီထွက် ကစားသမားလေးတွေဟာ လူငယ်ကစားသမားတွေအနေနဲ့ မြင့်မားတဲ့ အဆင့်အတန်းတစ်ခုကို ပြသနိုင်ခဲ့ပါတယ်။ဆာကာ၊စမစ်ရိုးတို့ဟာ အင်္ဂလန်လက်‌ ရွေးစင်အသင်းကြီးမှာ ဆောက်ဂိတ်ရဲ့ ရွေးချယ်ခြင်းခံခဲ့ရသလို ဥရောပရဲ့ တန်ကြေးအမြင့်ဆုံး လူငယ်ကစားသမားတွေထဲမှာလည်းပါ၀င်ကြသူတွေ ဖြစ်ပါတယ်။ ပါတီနိုလို လူငယ်ကြယ်ပွင့်တွေအများအပြားကလည်း စီနီယာအသင်းကြီးရဲ့ လူစာရင်းမှာ ပါ၀င်ခွင့်ရဖို့ စောင့်စား‌ နေကြတာ ဖြစ်ပါတယ်။ 

ဒါကြောင့် ကလီဘာဆန်က အာဆင်နယ်အနေနဲ့ တိုက်စစ်မှူးသစ်ခေါ်ယူဖို့ ပေါင်သန်းများစွာသုံးစွဲမယ့်အစား အကယ်ဒမီလူငယ်လေးတွေကို အသင်းကြီးမှာ နေရာပေးဖို့ တောင်းဆိုလာခဲ့ပါတယ်။ Metroနဲ့ တွေ့ဆုံမှုမှာ မန်ယူကစားသမားဟောင်းက သူရဲ့ထင်မြင်ချက်ကို ခုလိုမျိုး မျှဝေလာခဲ့ပါတယ်။ 

“အာဆင်နယ်ကစားတဲ့ပုံစံက လူငယ်ကစားသမားလေးတွေနဲ့ အဆင်ပြေမယ့် ပုံစံပါ။ သူတို့ရဲ့ ကစားကွက်မှာ ပါ၀င် ကူညီနိုင်မယ့် တိုက်စစ်မှူးအများကြီး ကျွန်တော်မတွေ့မိပါဘူး” 

“သူတို့ရဲ့ နောက်ထပ်တိုက်စစ်မှူးကို ရှာဖို့ အသင်းရဲ့အကယ်ဒမီကို ကြည့်သင့်ပါတယ်။ အကယ်ဒမီရဲ့ လူငယ်ကစားသမားတွေကို  အသင်းကြီးရဲ့လူစာရင်းဆီ ခေါ်တဲ့နေရာမှာ အာဆင်နယ်ဟာ ကြီးမားတဲ့ အမြင်ရှိပြီး သူတို့ရဲ့ အကယ်ဒမီကို တစ်ချက်လောက် ကြည့်သင့်ပါတယ်။” 

“‌အာဆင်နယ်ဟာ လာမယ့်ရာသီမှာ ချန်ပီယံဆုတွေကို စိန်ခေါ်နိုင်ဦးမှာ မဟုတ်ပါဘူး။ဒါပေမယ့် နောက်လာမယ့် နှစ်နှစ်၊သုံးနှစ်အတွင်းမှာတော့ ဆုဖလားတွေကို စိန်ခေါ်လာနိုင်မှာပါ” 

“အာဆင်နယ်အသင်းမှာ ကောင်းကောင်းကစားနိုင်မယ့် ကစားသမားတွေက ရှာ‌‌တွေ့ဖို့ ခက်ပါတယ်။လာကာဇက်ရဲ့ နေရာကို အစားထိုးဖို့ တိုက်စစ်မှူးသစ်ရှာမယ့်အစား အသင်းရဲ့ အကယ်ဒမီကနေ ကစားသမားတစ်ယောက်ခေါ်ယူပြီး ပြင်ဆင်ပေးတာက ပိုပြီး လွယ်ကူပါလိမ့်မယ်။” 

ထိပ်တန်းတိုက်စစ်မှူးသစ်တစ်ဦးကို ခေါ်ယူဖို့က လာမယ့် နွေရာသီအတွက် အာဆင်နယ်ရဲ့အဓိက ပစ်မှတ်ဖြစ်တာကြောင့်  ကလီဘာဆန်ရဲ့ အကြံပေးချက်ကိုတော့ အာတီတာတို့ လျစ်လျူရှုသွားဖို့ ရှိနေပါတယ်။ဒါပေမယ့် ကလီဘာဆန်ဆိုခဲ့သလိုပဲ အာဆင်နယ်ရဲ့ ကစားကွက်မှာ အံ၀င်မယ့်၊ခြေစွမ်းပြနိုင်မယ့် တိုက်စစ်မှူးကို ရှာဖွေဖို့ကလည်း ခက်ခဲပါတယ်။ 

အန်ကက်တီးယားဟာ အာဆင်နယ်အကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ပေမယ့် အသင်းကြီးရဲ့ ပွဲထွက်လူစာရင်းမှာ ပါ၀င်ဖို့ ရုန်းကန်ခဲ့ရတာတော့ အားလုံးအမြင်ပါပဲ။ဒါကြောင့် အာတီတာအနေနဲ့ နောက်ထပ်လူငယ်ကစားသမားတစ်ဦးကို အသင်းရဲ့ ပွဲထွက်လူစာရင်းအတွက် ရွေးချယ်ဖို့ စွန့်စားနိုင်ချေတော့ မရှိပါဘူး။ 

ဒါကြောင့် လာကာဇက်ရဲ့နေရာအစားထိုးဖို့ ထိပ်တန်းတိုက်စစ်မှူးတစ်ဦးတော့ မဖြစ်မနေခေါ်ယူရမှာ ဖြစ်ပြီး အန်ကက်တီးယားပါထွက်ခွာသွားခဲ့ရင် ဘာလိုဂန်လို အကယ်ဒမီကြယ်ပွင့်လေးတွေကို အသင်းကြီးရဲ့ လူစာရင်းမှာ ထည့်သွင်းတာကသာ အကြံဉာဏ်ကောင်းဖြစ်မှာပါ။

Original Article Here

Leave a Reply

%d bloggers like this: