နောက်ဆုံးရ အာဆင်နယ် သတင်းများ (16Apr)

တိုင်လီမန်းစ်ကို အလွတ်နဲ့ရတဲ့အထိ အာဆင်နယ်စောင့်ဖွယ်ရှိ

အာဆင်နယ်အသင်းနည်းပြ အာတီတာအနေနဲ့  လက်စတာရဲ့ တိုင်လီမန်းစ်ကို သဘောကျနေသော်လည်း ပြောင်းရွေ့ကြေးအလွတ်  (သို့) အလွန်သက်သာသောနှုန်းထားဖြင့်ခေါ်ယူခွင့်ရတဲ့အထိစောင့်စားဖွယ်ရှိကြောင်း Football London ကို   ကိုးကားပြီး The Boot Room က သုံးသပ်ပြောကြားလာပါတယ်။ အဆိုပါ ဘယ်လ်ဂျီယံသားဟာ  ၂၀၂၃ ခုနှစ်မှာဆိုရင်အလွတ်နဲ့ခေါ်ယူနိုင်မှာဖြစ်ပြီး လက်ရှိမှာလည်း လက်စတာနဲ့ စာချုပ်သစ်ချုပ်ဆိုထားခြင်းမရှိသေးသူဖြစ်ပါတယ်။

ပီအက်စ်ဂျီရဲ့ ပါရီဒက်စ်ကို အာဆင်နယ်စိတ်ဝင်စားနေ

စပိန်သတင်းစာ Fichajes ရဲ့အဆိုအရ အာဆင်နယ်အသင်းဟာ  ပီအက်ဂျီအသင်းကနေထွက်ခွာဖို့ရှိနေတဲ့ ကွင်းလယ်လူ လီယိုနာဒို ပါရီဒက်စ်ကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အဆိုပါ အာဂျင်တီးနားသားဟာ ပိုချက်တီနိုလက်အောက်မှာ ကစားချိန်မရသလောက်နဲပါးနေပြီး ၊ ခေါ်ယူလိုပါက သန်း ၂၀ ခန့်သာကုန်ကျဖွယ်ရှိကြောင်းသိရပါတယ်။

ပေးဆပ်ကစားတာကိုသဘောကျပေမယ့် ပိုကောင်းတဲ့အသင်းဖြစ်ဖို့ ပိုကောင်းတဲ့ကစားသမားတွေလိုအပ်ကြောင်း ကီအွန်ဝေဖန်

အာဆင်နယ်အသင်းရဲ့ ဂန္တဝင် မာတင်ကီယွန်က  အာဆင်နယ်အနေနဲ့ ပိုကောင်းတဲ့အသင်းတစ်သင်းဖြစ်လာဖို့အတွက် အရည်အသွေးမြင့် ကစားသမားတွေလိုအပ်ကြောင်းပြောကြားလာပါတယ်။

“ တချိန်က ဝင်းဂါးပြောခဲ့တာကို ပြန်ကြားယောင်နေပါတယ်..  “ ငါတော့ ဘောလုံးမဖျက်တတ်တဲ့ ကစားသမားတစ်ယောက်ကို ခေါ်ထားတယ် “ ဆိုတာပါ။  ကိုယ်ကိုယ်ကိုယ်ပြုပြင်ယူတယ်ဆိုတာ ငယ်တုန်းပဲကောင်းပါတယ်။ ကြီးလာရင် အသားကျသွားတတ်ပါတယ်။  ရှာခါရဲ့ လှုပ်ရှားပုံတွေအရ သူကကွင်းလယ်မှာပဲကစားသင့်ပါတယ်.. ဘယ်စွန်ခံစစ်နဲ့သူနဲ့ အဆင်မပြေပါဘူး .. သူကတော့အကောင်းဆုံးကြိုးစားသလို  အသင်းအတွက်စိတ်ဓါတ်လဲပြည့်ဝတဲ့သူပါ။ ဒါပေမယ့် ပိုကောင်းတဲ့အသင်းတစ်သင်းဖြစ်လာဖို့အတွက် ပိုကောင်းတဲ့ကစားသမားတွေလိုပါတယ် “  ဆိုပြီးထောက်ပြလာတာဖြစ်ပါတယ်။

ရှာခါကိုနားလည်ပေးကြောင်း အာတီတာပြောဆိုလာ

နည်းပြအာတီတာက  ဂရန်းနစ်ရှာခါအနေနဲ့ သူ့ရဲ့ခံစားချက်တွေကို ဖွင့်ဟလာတဲ့အပေါ်နားလည်ပေးနိုင်ပြီး ၊ အခြေအနေတွေတိုးတက်ကောင်းမွန်လာတယ်လို့ လည်းမှတ်ချက်ပေးခဲ့ပါတယ်။

“  ပြီးခဲ့တဲ့နှစ်မှာတော့ အခြေအနေက ပြောင်းလဲခဲ့ပါတယ်။  ပရိတ်သတ်နဲ့သူ့ကြားမှာတော်ေတာ်လေးကောင်းမွန်တဲ့ဆက်ဆံရေးရှိလာတာကို ကျွန်တော်ခံစားရပါတယ်။ ပြီးတော့ အားလုံးကလည်းသူ့ကို အပြုသဘောဆောင်အားပေးလာကြပါတယ် “  လို့မှတ်ချက်ပြု သွားခဲ့တာဖြစ်ပါတယ်။  ရှာခါဟာ ယခုရက်ပိုင်းမှာ အသင်းပရိတ်သတ်နဲ့သူ့ကြားဖြစ်ပျက်တဲ့ကိစ္စတွေကို ပြန်လည်ရင်ဖွင့်နေတာဖြစ်ပါတယ်။

ရစ်ချာလီဆန်ကိုခေါ်ယူဖို့အတွက် ဆောင်းပါးရှင်တိုက်တွန်း

Goodison News ရဲ့ဆောင်းပါးရှင် Beck Pascal က အာဆင်နယ်အသင်းအနေနဲ့  အဲဗာတန်က ထွက်ခွာဖို့ရှိနေတဲ့တိုက်စစ်မှုး ရစ်ချာလီဆန်ကို အလျှင်အမြန်ခေါ်ယူဖို့ တိုက်တွန်းရေးသားလာပါတယ်။ အဆိုပါ ဘရာဇီးသားကို မန်ယူနဲ့ ရီးရဲတို့ကအလိုရှိနေပြီး  သက်သာတဲ့နှုန်းထား တရပ်နဲ့ရရှိနိုင်ကြောင်းလည်းသုံးသပ်ထားပါတယ်။  ကစားသမားရဲ့ ကိုယ်စားလှယ်ဖြစ်သူကလည်း  ယူနိုက်တက်အပါအဝင်အသင်းအများစုက ချဥ်းကပ်နေကြကြောင်း  Give Me Sport နဲ့တွေ့ဆုံရာမှာ အတည်ပြုပြောကြားထားပါတယ်။

Advertisement

Leave a Reply

%d bloggers like this: