နယူးကာဆယ်နဲ့ယှဉ်ပြိုင်ပြီး အာဆင်နယ် ခေါ်ယူရမယ့် လိုင်ယွန်ကွင်းလယ်ကစားသမား

ပြီးခဲ့တဲ့ ဇန်နဝါရီမှာ အာဆင်နယ်ဟာ လိုင်ယွန်ကွင်းလယ်လူ ဘရူနိုဂွီမာရေးစ်ကို ခေါ်ယူဖို့ စိတ်၀င်စားခဲ့ပေမယ့် ပိုင်ရှင်အပြောင်းအလဲနဲ့အတူ ငွေကြေးအင်အားတောင့်တင်းလာတဲ့ နယူးကာဆယ်က လက်ဦးမှုယူပြီး‌ ခေါ်ယူနိုင်ခဲ့ပါတယ်။ 

လာမယ့် နွေရာသီမှာတော့ အာဆင်နယ်ဟာ အခြားလိုင်ယွန်ကွင်းလယ်လူတစ်ဦးဖြစ်တဲ့ လူးကပ်စ် ပက်ကွေတာကို ခေါ်ယူဖို့ ကြိုးစားလာဖွယ်ရှိတယ်လို့ Football London အပါအဝင်သတင်းများစွာကဖော်ပြလာကြပါတယ်။အသက်၂၄နှစ်အရွယ် လိုင်လွန်ကွင်းလယ်လူဟာ ၂၀၂၅အထိ လိုင်ယွန်အသင်းနဲ့ စာချုပ်သက်တမ်းကျန်ရှိနေပေမယ့် လာမယ့်နွေရာသီ ကစားသမားအရောင်းစာရင်းမှာ ပါ၀င်လာဖို့ ရှိနေပါတယ်။ 

ပက်ကွေတာဟာ ကွင်းလယ်တိုက်စစ်ကစားသမား ဖြစ်ပြီး လက်ရှိရာသီမှာ အသင်းအတွက် ၇၄ပွဲကစား ၁၉ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။ သွင်းဂိုးတွေရယူဖို့ ရုန်းကန်နေရတဲ့ အသင်းရဲ့ပြဿနာကို ဖြေရှင်းဖို့ ပက်ကွေတာကို အာတီတာအနေနဲ့ မျက်စိကျလာပုံပါပဲ။ 

အသင်းရဲ့ ကွင်းလယ်တိုက်စစ်နေရာအတွက် အိုဒီဂတ်ရှိပြီးသားဆိုပေမယ့် လာမယ့်ရာသီမှာ ဥရောပပြိုင်ပွဲတွေကို ယှဉ်ပြိုင်ရဖို့ ရှိနေတဲ့အတွက် အာဆင်နယ်အနေနဲ့ ပိုကြီးမားတဲ့ လူစာရင်းကို လိုအပ်တာကြောင့် လိုင်ယွန်ကွင်းလယ်လူကို ခေါ်ယူဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ လက်စတာ ကွင်းလယ်လူ မက်ဒီဆင်အတွက်ဆိုရင် ပေါင်သန်း၅၀လောက်အသုံးပြုရဖို့ ရှိတာကြောင့် မက်ဒီဆင်အစား ပက်ကွေတာကို ခေါ်ယူမယ်ဆိုရင် အသင်းရဲ့ နွေရာသီအသုံးစရိတ်ကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ 

သတင်းအချို့အရ လိုင်ယွန်ကွင်းလယ်လူကို ခေါ်ယူဖို့ အာဆင်နယ်ဟာ နယူးကာဆယ်နဲ့အပြိုင် ကြိုးစားရဖို့ ရှိနေပါတယ်။ပြီးခဲ့တဲ့ ဇန်နဝါရီမှာ ဘရူနိုကို နယူးကာဆယ်က လက်ဦးမှု ယူနိုင်ခဲ့ပေမယ့် လာမယ့်နွေရာသီမှာတော့ အာဆင်နယ်က တဖန်လက်ဦးမှု ယူနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။ သို့သော် သတင်းရင်းမြစ်အချို့ရဲ့အဆိုအရ  ဂွီမာရေးစ်ကို  အာဆင်နယ်တို့ဖက်က ကမ်းလှမ်းမှုမပြုခဲ့ဘူးလို့လည်းသိရပါတယ်။

Original Article Here

Advertisement

Leave a Reply

%d bloggers like this: