ဘာစီလိုနာရဲ့ ပစ်မှတ်ကစားသမားနဲ့ ပတ်သက်ပြီး အာဆင်နယ်ပရိသတ်တွေ စိတ်ပူသင့်သလား

အတိတ်မှာ အာဆင်နယ် ကစားသမားတွေဖြစ်တဲ့ အွန်နရီ ၊ ဖာဘရီဂတ်စ်၊ ဗာမေလန်းနဲ့အလက်ဇန်းဒါးဆောင်း နောက်ဆုံး အနေနဲ့‌ အော်ဘာမီယန်းတို့ကို ဘာစီလိုနာဟာ ခေါ်ယူခဲ့ဖူးပါတယ်။ ဘာစီလိုနာရဲ့ စိတ်၀င်စားမှုကို အာဆင်နယ်ကစားသမားတွေအနေနဲ့ အများအားဖြင့်  ငြင်းပယ်ရခက်လေ့ပါတယ်။ 

လက်တလောထွက်ပေါ်လာတဲ့ သတင်းတွေအရ အသင်းရဲ့နောက်ခံလူ ဂါဘရီယယ်ကို ဘာစီလိုနာက စိတ်၀င်စားနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒါကြောင့် အာဆင်နယ်ပရိသတ်တွေဟာ သူတို့ရဲ့ ကစားသမားကို နျူးကမ့်ဆီ လက်လွှတ်ရတော့မလားဆိုတဲ့ စိတ်ပူမှုတွေကို အစပျိုးလာစေခဲ့ပါတယ်။ 

ဂါဘရီယယ်နဲ့ဘန်ဝှိုက်အတွဲဟာ လတ်တလော အာဆင်နယ်ဗဟိုခံစစ်မှာ အကောင်းဆုံးခြေစွမ်းပြကစားနေကြတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီတွေကတည်းက ခြေစွမ်းကောင်းအချို့ကို ပြသနိုင်ခဲ့တဲ့ ဂါဘရီယယ်ဟာ ဘန်ဝှိုက်နဲ့တွဲဖက်ခွင့်ရတဲ့ လက်ရှိဘောလုံးရာသီမှာ ပိုပြီး တည်ငြိမ်လာခဲ့ပါတယ်။သူ့ရဲ့ ခြေစွမ်းကြောင့် ဘရာဇီးလ်လက်ရွေးစင်အသင်းမှာ ပထမဆုံးအကြိမ်ရွေးချယ်ခံခဲ့ရပါတယ်။ 

ဘာစီလိုနာရဲ့ စိတ်၀င်စားမှု အပေါ် ပရိသတ်တွေ စိတ်ပူတာဟာ သဘာ၀ကျပေမယ့် အလွန်အမင်းတော့ အတွေးလွန်စရာ မလိုဘူးလို့ပဲ ဆိုပါရစေ။ ကစားသမားဟာ လန်ဒန်မှာ အခြေကျနေပြီး အာဆင်နယ်အသင်းမှာ ပျော်ရွှင်နေတာကြောင့် လာမယ့်နွေရာသီမှာ အသင်းကနေ ထွက်ခွာနိုင်‌ချေ အတော်လေးကို နည်းပါတယ်။ 

လိုင်လီကနေ အာဆင်နယ်ကို ပြောင်းရွှေ့လာခဲ့သူ ဂါဘရီယယ်ဟာ Evening Standard နဲ့ တွေ့ဆုံမှုမှာ ခုလိုမျိုး ဆိုခဲ့ပါတယ်။ 

ကျွန်တော်ရဲ့ ပထမဆုံးရာသီမှာ အများကြီးသင်ယူလေ့လာခဲ့ရတာတော့ အသေအချာပါပဲ” 

ဒီမှာ ရှိနေရတာသာ တကယ်ကို စိန်ခေါ်မှု တစ်ခုပါပဲ။ ဒါပေမယ့်  ကျွန်တော် တစ်နေ့ပြီးတစ်နေ့ ပိုပြီး အခြေကျလာခဲ့ပါတယ်။ ပွဲစဉ်တွေ တစ်ခုပြီးတိုင်း ပိုပြီး ကောင်းလာတယ်လို့ ခံစားရပါတယ်။တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ဟာ ပြီးမပြည့်စုံနိုင်ဘူးဆိုတာ သိပါတယ်။ ကျွန်တော်တို့ အမှားလုပ်နိုင်ပါတယ်။” 

ဒါပေမယ့် ကောင်းမွန်တဲ့ ခံစားချက်တွေရှိပါတယ်၊အာဆင်နယ်ဟာ ကျွန်တော့်အိမ်လိုခံစားရတယ်။ အသင်းဟာ အတူတကွစုစည်းကြဖို့၊ အစိတ်အပိုင်းတစ်ခုအဖြစ်ရှိနေဖို့ ကြီးကျယ်တဲ့ squadတစ်ခုပါ။ ကျွန်တော်တို့ အောင်မြင်မှုတွေအများကြီး ရယူနိုင်မယ်ဆိုတာ သေချာပါတယ်။ ကျွန်တော် ဒီမှာ ပျော်ရွှင်နေပါတယ်” 

လာမယ့်နွေရာသီတွေမှာ အာဆင်နယ်အနေနဲ့ ကစားသမားအသစ်တွေ ခေါ်ယူရမှာ ဖြစ်သလို အသင်းရဲ့ အဓိက ကစားသမားတွေကိုလည်း မဆုံးရှုံးရအောင် ထိန်းသိမ်းရမှာ ဖြစ်ပါတယ်။ ဒါမှသာ အသင်းရဲ့ မျှော်မှန်းချက်အောင်မြင်မှုတွေကို ရယူနိုင်မှာ ဖြစ်ပါတယ်။  မဟုတ်ရင်တော့ အသင်းကို တည်ဆောက်ပြီးရင်း ပြန်တည်ဆောက်ရင်းနဲ့ပဲ အချိန်တွေ ထပ်မံကုန်ဆုံးရဦးမှာ ဖြစ်ပါတယ်။

Original Content Here,

Advertisement

Leave a Reply

%d bloggers like this: