နောက်ဆုံးရ အာဆင်နယ် သတင်းများ (15Apr)

အခက်အခဲကြားကနေ သင်ယူနေကြောင်း လိုကွန်ဂါပြောကြားလာ

အာဆင်နယ်အသင်းရဲ့ ကွင်းလယ်လူ ဆမ်ဘီလိုကွန်ဂါက  သူ့အနေနဲ့ခက်ခဲတဲ့အခြေအနေတွေကအနေ သင်ယူနေကြောင်း ဆောက်သမ်တန်နဲ့ပွဲမတိုင်ခင်မှာ  ဆိုရှယ်မီဒီယာကနေတဆင့် ပြောကြားလာပါတယ်။

“ အခြေအနေတွေဟာ လွယ်ကူနေတယ်ဆိုရင်တော့ ကျွန်တော်တို့ဘာသင်ခန်းစာမှရမှာမဟုတ်ပါဘူး။ အခက်အခဲကြားကနေသာ ပိုမိုသင်ယူနိုင်တာပါ …. ကျွန်တော်တို့အတွက် အခက်အခဲတွေက သင်ယူဖို့ပါပဲ “  ဆိုပြီး ရေးသားလာတာဖြစ်ပါတယ်။ အာတီတာအနေနဲ့ရွေးချယ်စရာမရှိဖြစ်နေတဲ့ကွင်းလယ်အတွက် ဆမ်ဘီလိုကွန်ဂါနဲ့ အယ်နီနီတို့ကိုသာ သုံးစွဲရမှာဖြစ်ပါတယ်။

အိုစီမန်ကို ခေါ်ယူဖို့ အာဆင်နယ် ဦးဆောင်နေ

အာဆင်နယ်အသင်းဟာ အိုစီမန်ကို ခေါ်ယူဖို့အတွက်အလားအလာကောင်းတွေရရှိနေပြီး အမှန်တကယ်ခေါ်ယူနိုင်ခဲ့ပါက စံချိန်တင်ပြောင်းရွှေ့ကြေးရှင်ဖြစ်လာနိုင်ကြောင်း Gazetto Dello Sports က ရေးသားဖော်ပြလာပါတယ်။  ယခုနှစ်မှာအထူးခြေစွမ်းပြနေတဲ့နိုင်ဂျီးရီးယားသားကို နာပိုလီဖက်က ၈၄ သန်းခန့်လိုချင်နေတာဖြစ်ပြီး  စပါးနဲ့အာဆင်နယ်တို့ဟာ အပြိုင်ကြိုးပမ်းနေကြတာဖြစ်တယ်လို့ သိရပါတယ်။

အချင်းချင်းပြန်တွေ့ကြတော့မယ့် အာဆင်နယ်လူငယ်တွေ

Europa League ရဲ့ဆီမီးဖိုင်နယ်အဖြစ်  ဖီယင်နုဒ်နဲ့  မာလ်ဆေးအသင်းတို့တွေ့ဆုံကြမှာဖြစ်လို့  ဆာလီဘာ ၊ ဂွမ်ဒူဇီနဲ့ နယ်လ်ဆင်တို့ဟာ ပြိုင်ဖက်တွေအဖြစ်ပြန်လည်ရင်ဆိုင်သွားကြတော့မှာဖြစ်ပါတယ်။ တိုက်ဆိုင်စွာပဲ အစပိုင်းမှာ ခြေစွမ်းကျနေတဲ့ နယ်လ်ဆင်ကလည်း ဖီယင်နုဒ်နဲ့အတူ ခြေပြန်မှန်နေပြီး  ၊  ဂွမ်ဒူဇီကလည်း ဆီမီးတက်ရောက်စေဖို့အတွက် ဖန်တီးမှုတစ်ခုပြုလုပ်ခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့တာဖြစ်ပါတယ်။

လီနိုဆိုဆာကို အလျင်အမြန်တိုးတက်လာမယ့်သူအဖြစ်  Football London သုံးသပ်လာ

အသင်းကြီးနဲ့အတူ လေ့ကျင့်ရေးဆင်းနေရတဲ့ လူငယ်လေး လီနိုဆိုဆာဟာ  ဆာကာရဲ့လမ်းစဥ်ကိုလိုက်မယ့် နောက်ထပ်ကစားသမားဖြစ်နိုင်ကြောင်း Football London ရဲ့ဆောင်းပါးရှင်  တွန်ကန်တွန်က သုံးသပ်တင်ပြလာပါတယ်။ အဆိုပါ အသက် ၁၇ နှစ်အရွယ်လူငယ်လေးဟာ  ဝက်စ်ဘရွန်းကနေ ယခုရာသီမတိုင်ခင်ကရောက်ရှိလာသူဖြစ်ပြီး  U23 နဲ့အတူခြေစွမ်းပြနေနိုင်ပြီဖြစ်ပါတယ်။

အာဆင်နယ်အနေနဲ့ လူငယ်တွေကိုရောင်းမှာမဟုတ်ကြောင်း ကင်းဘဲလ်ပြောဆိုလာ

အာဆင်နယ်​ဂန္တဝင် ကီဗင်ကင်းဘဲလ်က   သူ့ရဲ့အသင်းဟောင်းဟာ လူငယ်တွေကိုရောင်းထုတ်မယ့်အသင်းမဟုတ်ကြောင်း Highbury Squad မှတဆင့်ပြောကြားလာပါတယ်။

“ သူတို့က ဆာကာကို ပေါင်သန်း ၁၀၀ လောက်နဲ့လဲရောင်းမှာမဟုတ်ပါဘူး ..  သူတို့တစ်စုံတစ်ရာကိုတည်ဆောက်နေကြပါတယ်။  ဆာကာကို ထွက်ခွာခွင့်ပေးရင်  အသင်းအတွက် ကောင်းတဲ့ကိစ္စဖြစ်လာဖို့မရှိပါဘူး။  နောက်ထပ်   ၂ နှစ်လောက်နေလို့ ဘာမှဆက်မဖြစ်လာဘူးဆိုရင်တော့  အာဆင်နယ်က  အချို့သောလူငယ်တွေကို ထုတ်ရောင်းချင်ရောင်းမှာပေါ့  “  လို့ပြောကြားပြီး အာဆင်နယ်အနေနဲ့ ကြိုးစားဖော်ဆောင်နေတဲ့အရာတွေ ခိုင်ခိုင်မာမာ ရှိကြောင်းသုံးသပ်ပြောကြားလာခဲ့ပါတယ်။

Advertisement

Leave a Reply

%d bloggers like this: